iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်ာၤးေလးတစ္ေယာက္ က မိန္းကေလး တစ္ေယက္ကို ပိုးပန္းၿပီး ခ်စ္ေရးဆိုတဲ့အခါမွာ ျငင္းပယ္ခံရတယ္ဆိုတာဟာ ျဖစ္ေလ့ရွိပါတယ္။ အေရးႀကီးတာကေတာ့ ထို ျငင္းပယ္ခံရျခင္း ေတြဆီကေန အေတြ႔အႀကံဳယူ သင္ၾကားဖို႔ပါပဲ။ အဲဒါမွသာ ျပင္ဆင္သင့္တာကို ျပင္ဆင္ၿပီး လူပ်ိဳႀကီး အျဖစ္ အရိုးထုတ္ရမယ့္ အေျခအေနက လြတ္ေျမာက္ေအာင္ ႀကိဳးစားႏိုင္မွာပါ။ သူမ ဘာလို႔ သင့္ ခ်ဥ္းကပ္မႈေတြကို ျငင္းပယ္ခဲ့တာလည္း။ ဘာေတြမွားေနလို႔လည္း?ဒီထက္အဆင္ေျပေအာင္ဘယ္လိုလုပ္ရမလဲ  စသျဖင့္ စဥ္းစားရမွာပါ။ မိန္းကေလးတစ္ေယာက္က ေယာက်ာၤးေလးတစ္ေယာက္ရဲ ႔ခ်ဥ္းကပ္မႈ ကို ျငင္းပယ္ရတဲ့ ေယဘူယ် အေၾကာင္းအရင္း ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သူ႔မွာ ခ်စ္ရတဲ့သူရွိေနလို႔ပါ

သူ႔မွာ ခ်စ္သူေကာင္ေလး ရွိေနမယ္ ၊ ဒါမွ မဟုတ္ တစ္ေယာက္ေယာက္ကို ႀကိတ္ေၾကြေနမယ္ ၊ ဒါမွ မဟုတ္ ရည္းစားေဟာင္း ကို မေမ့ႏိုင္ျဖစ္ေနမယ္ဆိုရင္ေတာ့ သင့္ ခ်ဥ္းကပ္မႈေတြကို သူမ ဘက္က လက္ခံမွာ မဟုတ္ပါဘူး။

၂။ သင့္အၾကည့္ေတြက သူမအတြက္ မတိုးလို႔ပါ

တစ္နည္းအားျဖင့္ေျပာရမယ္ဆိုရင္ေတာ့ သင္ဟာ သူမလိုခ်င္တဲ့ ေယာက်ာၤးေလး အမ်ိဳးအစားထဲက မဟုတ္လို႔ပါ။ ရုပ္ပိုင္းဆိုင္ရာ ျပႆနာလည္း ျဖစ္ပါတယ္။ သင္ဟာ ေဂ်ာ့ဂ်္ ကလူးေနး တို႔ ၊ ဘရက္ပစ္ တို႔လို ေခ်ာေမာခန္႔ညားေနဖို႔ မလိုေပမယ့္ ေကာင္းမြန္စြာ ၀တ္စား တတ္ဖို႔ ၊ ေကာင္းမြန္တဲ့ ကိုယ္သင္းရနံ႔ ရွိဖို႔ နဲ႔ စမတ္က်က် ေနထိုင္တတ္ဖို႔ေတာ့ လိုပါလိမ့္မယ္။

၃။ သင့္ခ်ဥ္းကပ္မႈေတြက သူမ ကို အာရံုေနာက္ေစလို႔ပါ

ေကာင္မေလး တစ္ေယာက္ကို ပိုးပန္းဖို႔ ခ်ဥ္းကပ္တဲ့အခါမွာ အေျခအေနနဲ႔ အခ်ိန္အခါကို ၾကည့္ရပါတယ္။ ပထမဆံုး စကားသြားေျပာတဲ့အခ်ိန္မွာ သူမက စိတ္ရႈ႔ပ္ေနတဲ့အခ်ိန္ မ်ိဳးနဲ႔ ႀကံဳရင္ေတာ့ ေနာက္တစ္ႀကိမ္ စကားသြားေျပာရင္လည္း ထပ္ၿပီး ျငင္းပယ္ခံရႏိုင္ပါတယ္။

၄။ သူမကို အေလးထားေၾကာင္း မျပသႏိုင္တ့ဲအခါ

သူမဘက္က စကားေတြ ျပန္ေျပာေနေပမယ့္လည္း သင္က ျဖတ္သြားျဖတ္လာေတြအေပၚပဲ စိတ္ေရာက္ေနမယ္ ဆိုရင္ေတာ့ သူမရဲ ႔ စိတ္၀င္စားမႈေတြကို ဆံုးရံႈးလိုက္ရပါလိမ့္မယ္။ မိန္းကေလးတစ္ေယာက္နဲ႔ စကားေျပာတဲ့အခါ မ်ားေသာအားျဖင့္ သူမရဲ ႔ အေၾကာင္းေတြကို ေမးခြန္းထုတ္ၾကပါတယ္။ အဲဒါဆိုရင္လည္း သူမဘက္က ျပန္လည္ ေျပာျပတဲ့အခါမွာ အာရံုစိုက္နားေထာင္ေနဖို႔ေတာ့ လိုပါလိမ့္မယ္။ ဒါမွသာ သူမဘက္က သင့္ရဲ ႔ အေလးထားမႈကို ခံစားမိမွာပါ။

၅။ သင့္မွာ နာမည္ပ်က္ရွိေနတဲ့အခါ

သင္ဟာ လူမႈကြန္ရက္ေပၚမွာျဖစ္ေစ ၊ သက္ဆိုင္ရာ နယ္ပယ္မွာ ျဖစ္ေစ မေကာင္းတဲ့ သတင္းေတြ ထြက္ေပၚေနတာကို ေကာင္မေလးဘက္က သိထားတယ္ဆိုရင္ သင့္ခ်ဥ္းကပ္မႈေတြကို သူမက အသိအမွတ္ျပဳမွာ မဟုတ္ပါဘူး။ ဒါကို ေျဖရွင္းဖို႔နည္းလမ္းကေတာ့ သူမၾကားထားတဲ့ သတင္းေတြနဲ႔ ဆန္႔က်င္ဘက္ ျဖစ္တဲ့အရာေတြကို သူမ ျမင္သာ ေအာင္ လုပ္ျပဖို႔ပဲ ရွိပါတယ္။

၆။ သင္ဟာ သူမကို အေပ်ာ္ႀကံေနမွန္း ရုပ္ေပါက္တဲ့အခါ

ဒါကိုေတာ့ ေျဖရွင္းႏိုင္မယ့္ နည္းလမ္းမရွိပါဘူး။ သင္ အေပ်ာ္ႀကံဖို႔ ႀကိဳးစားတဲ့ မိန္းကေလး ကသင့္ခ်ဥ္းကပ္မႈကို ျငင္းပယ္ေနၿပီဆိုရင္ေတာ့ သင္လူမွားၿပီး အေပ်ာ္ႀကံမိသြားပါၿပီ။

Credit: Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version
ယောကျာၤးလေးတစ်ယောက် က မိန်းကလေး တစ်ယေက်ကို ပိုးပန်းပြီး ချစ်ရေးဆိုတဲ့အခါမှာ ငြင်းပယ်ခံရတယ်ဆိုတာဟာ ဖြစ်လေ့ရှိပါတယ်။ အရေးကြီးတာကတော့ ထို ငြင်းပယ်ခံရခြင်း တွေဆီကနေ အတွေ့အကြုံယူ သင်ကြားဖို့ပါပဲ။ အဲဒါမှသာ ပြင်ဆင်သင့်တာကို ပြင်ဆင်ပြီး လူပျိုကြီး အဖြစ် အရိုးထုတ်ရမယ့် အခြေအနေက လွတ်မြောက်အောင် ကြိုးစားနိုင်မှာပါ။ သူမ ဘာလို့ သင့် ချဉ်းကပ်မှုတွေကို ငြင်းပယ်ခဲ့တာလည်း။ ဘာတွေမှားနေလို့လည်း?ဒီထက်အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲ  စသဖြင့် စဉ်းစားရမှာပါ။ မိန်းကလေးတစ်ယောက်က ယောကျာၤးလေးတစ်ယောက်ရဲ့ချဉ်းကပ်မှု ကို ငြင်းပယ်ရတဲ့ ယေဘူယျ အကြောင်းအရင်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူ့မှာ ချစ်ရတဲ့သူရှိနေလို့ပါ

သူ့မှာ ချစ်သူကောင်လေး ရှိနေမယ် ၊ ဒါမှ မဟုတ် တစ်ယောက်ယောက်ကို ကြိတ်ကြွေနေမယ် ၊ ဒါမှ မဟုတ် ရည်းစားဟောင်း ကို မမေ့နိုင်ဖြစ်နေမယ်ဆိုရင်တော့ သင့် ချဉ်းကပ်မှုတွေကို သူမ ဘက်က လက်ခံမှာ မဟုတ်ပါဘူး။

၂။ သင့်အကြည့်တွေက သူမအတွက် မတိုးလို့ပါ

တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ သင်ဟာ သူမလိုချင်တဲ့ ယောကျာၤးလေး အမျိုးအစားထဲက မဟုတ်လို့ပါ။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်ပါတယ်။ သင်ဟာ ဂျော့ဂျ် ကလူးနေး တို့ ၊ ဘရက်ပစ် တို့လို ချောမောခန့်ညားနေဖို့ မလိုပေမယ့် ကောင်းမွန်စွာ ဝတ်စား တတ်ဖို့ ၊ ကောင်းမွန်တဲ့ ကိုယ်သင်းရနံ့ ရှိဖို့ နဲ့ စမတ်ကျကျ နေထိုင်တတ်ဖို့တော့ လိုပါလိမ့်မယ်။

၃။ သင့်ချဉ်းကပ်မှုတွေက သူမ ကို အာရုံနောက်စေလို့ပါ

ကောင်မလေး တစ်ယောက်ကို ပိုးပန်းဖို့ ချဉ်းကပ်တဲ့အခါမှာ အခြေအနေနဲ့ အချိန်အခါကို ကြည့်ရပါတယ်။ ပထမဆုံး စကားသွားပြောတဲ့အချိန်မှာ သူမက စိတ်ရှု့ပ်နေတဲ့အချိန် မျိုးနဲ့ ကြုံရင်တော့ နောက်တစ်ကြိမ် စကားသွားပြောရင်လည်း ထပ်ပြီး ငြင်းပယ်ခံရနိုင်ပါတယ်။

၄။ သူမကို အလေးထားကြောင်း မပြသနိုင်တဲ့အခါ

သူမဘက်က စကားတွေ ပြန်ပြောနေပေမယ့်လည်း သင်က ဖြတ်သွားဖြတ်လာတွေအပေါ်ပဲ စိတ်ရောက်နေမယ် ဆိုရင်တော့ သူမရဲ့ စိတ်ဝင်စားမှုတွေကို ဆုံးရှုံးလိုက်ရပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်နဲ့ စကားပြောတဲ့အခါ များသောအားဖြင့် သူမရဲ့ အကြောင်းတွေကို မေးခွန်းထုတ်ကြပါတယ်။ အဲဒါဆိုရင်လည်း သူမဘက်က ပြန်လည် ပြောပြတဲ့အခါမှာ အာရုံစိုက်နားထောင်နေဖို့တော့ လိုပါလိမ့်မယ်။ ဒါမှသာ သူမဘက်က သင့်ရဲ့ အလေးထားမှုကို ခံစားမိမှာပါ။

၅။ သင့်မှာ နာမည်ပျက်ရှိနေတဲ့အခါ

သင်ဟာ လူမှုကွန်ရက်ပေါ်မှာဖြစ်စေ ၊ သက်ဆိုင်ရာ နယ်ပယ်မှာ ဖြစ်စေ မကောင်းတဲ့ သတင်းတွေ ထွက်ပေါ်နေတာကို ကောင်မလေးဘက်က သိထားတယ်ဆိုရင် သင့်ချဉ်းကပ်မှုတွေကို သူမက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါကို ဖြေရှင်းဖို့နည်းလမ်းကတော့ သူမကြားထားတဲ့ သတင်းတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့အရာတွေကို သူမ မြင်သာ အောင် လုပ်ပြဖို့ပဲ ရှိပါတယ်။

၆။ သင်ဟာ သူမကို အပျော်ကြံနေမှန်း ရုပ်ပေါက်တဲ့အခါ

ဒါကိုတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိပါဘူး။ သင် အပျော်ကြံဖို့ ကြိုးစားတဲ့ မိန်းကလေး ကသင့်ချဉ်းကပ်မှုကို ငြင်းပယ်နေပြီဆိုရင်တော့ သင်လူမှားပြီး အပျော်ကြံမိသွားပါပြီ။

Credit: Trend Myanmar



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top