iMyanmarHouse.com - Best Property Website for Myanmar
×





ဂျူလီယာရောဘတ်၏ မိတ် ဆွေမင်းသားကြီး ဂျော့ခ်ျကလူနီ ကလည်း ယင်းရုပ်ရှင်ကား ထုတ် လုပ်ရေး စိတ်ဝင်စားနေကြောင်း သိရသည်။


Credit : 7 day daily



#Unicode Version

စာရေး ဆရာမ ကယ်လီပီတာ၏ I'll Get You! စာအုပ်ကို အခြေခံရိုက်ကူး မည့် ရုပ်ရှင်ဇာတ်ကားကို Pretty Woman ရုပ်ရှင်ကြယ်ပွင့် ဂျူလီယာရောဘတ်ကိုယ်တိုင် သရုပ်ဆောင်ပြီး ထုတ်လုပ်မည်ဖြစ် ကြောင်း သိရသည်။

ကယ်လီသည် မိဘဆရာ အသင်းဥက္ကဋ္ဌဖြစ်ပြီး အော်ရိန်း ကောင်တီဒေသရှိ သမီးဖြစ်သူ၏ မူလတန်းကျောင်းတွင် လုပ်အား ပေးခဲ့သည်။ ထိုသို့တာဝန်ထမ်း ဆောင်စဉ် အမျိုးသမီးတစ်ဦး၏ သားကို ကျောင်းဆင်းချိန် လာ ရောက်ခေါ်ဆောင်ရာတွင် စောင့် နေခိုင်းခဲ့သည်ဟု စွပ်စွဲခံရပြီး နောက် ကျောင်းသားမိဘတစ်ဦး နှင့် အချင်းများခဲ့သည်။

ယင်းဖြစ်ရပ်ပြီးနောက် အဆိုပါအမျိုးသမီး၊ ၎င်း၏အမျိုးသား၊ ရှေ့နေဂျေးလ်နှင့် ကန့်အီစတာတို့ က ကယ်လီကို မိဘဆရာအသင်း မှ ထုတ်ပယ်ရန် တောင်းဆိုကာ တရားစွဲပြီး ၎င်း၏ကားထဲတွင် မူးယစ်ဆေးဝါးများထည့်ကာ အမှု ဆင်ရန် ကြိုးစားခဲ့သည်။

ကယ်လီဖမ်းဆီးခံရပြီးမှ ယင်းလင်မယားကို ရာဇဝတ်မှုစွဲ ချက်များဖြင့် တရားစွဲနိုင်ခဲ့ပြီး ကန်ဒေါ်လာ ၅ ဒသမ ၇ သန်းနစ်နာကြေးရရှိခဲ့သည်။

ဂျူလီယာရောဘတ်၏ မိတ် ဆွေမင်းသားကြီး ဂျော့ချ်ကလူနီ ကလည်း ယင်းရုပ်ရှင်ကား ထုတ် လုပ်ရေး စိတ်ဝင်စားနေကြောင်း သိရသည်။

ဂျူလီယာရောဘတ်သည် ၂၀၀၀ ပြည့်နှစ်က ဖြစ်ရပ်မှန် Erin Brockovich ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ပြီး အော်စကာ ဆု ရရှိခဲ့သည်။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top