iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူခ်င္းျဖစ္ျဖစ္၊ ကိုယ့္အိမ္ေထာင္ဖက္ကိုျဖစ္ျဖစ္ သင္ေျပာေနက်စကားေတြထဲမွာ ႏွစ္ဦးစလံုးအတြက္ အဆိပ္အေတာက္ျဖစ္ေစတဲ့ စကားေတြ ရွိေနပါတယ္။ ဒါဟာ ေရရွည္မွာ အေျပာခံရတဲ့သူရဲ႕ စိတ္မွာ အနာတရျဖစ္သြားတတ္တာမို႕ သင့္ခ်စ္ရတဲ့သူကို ဒီလို မခံစားေစခ်င္ဘူးဆုိရင္ေတာ့ ခုေအာက္မွာ ေဖာ္ျပေပးမယ့္ စကားလံုးမ်ိဳးေတြ သံုးႏႈန္းျခင္းက ေရွာင္ၾကဥ္ဖုိ႕ လုိပါတယ္။

၁။အဲ့ေကာင္ေလး/ေကာင္မေလးက အရမ္းမိုက္တယ္ဆုိတာကို ထပ္ခါထပ္ခါ ေျပာျခင္း

ဘယ္ေလာက္သေဘာထားၾကီးတဲ့သူျဖစ္ျဖစ္ ကိုယ့္ခ်စ္သူက တစ္ျခားတစ္ေယာက္ကို ဘယ္ေလာက္မိုက္တယ္၊ ဘယ္ေလာက္ခ်စ္ဖုိ႕ေကာင္းတယ္ဆုိတာမ်ိဳး ကိုယ့္ေရွ႔မွာ ထပ္ခါထပ္ခါ ေျပာလာရင္ေတာ့ စိတ္ထဲတစ္မ်ိဳးျဖစ္လာမွာပဲေလ။ ငါမဟုတ္တဲ့ အျခားတစ္ေယာက္ကိုမ်ား စိတ္၀င္စားေတာ့မလားဆုိတဲ့ ပူပန္မႈကလည္း သူတုိ႕ရွိလာအေသအခ်ာပါပဲ။

၂။ရွင္က အျမဲတမ္း ... (ဒါမွမဟုတ္) ရွင္က ဘယ္ေတာ့မွ လို႕ေျပာဆိုျခင္း

ဒီစကားႏွစ္မ်ိဳးဟာ တစ္ဖက္လူကို ခံစားသြားရေစတဲ့ စကားမ်ိဳးေတြပါ။ အျပစ္တင္တဲ့အခါသံုးတဲ့ ဒီစကားႏွစ္မ်ိဳးဟာ ဒီလူကို တစ္သက္လံုးေျပာင္းလဲလာမွာ မဟုတ္ေတာ့ဘူးဆုိျပီး အျပီးသတ္ေျပာဆုိလိုက္သလိုပါပဲ။ ဥပမာ ရွင္က အျမဲတမ္း ဒီအခ်ိဳးပဲ။ ရွင္က အျမဲတမ္း ဒီလိုလုပ္ေနက်ပဲေလ စတာမ်ိဳးေတြပါ။ ေနာက္တစ္မ်ိဳးကေတာ့ ရွင္က ဘယ္ေတာ့မွ က်ြန္မအေပၚ ေကာင္းလာမွာ မဟုတ္ဘူး။ ရွင္က ဘယ္ေတာ့မွ ဒါမ်ိဳးသိတတ္တဲ့သူမဟုတ္ဘူး စသျဖင့္ ဒီလိုအေျပာအဆိုမ်ိဳးေတြ ေရွာင္ၾကဥ္သင့္ပါတယ္။

၃။နင္ ဒါကို မတတ္ႏိုင္ပါဘူး။ မလုပ္ႏိုင္ဘူးလုိ႕ ေျပာဆုိျခင္း

ဘယ္သူကမွေတာ့ ကိုယ့္ကို ဒါမ်ိဳးမလုပ္ႏိုင္ဘူး။ မတတ္ႏိုင္ဘူးဆုိတာမ်ိဳး ႏွိမ့္ခ်ေျပာတာမ်ိဳး ခံခ်င္ပါ့မလဲေနာ္။ သူ႕ေနရာမွာ သင္ဆုိရင္ေရာ အဲ့ဒီလိုေျပာရင္ ဘယ္လိုခံစားရမလဲဆုိတာ စဥ္းစားၾကည့္ပါ။ သင့္ခ်စ္သူမွာ ေငြေၾကး အခက္အခဲရွိေနခ်ိန္ သင္က ဒါမ်ိဳး မတတ္ႏိုင္ဘူးမလားလုိ႕ ေမးရင္ သူစိတ္မေကာင္းျဖစ္မယ္၊သိမ္ငယ္စိတ္ ၀င္သြားမွာေပါ့။

၄။ငါနင့္ကို မုန္းလိုက္တာလို႕ ေျပာျခင္း

ခ်စ္တယ္ဆုိတဲ့ စကားရဲ႕ ဆန္႕က်င္ဘက္ မုန္းတယ္ဆုိတဲ့ စကားကလည္း ခ်စ္သူႏွစ္ဦးအတြက္ တကယ္ကိုပါ၀ါၾကီးမားတဲ့ စကားပါ။ လူေတြက ဒီလိုစကားကို ကိုယ့္ခ်စ္သူကို စိတ္တုိ၊ စိတ္ေကာက္တဲ့အခါ အမႈမဲ့အမွတ္မဲ့ သံုးတတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ဖက္လူရဲ႕ စိတ္ထဲ၊ ရင္ထဲ ဒီစကားဘယ္ေလာက္ထိ နက္နက္နဲနဲ ၀င္သြားသလဲဆုိတာ မစဥ္းစားမိၾကပါဘူး။ နင့္ကိုငါ ခ်စ္လုိက္တာလို႕ ေျပာတဲ့အခါ တစ္ဖက္လူ ၾကည္ႏူးသြားရသလိုကို နင့္ကိုမုန္းတယ္လုိ႕ ေျပာလိုက္ျခင္းကလည္း တစ္ဖက္လူကို အတုိင္းအတာ တစ္ခုထိ ခံစားေစတတ္ပါတယ္။

၅။နင္က ငါ့ရည္းစားေဟာင္းလိုပဲဆုိျပီး ႏႈိင္းယွဥ္ျခင္း

ဘယ္သူကမွေတာ့ ကုိယ့္ကို ရည္းစားေဟာင္းနဲ႕ ႏႈိင္းယွဥ္ေျပာဆုိတာမ်ိဳး ၾကိဳက္မွာ မဟုတ္ပါဘူး။ ခုလို ႏႈိင္းယွဥ္ေျပာဆုိျခင္းဟာ သူအေနနဲ႕ေတြးႏိုင္တာက သင္အရင္တစ္ေယာက္ကို သတိရေနေသးတယ္ဆိုတာမ်ိဳးအထိပါ အေတြးေရာက္သြားႏိုင္ပါတယ္။

Credit:TrendMyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ချစ်သူချင်းဖြစ်ဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်ကိုဖြစ်ဖြစ် သင်ပြောနေကျစကားတွေထဲမှာ နှစ်ဦးစလုံးအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ စကားတွေ ရှိနေပါတယ်။ ဒါဟာ ရေရှည်မှာ အပြောခံရတဲ့သူရဲ့ စိတ်မှာ အနာတရဖြစ်သွားတတ်တာမို့ သင့်ချစ်ရတဲ့သူကို ဒီလို မခံစားစေချင်ဘူးဆိုရင်တော့ ခုအောက်မှာ ဖော်ပြပေးမယ့် စကားလုံးမျိုးတွေ သုံးနှုန်းခြင်းက ရှောင်ကြဉ်ဖို့ လိုပါတယ်။

၁။အဲ့ကောင်လေး/ကောင်မလေးက အရမ်းမိုက်တယ်ဆိုတာကို ထပ်ခါထပ်ခါ ပြောခြင်း

ဘယ်လောက်သဘောထားကြီးတဲ့သူဖြစ်ဖြစ် ကိုယ့်ချစ်သူက တစ်ခြားတစ်ယောက်ကို ဘယ်လောက်မိုက်တယ်၊ ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာမျိုး ကိုယ့်ရှေ့မှာ ထပ်ခါထပ်ခါ ပြောလာရင်တော့ စိတ်ထဲတစ်မျိုးဖြစ်လာမှာပဲလေ။ ငါမဟုတ်တဲ့ အခြားတစ်ယောက်ကိုများ စိတ်ဝင်စားတော့မလားဆိုတဲ့ ပူပန်မှုကလည်း သူတို့ရှိလာအသေအချာပါပဲ။

၂။ရှင်က အမြဲတမ်း ... (ဒါမှမဟုတ်) ရှင်က ဘယ်တော့မှ လို့ပြောဆိုခြင်း

ဒီစကားနှစ်မျိုးဟာ တစ်ဖက်လူကို ခံစားသွားရစေတဲ့ စကားမျိုးတွေပါ။ အပြစ်တင်တဲ့အခါသုံးတဲ့ ဒီစကားနှစ်မျိုးဟာ ဒီလူကို တစ်သက်လုံးပြောင်းလဲလာမှာ မဟုတ်တော့ဘူးဆိုပြီး အပြီးသတ်ပြောဆိုလိုက်သလိုပါပဲ။ ဥပမာ ရှင်က အမြဲတမ်း ဒီအချိုးပဲ။ ရှင်က အမြဲတမ်း ဒီလိုလုပ်နေကျပဲလေ စတာမျိုးတွေပါ။ နောက်တစ်မျိုးကတော့ ရှင်က ဘယ်တော့မှ ကျွန်မအပေါ် ကောင်းလာမှာ မဟုတ်ဘူး။ ရှင်က ဘယ်တော့မှ ဒါမျိုးသိတတ်တဲ့သူမဟုတ်ဘူး စသဖြင့် ဒီလိုအပြောအဆိုမျိုးတွေ ရှောင်ကြဉ်သင့်ပါတယ်။

၃။နင် ဒါကို မတတ်နိုင်ပါဘူး။ မလုပ်နိုင်ဘူးလို့ ပြောဆိုခြင်း

ဘယ်သူကမှတော့ ကိုယ့်ကို ဒါမျိုးမလုပ်နိုင်ဘူး။ မတတ်နိုင်ဘူးဆိုတာမျိုး နှိမ့်ချပြောတာမျိုး ခံချင်ပါ့မလဲနော်။ သူ့နေရာမှာ သင်ဆိုရင်ရော အဲ့ဒီလိုပြောရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။ သင့်ချစ်သူမှာ ငွေကြေး အခက်အခဲရှိနေချိန် သင်က ဒါမျိုး မတတ်နိုင်ဘူးမလားလို့ မေးရင် သူစိတ်မကောင်းဖြစ်မယ်၊သိမ်ငယ်စိတ် ဝင်သွားမှာပေါ့။

၄။ငါနင့်ကို မုန်းလိုက်တာလို့ ပြောခြင်း

ချစ်တယ်ဆိုတဲ့ စကားရဲ့ ဆန့်ကျင်ဘက် မုန်းတယ်ဆိုတဲ့ စကားကလည်း ချစ်သူနှစ်ဦးအတွက် တကယ်ကိုပါဝါကြီးမားတဲ့ စကားပါ။ လူတွေက ဒီလိုစကားကို ကိုယ့်ချစ်သူကို စိတ်တို၊ စိတ်ကောက်တဲ့အခါ အမှုမဲ့အမှတ်မဲ့ သုံးတတ်ကြပါတယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ စိတ်ထဲ၊ ရင်ထဲ ဒီစကားဘယ်လောက်ထိ နက်နက်နဲနဲ ဝင်သွားသလဲဆိုတာ မစဉ်းစားမိကြပါဘူး။ နင့်ကိုငါ ချစ်လိုက်တာလို့ ပြောတဲ့အခါ တစ်ဖက်လူ ကြည်နူးသွားရသလိုကို နင့်ကိုမုန်းတယ်လို့ ပြောလိုက်ခြင်းကလည်း တစ်ဖက်လူကို အတိုင်းအတာ တစ်ခုထိ ခံစားစေတတ်ပါတယ်။

၅။နင်က ငါ့ရည်းစားဟောင်းလိုပဲဆိုပြီး နှိုင်းယှဉ်ခြင်း

ဘယ်သူကမှတော့ ကိုယ့်ကို ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ပြောဆိုတာမျိုး ကြိုက်မှာ မဟုတ်ပါဘူး။ ခုလို နှိုင်းယှဉ်ပြောဆိုခြင်းဟာ သူအနေနဲ့တွေးနိုင်တာက သင်အရင်တစ်ယောက်ကို သတိရနေသေးတယ်ဆိုတာမျိုးအထိပါ အတွေးရောက်သွားနိုင်ပါတယ်။

Credit:TrendMyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top