iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
Unicode Version
၁ - အလုပ်ခွင်ထဲ ဝင်လိုက်တာနဲ့ တစ်စုံတစ်ဦးကို ပြုံးပြပါ။ ဒီလိုပြုံးပြတဲ့အခါမှာလည်း မျက်ခုံးကို ပင့်ပြီး နှုတ်ဆက်ပါ။
၂ - လူတစ်ယောက်နဲ့စကားပြောတဲ့အခါ တအားနီးနီးကပ်ကပ် မထိုင်ပါနဲ့။ မျက်နှာချင်းဆိုင်တည့်တည့်မှာလည်း မထိုင်ပါနဲ့။ တအားနီးကပ်ခြင်းက တစ်ဖက်လူကို မသက်မသာ ဖြစ်စေပါတယ်။ မျက်နှာချင်းထိုင်ပြီး ပြောတဲ့ အစည်းအဝေးတွေဟာ မျက်စောင်းထိုးလောက်မှာ ထိုင်ပြီးလုပ်တဲ့ ဆွေးနွေးပွဲတွေလောက် မကြာတတ်ပါဘူး။
၃ - စကားပြောတဲ့အခါ တစ်ဖက်လူကို ဘောပင်ပေးတာမျိုး၊ စာရွက်ကမ်းပေးတာမျိုးက သင့်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုင်ပိုင်နိုင်နိုင်ရှိတဲ့လူဆိုတဲ့ ခံစားချက်မျိုး တစ်ဖက်လူမှာ ဖြစ်သွားစေပါတယ်။
၄ - အစည်းအဝေးခန်းထဲမှာ မျက်လုံးတွေကို မလိုအပ်ဘဲ ဟိုဟိုဒီဒီ မရွှေ့ပါနဲ့။ စကားပြောနေတဲ့လူရဲ့ မျက်နှာ ဒါမှမဟုတ် ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။
၅ - မတ်တပ်ရပ်တဲ့အခါ ခြေထောက်တစ်ဖက်တည်း အားပြုရပ်တာမျိုး မလုပ်ပါနဲ့။
၆ - ဘယ်သူနဲ့ဖြစ်ဖြစ် မျက်လုံးချင်းဆုံတဲ့အခါ တမင်တကာလွှဲတာမျိုး မလုပ်ပါနဲ့။
၇ - စကားပြောတဲ့အခါ စာကြောင်းတစ်ကြောင်းကို ဆုံးအောင်ပြောပါ။ အဓိပ္ပါယ်ပေါ်သွားပေမဲ့ အလယ်မှာ ရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ စကားဆုံးတဲ့အခါ မေးခွန်းမေးသလိုမျိုး လေယူလေသိမ်းနဲ့ အဆုံးမသတ်ပါနဲ့။ မေးချင်ရင် သပ်သပ် ထပ်မေးပါ။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top