iMyanmarHouse.com - Best Property Website for Myanmar
×

၀မ္းဗိုက္ပိုင္းအဆီပိုမ်ားကို ေလွ်ာ့ခ်ရန္ အေကာင္းဆံုးနည္းလမ္းမွာ ကယ္လိ္ုရီနည္းေသာ အစားအစာမ်ား ပံုမွန္စားၿပီး ေလ့က်င့္ခန္း ျပဳ လုပ္ျခင္းပင္ျဖစ္သည္။ ဗိုက္ခ်ပ္ေစရန္ ကူညီေပးမည့္ အစားအေသာက္ မ်ားကို လမ္းၫႊန္ေပးလိုက္ပါသည္။

ဗာဒံေစ့တြင္ အေရျပားကို အားေကာင္းေစေသာ ဗီတာမင္အီးႏွင့္ ပ႐ိုတင္းဓာတ္တို႔သာ ႂကြယ္၀စြာ ပါ၀င္သည္မဟုတ္ဘဲ အခ်ိန္အေတာ္ၾကာ ဆာေလာင္မႈမျဖစ္ေစရန္ ကူညီမည့္ အမွ်င္ဓာတ္လည္း ပါ၀င္သည္။ ဗာဒံေစ့မ်ားမွာ ကယ္လိုရီပါ၀င္မႈ အနည္းငယ္ ျမင့္မားေသာ္လည္း ဗိုက္ေခါက္မထြက္ေစႏုိင္ေပ။ ဆာေလာင္ျခင္းကို တားဆီးရန္ သေရစာအျဖစ္ ဗာဒံေစ့လက္တစ္ဆုပ္စာေလာက္ စားလိုက္ပါ။

ဖရဲသီးမ်ားတြင္ ေရဓာတ္ ၈၂ ရာခိုင္ႏႈန္းပါ၀င္သျဖင့္ အခ်ိန္အၾကာႀကီး ဆာေလာင္မႈမရွိေစရန္ ကူညီေပးႏုိင္သည္။ ခႏၶာကိုယ္ထဲရွိ ပိုေနေသာ ဆုိဒီယမ္ဓာတ္မ်ားကို ဖယ္ရွားေပးသည္။ ဖရဲသီးတြင္ ဗီတာမင္စီလည္း ႂကြယ္၀စြာ ပါ၀င္ကာ တစ္ခြက္စာတြင္ ကယ္လိုရီ ၁၀၀ မွ်သာ ပါ၀င္သည္။ ထို႔ေၾကာင့္ ဖရဲသီးကို သေရစာအျဖစ္ စားေပးသင့္သည္။

ပဲမ်ား ပံုမွန္စားေပးျခင္းျဖင့္ ခႏၶာကိုယ္အဆီမ်ားကို ဖယ္ရွားရန္ ကူညီႏုိင္ၿပီး ႂကြက္သားမ်ား ဖံြ႕ၿဖိဳးလာကာ အစာေျခဖ်က္မႈကို အားေကာင္းေစသည့္ ပဲမ်ား စားသံုးျခင္းျဖင့္ အခ်ိန္အၾကာႀကီး ဗိုက္မဆာဘဲေနႏိုင္ မည္ျဖစ္သည္။

အစိမ္းေရာင္ရွိေသာ ဟင္းသီးဟင္းရြက္မ်ား အမ်ိဳးမ်ိဳးတြင္ ကယ္လိုရီပါ၀င္မႈ အလြန္နည္းပါးၿပီး အမွ်င္ဓာတ္ႏွင့္ ဗီတာမင္မ်ား၊ သတၱဳဓာတ္မ်ား ပါ၀င္သျဖင့္ အဆီေလွ်ာ့လိုသူမ်ား အထူးစားေပးသင့္သည္။

သခြားသီးမ်ားမွာ အလြန္ပင္ လန္းဆန္းေစၿပီး ကယ္လိုရီနည္းပါး ေသာ အစားအစာျဖစ္သည္။ သခြားသီးတြင္ ေရဓာတ္ ၉၆ ရာခိုင္ႏႈန္းခန္႔ ပါ၀င္သျဖင့္ အေအးဓာတ္ေပးေသာ အစားအစာျဖစ္သည္။ သခြားသီးတစ္လံုးလံုးတြင္ ကယ္လိုရီ ၄၅ သာ ပါ၀င္သျဖင့္ အဆီေလွ်ာ့ခ်လိုသူမ်ား စားေပးသင့္သည္။

ေထာပတ္သီးတြင္ အေရးပါေသာ အာဟာရဓာတ္မ်ား ႂကြယ္၀စြာ ပါ၀င္ၿပီး အမွ်င္ဓာတ္ႏွင့္က်န္းမာေစေသာ အဆီဓာတ္မ်ား ပါ၀င္၍ ဗိုက္သားအဆီကို လြယ္ကူစြာ ေလာင္ကြၽမ္းေစႏိုင္သည္။

နံနက္စာတြင္ ဂ်ံဳၾကမ္းပါ၀င္ေသာ အစားအစာမ်ား စားေပးျခင္းျဖင့္ ဗိုက္ျပည့္ေနမည္ျဖစ္ကာ အေလးခ်ိန္ေလွ်ာ့ခ်ရန္ ကူညီႏိုင္သည္။ ဂ်ံဳၾကမ္းမ်ားတြင္ ကယ္လိုရီပါ၀င္မႈနည္းသည့္အျပင္ ခႏၶာကိုယ္အတြက္စြမ္းအင္ကို ျဖည္းျဖည္းခ်င္းျဖစ္ေပၚေစသည္။ ေသြးထဲ ကိုလက္စထေရာပါ၀င္မႈ ကိုလည္း ေလ်ာ့က်ေစႏိုင္သည္။

ခႏၶာကိုယ္စနစ္ထဲရွိ အရည္ပိုမ်ား၊ အဆိပ္အေတာက္မ်ားကို ဖယ္ ရွားပစ္ရန္ ေရလံုေလာက္စြာ ေသာက္ပါ။ သင္၏ ခႏၶာကိုယ္ကို ေရဓာတ္ ေကာင္းစြာျဖည့္တင္းထားျခင္းျဖင့္ ၀မ္းဗိုက္ပိုင္းတြင္ အဆီမ်ား စုေ၀းမျဖစ္ေပၚေစရန္ ကူညီႏုိင္သည္။

ပန္းသီးမ်ားတြင္ အမွ်င္ဓာတ္ပါ၀င္ၿပီး အာဟာရဓာတ္မ်ား ပါ၀င္သျဖင့္ သင့္တင့္ေသာ ပမာဏအတုိင္း စားသံုးေပးသင့္သည္။

င႐ုတ္ေကာင္းစားေပးျခင္းျဖင့္ အစာေျခဖ်က္မႈဆိုင္ရာ အဂၤါမ်ားအတြက္ အထူးေကာင္းမြန္ၿပီး ၀မ္းဗိုက္ပိုင္းအဆီကို ဖယ္ရွားရန္လည္း ေကာင္းသည္။ အေရျပားသန္႔ရွင္းေနေစရန္လည္း င႐ုတ္ေကာင္း စားေပးသင့္သည္။

အထက္ပါ အစားအစာမ်ား ပံုမွန္စားေပးျခင္းအျပင္ ဗိုက္ေခါက္အဆီေလွ်ာ့ခ်လိုသူမ်ားအေနျဖင့္ ေလ့က်င့္ခန္း ပံုမွန္လုပ္ရန္ လိုအပ္သည္။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 ဝမ်းဗိုက်ပိုင်းအဆီပိုများကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းမှာ ကယ်လိုရီနည်းသော အစားအစာများ ပုံမှန်စားပြီး လေ့ကျင့်ခန်း ပြု လုပ်ခြင်းပင်ဖြစ်သည်။ ဗိုက်ချပ်စေရန် ကူညီပေးမည့် အစားအသောက် များကို လမ်းညွှန်ပေးလိုက်ပါသည်။


ဗာဒံစေ့တွင် အရေပြားကို အားကောင်းစေသော ဗီတာမင်အီးနှင့် ပရိုတင်းဓာတ်တို့သာ ကြွယ်ဝစွာ ပါဝင်သည်မဟုတ်ဘဲ အချိန်အတော်ကြာ ဆာလောင်မှုမဖြစ်စေရန် ကူညီမည့် အမျှင်ဓာတ်လည်း ပါဝင်သည်။ ဗာဒံစေ့များမှာ ကယ်လိုရီပါဝင်မှု အနည်းငယ် မြင့်မားသော်လည်း ဗိုက်ခေါက်မထွက်စေနိုင်ပေ။ ဆာလောင်ခြင်းကို တားဆီးရန် သရေစာအဖြစ် ဗာဒံစေ့လက်တစ်ဆုပ်စာလောက် စားလိုက်ပါ။

ဖရဲသီးများတွင် ရေဓာတ် ၈၂ ရာခိုင်နှုန်းပါဝင်သဖြင့် အချိန်အကြာကြီး ဆာလောင်မှုမရှိစေရန် ကူညီပေးနိုင်သည်။ ခန္ဓာကိုယ်ထဲရှိ ပိုနေသော ဆိုဒီယမ်ဓာတ်များကို ဖယ်ရှားပေးသည်။ ဖရဲသီးတွင် ဗီတာမင်စီလည်း ကြွယ်ဝစွာ ပါဝင်ကာ တစ်ခွက်စာတွင် ကယ်လိုရီ ၁၀၀ မျှသာ ပါဝင်သည်။ ထို့ကြောင့် ဖရဲသီးကို သရေစာအဖြစ် စားပေးသင့်သည်။

ပဲများ ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်အဆီများကို ဖယ်ရှားရန် ကူညီနိုင်ပြီး ကြွက်သားများ ဖွံ့ဖြိုးလာကာ အစာခြေဖျက်မှုကို အားကောင်းစေသည့် ပဲများ စားသုံးခြင်းဖြင့် အချိန်အကြာကြီး ဗိုက်မဆာဘဲနေနိုင် မည်ဖြစ်သည်။

အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ အမျိုးမျိုးတွင် ကယ်လိုရီပါဝင်မှု အလွန်နည်းပါးပြီး အမျှင်ဓာတ်နှင့် ဗီတာမင်များ၊ သတ္တုဓာတ်များ ပါဝင်သဖြင့် အဆီလျှော့လိုသူများ အထူးစားပေးသင့်သည်။

သခွားသီးများမှာ အလွန်ပင် လန်းဆန်းစေပြီး ကယ်လိုရီနည်းပါး သော အစားအစာဖြစ်သည်။ သခွားသီးတွင် ရေဓာတ် ၉၆ ရာခိုင်နှုန်းခန့် ပါဝင်သဖြင့် အအေးဓာတ်ပေးသော အစားအစာဖြစ်သည်။ သခွားသီးတစ်လုံးလုံးတွင် ကယ်လိုရီ ၄၅ သာ ပါဝင်သဖြင့် အဆီလျှော့ချလိုသူများ စားပေးသင့်သည်။

ထောပတ်သီးတွင် အရေးပါသော အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး အမျှင်ဓာတ်နှင့်ကျန်းမာစေသော အဆီဓာတ်များ ပါဝင်၍ ဗိုက်သားအဆီကို လွယ်ကူစွာ လောင်ကျွမ်းစေနိုင်သည်။

နံနက်စာတွင် ဂျုံကြမ်းပါဝင်သော အစားအစာများ စားပေးခြင်းဖြင့် ဗိုက်ပြည့်နေမည်ဖြစ်ကာ အလေးချိန်လျှော့ချရန် ကူညီနိုင်သည်။ ဂျုံကြမ်းများတွင် ကယ်လိုရီပါဝင်မှုနည်းသည့်အပြင် ခန္ဓာကိုယ်အတွက်စွမ်းအင်ကို ဖြည်းဖြည်းချင်းဖြစ်ပေါ်စေသည်။ သွေးထဲ ကိုလက်စထရောပါဝင်မှု ကိုလည်း လျော့ကျစေနိုင်သည်။

ခန္ဓာကိုယ်စနစ်ထဲရှိ အရည်ပိုများ၊ အဆိပ်အတောက်များကို ဖယ် ရှားပစ်ရန် ရေလုံလောက်စွာ သောက်ပါ။ သင်၏ ခန္ဓာကိုယ်ကို ရေဓာတ် ကောင်းစွာဖြည့်တင်းထားခြင်းဖြင့် ဝမ်းဗိုက်ပိုင်းတွင် အဆီများ စုဝေးမဖြစ်ပေါ်စေရန် ကူညီနိုင်သည်။

ပန်းသီးများတွင် အမျှင်ဓာတ်ပါဝင်ပြီး အာဟာရဓာတ်များ ပါဝင်သဖြင့် သင့်တင့်သော ပမာဏအတိုင်း စားသုံးပေးသင့်သည်။

ငရုတ်ကောင်းစားပေးခြင်းဖြင့် အစာခြေဖျက်မှုဆိုင်ရာ အင်္ဂါများအတွက် အထူးကောင်းမွန်ပြီး ဝမ်းဗိုက်ပိုင်းအဆီကို ဖယ်ရှားရန်လည်း ကောင်းသည်။ အရေပြားသန့်ရှင်းနေစေရန်လည်း ငရုတ်ကောင်း စားပေးသင့်သည်။

အထက်ပါ အစားအစာများ ပုံမှန်စားပေးခြင်းအပြင် ဗိုက်ခေါက်အဆီလျှော့ချလိုသူများအနေဖြင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ရန် လိုအပ်သည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top