iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Trend Myanmar



Unicode Version

ထမင်းစားပြီးပြီးချင်း ရေခဲရေတစ်ခွက်လောက် သောက်ချင်စိတ်ဖြစ်တတ်ကြတယ်မဟုတ်လား။ အဲ့ဒီလိုအချိန် သောက်ချင်စိတ်ဖြစ်လာတိုင်း  ဆီပူကြော်ထားတဲ့ ဒယ်အိုးထဲ ရေအေးလောင်ချလိုက်တဲ့အခါ ဘာဖြစ်သွားလဲဆိုတာ သတိရလိုက်ပါ။ ခန္ဓာကိုယ်ထဲမှာလည်း အဲဒီအတိုင်း ဖြစ်ပျက်နေတာပါ။ စားလိုက်တဲ့ အစာထဲမှာပါတဲ့ အဆီတွေဟာ ရေခဲရေကြောင့် အစာအိမ်ထဲ ပစ်ခဲသွားစေမှာဖြစ်ပါတယ်။

ဒါကြောင့် ထမင်းစားပြီး ရေခဲရေသောက်တာဟာ အစာကြေဖို့ ပိုမိုခက်ခဲပြီး ပုံမှန်ထက် နှေးကွေးသွားပါလိမ့်မယ်။ အစာချေတဲ့အက်စစ်နဲ့ ထိတွေ့လိုက်တဲ့အခါ ပျစ်ခဲသွားတဲ့အဆီက အလွယ်တကူအရည်ပျော်ပြီး အူသိမ်ထဲကို လျင်မြန်စွာ စုပ်ယူခံလိုက်ရပါတယ်။ အဲဒီနည်းနဲ့ အဆီတွေက အူတွေရဲ့အလုပ်အပြင် တခြားသောအင်္ဂါရပ်တွေရဲ့ လုပ်ငန်းကိုပါ အဟန့်အတားဖြစ်စေပါတယ်။

ဒီအချက်တွေကြောင့် ကင်ဆာရောဂါအပါအဝင် မတူညီကွဲပြားတဲ့ ရောဂါတွေနဲ့ နေထိုင်မကောင်းဖြစ်မှုတွေကို ဖန်တီးဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ ထမင်းစားပြီးပြီးချင်း တစ်ခုခု သောက်ချင်တယ်ဆိုရင်တောင် ဟင်းချိုပူပူနွေးနွေး၊ ရေနွေးတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်သာ သောက်သုံးသင့်ပါတယ်။



Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top