iMyanmarHouse.com - Best Property Website for Myanmar
×





Credit : duwun

ပို့သပေးပါတယ်။


#Unicode Version

အိမ်ထောင်သည်တွေကြားမှာ အချစ်ရေးပိုခိုင်မြဲဖို့အတွက် တစ်လတစ်ကြိမ်လောက် အပြင်ထွက်ပြီးချိန်းတွေ့ကြဖို့ လိုကြောင်း သုတေသီတွေက ထောက်ပြလိုက်ပါတယ်။

သမီးရည်းစားဘဝကလိုမျိုး အိမ်ထောင်သည် ဇနီးနဲ့ ခင်ပွန်းကြားမှာ တစ်လတစ်ခါလောက် အပြင်ထွက်ပေးပြီး ညစာအတူစားတာ၊ ရုပ်ရှင်ကြည့်တာ၊ လျှောက်သွားတာတွေဟာ အိမ်ထောင်ရေးပိုပြီမြဲမြံစေတယ်လို့ သိရပါတယ်။ အင်္ဂလန်မှာရှိတဲ့ အိမ်ထောင်ရေးဖောင်ဒေးရှင်းက ပြုလုပ်တဲ့ စစ်တမ်းအရ ဒီအချက်ထွက်လာခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်သည်စုံတွဲတွေ တစ်လတစ်ခါလောက် အပြင်မှာ ချိန်းတွေ့သင့်ပေမယ့် တစ်ပတ်တစ်ခါလောက် တွေ့နေမယ်ဆိုရင်တော့ ဘာမှအကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။ စစ်တမ်းအရ တစ်လတစ်ခါ အပြင်ထွက်ချိန်းတွေ့တဲ့ အိမ်ထောင်သည်စုံတွဲတွေဟာ ၁၄ ရာခိုင်နှုန်းလောက်ပိုပြီး အိမ်ထောင်ရေးမြဲသွားကြတယ်လို့ သိရပါတယ်။

တစ်လတစ်ခါလောက် ချိန်းတွေ့ခြင်းဟာ အတူနေ စုံတွဲတွေထက် အိမ်ထောင်သည်စုံတွဲတွေအတွက် ပိုအရေးပါတယ်လို့ ဆိုပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top