iMyanmarHouse.com - Best Property Website for Myanmar
×





Credit: 7 day



Unicode Version

အဆိုတော် ထူးအယ် လင်း၏ ဇနီးက စက်တင်ဘာ ၁ ရက် နံနက်တွင် သားငယ်ကို ဝိတိုရိယဆေးရုံ၌ မွေးဖွားပြီး မြူးဇစ်လင်းဟုအမည်ပေးထားကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။

သားငယ် မြူးဇစ်လင်းကို စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီတွင် မွေးဖွားပြီး ၆ ပေါင် ၈ အောင်စရှိကြောင်း ထူးအယ်လင်း က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေး သားထားသည်။

‘‘ငါ့သားမွေးရင် ကြာသ ပတေး (ပဖဗဘမ)၊ အင်္ဂါ (စဆ ဇဈည) ကြာသပတေး ထိပ်စီးနဲ့ အင်္ဂါနာမ်အပိတ်ပေးရမယ်ဆို တော့ ဘယ်လိုအမည်မှည့်ရင် ကောင်းမလဲ။ မြူးဇစ်လင်းလို့သာ ပေးလိုက်တော့မယ်’’ဟု ဩဂုတ် ၃၁ ရက်က သားဖြစ်သူ၏ အမည် နှင့်ပတ်သက်၍ ရေးသားထား သည်။

ထူးအယ်လင်း၏ အနုပညာ မောင်နှမများနှင့် မိတ်ဆွေများက လည်း သားမွေးဖွားသည့်အတွက် ဂုဏ်ယူကြောင်း မှတ်ချက်ပြုရေး သားထားသည်။

Credit: 7 day



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top