iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးမ်ားအတြက္ အတြင္းခံဝတ္ဆင္ျခင္းက က်န္းမာေရးအတြက္ေရာ အလွအပအတြက္ပါ ကာကြယ္ထားျခင္း တစ္မ်ဳိးလုိ႔ သတ္မွတ္ႏုိင္ပါတယ္။ ဒါေပမယ့္ အတြင္းခံေဘာင္းဘီနဲ႔ ပတ္သက္ျပီး သတိမမူခဲ့ရင္ေတာ့ က်န္းမာေရး ျပႆနာ ဆုိးဆုိးရြားရြားေတြကို ရင္ဆုိင္ရႏုိင္ပါတယ္။ ဆီးလမ္းေၾကာင္းပုိးဝင္တာ၊ မႈိေရာဂါေတြက အတြင္းခံေဘာင္းဘီေၾကာင့္ ျဖစ္ေစတတ္တဲ့ ေရာဂါေတြျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေရာဂါေတြရဲ႕ ေနာက္မွာ သားအိမ္ေရာဂါေတြနဲ႔ သားသမီးမရႏုိင္တဲ့အထိ ျဖစ္ေစႏုိင္တယ္ဆိုတဲ့ ဆိုးက်ဳိးေတြရွိတယ္ဆုိတာ သိထားသင့္ပါတယ္။ ဒါေၾကာင့္ အတြင္းခံေဘာင္းဘီနဲ႔ ပတ္သက္ျပီး မိန္းကေလးေတြလုပ္ေလ့ရွိတဲ့ အမွားေလးေတြကို ေျပာျပခ်င္ပါတယ္။

(၁) - ခၽြးဆုိေနတဲ့ အတြင္းခံေတြကို မလဲတာ
 အားကစားလုပ္ျပီးတဲ့အခါမွာ အမ်ားစုက အားကစားဝတ္စုံကိုပဲ လဲျပီး အတြင္းခံေတြကို မလဲဘဲ ထပ္ဝတ္တတ္ပါတယ္။ ဘက္တီးရီးယားပိုးေတြက ေႏြးျပီး စုိစြတ္တဲ့ ေမွာင္ေနတဲ့ ပတ္ဝန္းက်င္ကို သေဘာက်ၾကပါတယ္။ဒီလုိ ေနရာေတြမွာ ဘက္တီးရီးယားပိုးေတြက အရွိန္အဟုန္နဲ႔ ေပါက္ပြားႏုိင္တဲ့အတြက္ ေခၽြးနဲ႔စိုစြတ္ေနတဲ့ အတြင္းခံေတြက ဘက္တီးရီးယားေတြနဲ႔ မႈိေတြေပါက္ပြားရာေနရာၾကီးတစ္ခု ျဖစ္သြားတတ္ပါတယ္။

(၂) လွတဲ့ အတြင္းခံေတြကို ေရြးဝယ္တာ
ေန႔စဥ္ဝတ္မယ့္အတြင္းခံေတြကို ဝယ္မယ္ဆုိရင္ ေလဝင္ေလထြက္ေကာင္းတဲ့ ခ်ည္ထည္ေတြကုိ ေရြးတာ အေကာင္းဆုံးျဖစ္ပါတယ္။ ခ်ည္သားမဟုတ္တဲ့ အလွအပ ဦးစားေပး အတြင္းခံေတြက တခါတေလဝတ္ရင္ ျပႆနာသိပ္မရွိႏုိင္ေပမဲ့ အျမဲဝတ္မယ္ဆုိရင္ေတာ့ အေရျပားကို ပူေလာင္ေစျပီး ယားနာေတြ ျဖစ္ေစႏုိင္ပါတယ္။ ပုိးဝင္တာေတြကိုလည္း ျဖစ္ေစႏုိင္ပါတယ္။

(၃) အတြင္းခံေတြကုိ ထပ္ကာထပ္ကာဝတ္တာ
မိန္းကေလးေတြက အလုပ္မအားတာ၊ ပ်င္းတာစတဲ့ အေၾကာင္းအမ်ဳိးမ်ဳိးေတြေၾကာင့္ အတြင္းခံေတြကို မေလွ်ာ္ဘဲ အၾကိမ္ၾကိမ္ဝတ္ေလ့တတ္ၾကပါတယ္။ လူမျမင္တဲ့အရာေတြျဖစ္တဲ့အတြက္ အေရးမၾကီးဘူးလို႔ ယူဆတဲ့သူေတြလည္း ရွိပါတယ္။ ေနာက္ျပီး အတြင္းခံေတြကုိ မေလွ်ာ္ဘဲ စုထားျပီး တစ္ပတ္တစ္ခါ အလုပ္အားခ်ိန္မွ ေလွ်ာ္တဲ့အက်င့္ကလည္း မလုပ္သင့္ပါဘူး။ စိုစြတ္တဲ့ အတြင္းခံေတြလုိပဲ ညစ္ေပေနတဲ့ အတြင္းခံေတြကလည္း ဆီးလမ္းေၾကာင္းေရာဂါ၊ အျဖဴဆင္းတာ၊ မိန္းမကိုယ္ယားယံတာေတြကတဆင့္ ေရာင္ရမ္းပိုးဝင္တာေတြအထိ ျဖစ္ေစတတ္ပါတယ္။

(၄) အရမ္းက်ပ္ေနတဲ့ အတြင္းခံေတြဝတ္တာ
အေရျပားမွာ အရာထင္ေလာက္ေအာင္ က်ပ္တဲ့ အတြင္းခံ ေဘာင္းဘီေတြက ေလဝင္ေလထြက္မေကာင္းသလုိ သက္ေတာင့္သက္တာလည္း မျဖစ္ေစပါဘူး။ ဒါေပမဲ့ တင္းရင္းျပီး လွခ်င္စိတ္နဲ႔ ကိုယ္နဲ႔ မေတာ္တဲ့ အရြယ္အစားကို ေရြးခ်ယ္မိရင္ ယားယံတာ၊ ပိုးဝင္တာေတြ ျဖစ္ေစႏုိင္ပါတယ္။ေနာက္တစ္ခ်က္က တံဆိပ္ကို အဓိကမထားဘဲ ကိုယ္နဲ႔သင့္ေတာ္မယ့္ အရြယ္အစား၊ က်န္းမာေရးနဲ႔ ညီတဲ့ ပိတ္စကို သုံးထားတဲ့ သက္ေတာင့္သက္တာရွိမယ့္ ေဘာင္းဘီမ်ဳိးကုိပဲ ေရြးသင့္ပါတယ္။

(၅) အေမႊးနံ႔ပါတဲ့ ဆပ္ျပာကိုသုံးတာ
 တစ္ခါတစ္ေလမွာ အနံံ႔ေမႊးတဲ့ အဝတ္ေလွ်ာ္ဆပ္ျပာေတြက ဓာတုပစၥည္းပါဝင္မႈ ပုိမ်ားတဲ့အတြက္ အေရျပား ယားယံတာေတြျဖစ္ေစပါတယ္။ ဒါေၾကာင့္ အတြင္းခံေဘာင္းဘီ အက်ၤီေတြကို ေလွ်ာ္တဲ့အခါမွာ အနံ႔ေမႊးၾကိဳင္ဖို႔ထက္ သန္႔ရွင္းဖုိ႔ကိုပဲ ဦးစားေပးသင့္ပါတယ္။

Credit:Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးများအတွက် အတွင်းခံဝတ်ဆင်ခြင်းက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကာကွယ်ထားခြင်း တစ်မျိုးလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သတိမမူခဲ့ရင်တော့ ကျန်းမာရေး ပြဿနာ ဆိုးဆိုးရွားရွားတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာ၊ မှိုရောဂါတွေက အတွင်းခံဘောင်းဘီကြောင့် ဖြစ်စေတတ်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ဒါ့အပြင် ဒီရောဂါတွေရဲ့ နောက်မှာ သားအိမ်ရောဂါတွေနဲ့ သားသမီးမရနိုင်တဲ့အထိ ဖြစ်စေနိုင်တယ်ဆိုတဲ့ ဆိုးကျိုးတွေရှိတယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါကြောင့် အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး မိန်းကလေးတွေလုပ်လေ့ရှိတဲ့ အမှားလေးတွေကို ပြောပြချင်ပါတယ်။

(၁) - ချွးဆိုနေတဲ့ အတွင်းခံတွေကို မလဲတာ
 အားကစားလုပ်ပြီးတဲ့အခါမှာ အများစုက အားကစားဝတ်စုံကိုပဲ လဲပြီး အတွင်းခံတွေကို မလဲဘဲ ထပ်ဝတ်တတ်ပါတယ်။ ဘက်တီးရီးယားပိုးတွေက နွေးပြီး စိုစွတ်တဲ့ မှောင်နေတဲ့ ပတ်ဝန်းကျင်ကို သဘောကျကြပါတယ်။ဒီလို နေရာတွေမှာ ဘက်တီးရီးယားပိုးတွေက အရှိန်အဟုန်နဲ့ ပေါက်ပွားနိုင်တဲ့အတွက် ချွေးနဲ့စိုစွတ်နေတဲ့ အတွင်းခံတွေက ဘက်တီးရီးယားတွေနဲ့ မှိုတွေပေါက်ပွားရာနေရာကြီးတစ်ခု ဖြစ်သွားတတ်ပါတယ်။

(၂) လှတဲ့ အတွင်းခံတွေကို ရွေးဝယ်တာ
နေ့စဉ်ဝတ်မယ့်အတွင်းခံတွေကို ဝယ်မယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ ချည်ထည်တွေကို ရွေးတာ အကောင်းဆုံးဖြစ်ပါတယ်။ ချည်သားမဟုတ်တဲ့ အလှအပ ဦးစားပေး အတွင်းခံတွေက တခါတလေဝတ်ရင် ပြဿနာသိပ်မရှိနိုင်ပေမဲ့ အမြဲဝတ်မယ်ဆိုရင်တော့ အရေပြားကို ပူလောင်စေပြီး ယားနာတွေ ဖြစ်စေနိုင်ပါတယ်။ ပိုးဝင်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၃) အတွင်းခံတွေကို ထပ်ကာထပ်ကာဝတ်တာ
မိန်းကလေးတွေက အလုပ်မအားတာ၊ ပျင်းတာစတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် အတွင်းခံတွေကို မလျှော်ဘဲ အကြိမ်ကြိမ်ဝတ်လေ့တတ်ကြပါတယ်။ လူမမြင်တဲ့အရာတွေဖြစ်တဲ့အတွက် အရေးမကြီးဘူးလို့ ယူဆတဲ့သူတွေလည်း ရှိပါတယ်။ နောက်ပြီး အတွင်းခံတွေကို မလျှော်ဘဲ စုထားပြီး တစ်ပတ်တစ်ခါ အလုပ်အားချိန်မှ လျှော်တဲ့အကျင့်ကလည်း မလုပ်သင့်ပါဘူး။ စိုစွတ်တဲ့ အတွင်းခံတွေလိုပဲ ညစ်ပေနေတဲ့ အတွင်းခံတွေကလည်း ဆီးလမ်းကြောင်းရောဂါ၊ အဖြူဆင်းတာ၊ မိန်းမကိုယ်ယားယံတာတွေကတဆင့် ရောင်ရမ်းပိုးဝင်တာတွေအထိ ဖြစ်စေတတ်ပါတယ်။

(၄) အရမ်းကျပ်နေတဲ့ အတွင်းခံတွေဝတ်တာ
အရေပြားမှာ အရာထင်လောက်အောင် ကျပ်တဲ့ အတွင်းခံ ဘောင်းဘီတွေက လေဝင်လေထွက်မကောင်းသလို သက်တောင့်သက်တာလည်း မဖြစ်စေပါဘူး။ ဒါပေမဲ့ တင်းရင်းပြီး လှချင်စိတ်နဲ့ ကိုယ်နဲ့ မတော်တဲ့ အရွယ်အစားကို ရွေးချယ်မိရင် ယားယံတာ၊ ပိုးဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်က တံဆိပ်ကို အဓိကမထားဘဲ ကိုယ်နဲ့သင့်တော်မယ့် အရွယ်အစား၊ ကျန်းမာရေးနဲ့ ညီတဲ့ ပိတ်စကို သုံးထားတဲ့ သက်တောင့်သက်တာရှိမယ့် ဘောင်းဘီမျိုးကိုပဲ ရွေးသင့်ပါတယ်။

(၅) အမွှေးနံ့ပါတဲ့ ဆပ်ပြာကိုသုံးတာ
 တစ်ခါတစ်လေမှာ အနံံ့မွှေးတဲ့ အဝတ်လျှော်ဆပ်ပြာတွေက ဓာတုပစ္စည်းပါဝင်မှု ပိုများတဲ့အတွက် အရေပြား ယားယံတာတွေဖြစ်စေပါတယ်။ ဒါကြောင့် အတွင်းခံဘောင်းဘီ အကျၤီတွေကို လျှော်တဲ့အခါမှာ အနံ့မွှေးကြိုင်ဖို့ထက် သန့်ရှင်းဖို့ကိုပဲ ဦးစားပေးသင့်ပါတယ်။

Credit:Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top