iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Trend Myanmar



Unicode Version

ပန်းဂေါ်ဖီစိမ်း တစ်ပတ် ၃ ကြိမ်ကနေ ၅ ကြိမ် စားသုံးခြင်းက ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ပန်းနာရောဂါ အန္တရာယ်ကိုတောင် လျှော့နည်းစေနိုင်ကြောင်း University of Illinois က လေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ phenolics လို့သိရတဲ့ ကျန်းမာရေးအထောက်အကူပြုဒြပ်ပေါင်းတွေ အပြည့်အဝပါဝင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းစားတဲ့အခါ ဖင်နိုလ်လစ်ခ်ဒြပ်ပေါင်းတွေ သွေးကြောထဲ စိမ့်ဝင်ကာ ရောင်ရမ်းကိုက်ခဲမှုကို လျှော့နည်းစေပါတယ်။ နာကျင်ရောင်ရမ်းမှုက နာတာရှည်ရောဂါနဲ့ ပတ်သက်မှုမကင်းပါဘူး။ ပန်းဂေါ်ဖီစိမ်းနဲ့ တခြားဖင်နိုလ်လစ်ခ်ဒြပ်ပေါင်းကြွယ်ဝတဲ့ အစားအစာတွေ ပိုစားသုံးသူတွေ ရောဂါအန္တရာယ် ပိုနည်းကြတယ်လို့ သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီ့အပြင် University of Illinois က သုတေသီတွေက သူတို့မှာ ပန်းဂေါ်ဖီစိမ်းရဲ့ အများဆုံးကင်ဆာရောဂါတိုက်ဖျက်နိုင်မှု လျို့ဝှက်ချက် ရှိကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ပန်းဂေါ်ဖီစိမ်း ချက်ပြုတ်ပြင်ဆင်နည်းအကောင်းဆုံးက ပန်းဂေါ်ဖီစိမ်းနူးအောင် ၃၊ ၄ မိနစ်ခန့် ပြုတ်ပေးရပါမယ်လို့ အကြံပြုထားပါတယ်။

Credit : Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top