iMyanmarHouse.com - Best Property Website for Myanmar
×

မေကာင္းေသာ အနံ႔အသက္မ်ားထြက္ေနၿပီး ယားယံကာ ဆီးသြားစဥ္ နာက်င္မႈႏွင့္အတူ ပံုမွန္မဟုတ္ဘဲ အမ်ိဳးသမီးလိင္အဂၤါမွ အရည္မ်ားဆင္းျခင္း၊ လိင္အဂၤါတစ္ဝုိက္ နီရဲေနၿပီး ယားယံျခင္းကို ခံစားေနရပါသလား။

ယင္းအေျခအေနမွာ တစ္ႏွစ္လွ်င္ အမ်ိဳးသမီးသန္းေပါင္းမ်ားစြာ ျဖစ္ပြားေနသည့္ အလြန္အျဖစ္မ်ားေသာ မမ်ိဳးပြားအဂၤါေရာဂါပိုး ဝင္ေရာက္သည့္ေရာဂါ(Vaginitis)ျဖစ္ႏိုင္သည္။

Vaginitis ေရာဂါကို ေဆးပညာအရ မအဂၤါေရာင္ရမ္းျခင္း(သုိ႔မဟုတ္) ယားယံျခင္းအျဖစ္ သတ္မွတ္သည္။

အခ်ိဳ႕ေသာ အမ်ိဳးသမီးမ်ားတြင္ ေရာဂါလကၡဏာ လံုးဝျပသ ေလ့ မရွိေပ။

အခ်ိဳ႕ေသာ အမ်ိဳးသမီးမ်ားတြင္မူ ထင္ရွားေသာ ေရာဂါလကၡဏာမ်ား ျပေလ့ရွိသည္။

ယင္းေရာဂါလကၡဏာမ်ားမွာ မေကာင္းေသာ အနံ႔အသက္မ်ားရွိသည့္ မအဂၤါမွ ပံုမွန္မဟုတ္ဘဲ အရည္မ်ားဆင္းျခင္း၊ ဆီးသြားစဥ္ နာက်င္ျခင္း၊ ပူစပ္ျခင္း၊ မအဂၤါအျပင္ဘက္တစ္ဝိုက္ ယားယံျခင္း၊ လိင္ဆက္ဆံစဥ္ မသက္မသာခံစားရျခင္း၊ ယားယံျခင္းႏွင့္ ေသြးထြက္ျခင္းတို႔ျဖစ္သည္။

Vaginitis ေရာဂါျဖစ္ပြားရသည့္ အေၾကာင္းရင္း အမ်ိဳးမ်ိဳးရွိ သည့္ ယင္းေရာဂါမွာ ဘက္တီးရီးယားပိုးမ်ား ဝင္ေရာက္ျခင္း၊ မိႈေရာဂါကူးစက္ျခင္း၊ ပ႐ိုတိုဇုိးဝါးဆဲလ္မ်ားေၾကာင့္ ေရာဂါကူးစက္ျခင္း၊ ဓာတ္မတည့္ျဖစ္ႏုိင္ေသာ အရာမ်ားႏွင့္ထိေတြ႕ျခင္းတို႔ေၾကာင့္ ျဖစ္ ႏုိင္သည္။

အမ်ိဳးသမီးအဂၤါဇာတ္အတြင္းသို႔ ေရာဂါပိုးဝင္ေရာက္ႏိုင္သည့္ အႏၲရာယ္မ်ားကို အနည္းဆံုး ျဖစ္ေစရန္ မအဂၤါဇာတ္တစ္ဝိုက္ သန္႔ရွင္းေအာင္ထားၿပီး ေကာင္းေသာ သန္႔ရွင္းစင္ၾကယ္ေရး အေလ့အထထားရွိပါ။

အျပင္းစား ဆပ္ျပာမ်ားႏွင့္ အမ်ိဳးသမီးသံုးသည့္ သန္႔စင္ေရဖ်န္းေဆးကဲ့သိ႔ု ယားယံေစေသာ ပစၥည္းမ်ားအသံုးျပဳမႈေရွာင္ပါ။

မအဂၤါဇာတ္ (သို႔မဟုတ္) ဆီးႁပြန္ထဲသို႔ ေရာဂါပိုးမ်ား ဝင္ေရာက္ျခင္းကို ကာကြယ္ရန္ မအဂၤါကို သန္႔စင္စဥ္ ေရွ႕ဘက္မွ ေနာက္ဘက္သို႔ သုတ္၍ သန္႔စင္သင့္သည္။

Credit:7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


မကောင်းသော အနံ့အသက်များထွက်နေပြီး ယားယံကာ ဆီးသွားစဉ် နာကျင်မှုနှင့်အတူ ပုံမှန်မဟုတ်ဘဲ အမျိုးသမီးလိင်အင်္ဂါမှ အရည်များဆင်းခြင်း၊ လိင်အင်္ဂါတစ်ဝိုက် နီရဲနေပြီး ယားယံခြင်းကို ခံစားနေရပါသလား။

ယင်းအခြေအနေမှာ တစ်နှစ်လျှင် အမျိုးသမီးသန်းပေါင်းများစွာ ဖြစ်ပွားနေသည့် အလွန်အဖြစ်များသော မမျိုးပွားအင်္ဂါရောဂါပိုး ဝင်ရောက်သည့်ရောဂါ(Vaginitis)ဖြစ်နိုင်သည်။

Vaginitis ရောဂါကို ဆေးပညာအရ မအင်္ဂါရောင်ရမ်းခြင်း(သို့မဟုတ်) ယားယံခြင်းအဖြစ် သတ်မှတ်သည်။

အချို့သော အမျိုးသမီးများတွင် ရောဂါလက္ခဏာ လုံးဝပြသ လေ့ မရှိပေ။

အချို့သော အမျိုးသမီးများတွင်မူ ထင်ရှားသော ရောဂါလက္ခဏာများ ပြလေ့ရှိသည်။

ယင်းရောဂါလက္ခဏာများမှာ မကောင်းသော အနံ့အသက်များရှိသည့် မအင်္ဂါမှ ပုံမှန်မဟုတ်ဘဲ အရည်များဆင်းခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ပူစပ်ခြင်း၊ မအင်္ဂါအပြင်ဘက်တစ်ဝိုက် ယားယံခြင်း၊ လိင်ဆက်ဆံစဉ် မသက်မသာခံစားရခြင်း၊ ယားယံခြင်းနှင့် သွေးထွက်ခြင်းတို့ဖြစ်သည်။

Vaginitis ရောဂါဖြစ်ပွားရသည့် အကြောင်းရင်း အမျိုးမျိုးရှိ သည့် ယင်းရောဂါမှာ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်း၊ မှိုရောဂါကူးစက်ခြင်း၊ ပရိုတိုဇိုးဝါးဆဲလ်များကြောင့် ရောဂါကူးစက်ခြင်း၊ ဓာတ်မတည့်ဖြစ်နိုင်သော အရာများနှင့်ထိတွေ့ခြင်းတို့ကြောင့် ဖြစ် နိုင်သည်။

အမျိုးသမီးအင်္ဂါဇာတ်အတွင်းသို့ ရောဂါပိုးဝင်ရောက်နိုင်သည့် အန္တရာယ်များကို အနည်းဆုံး ဖြစ်စေရန် မအင်္ဂါဇာတ်တစ်ဝိုက် သန့်ရှင်းအောင်ထားပြီး ကောင်းသော သန့်ရှင်းစင်ကြယ်ရေး အလေ့အထထားရှိပါ။

အပြင်းစား ဆပ်ပြာများနှင့် အမျိုးသမီးသုံးသည့် သန့်စင်ရေဖျန်းဆေးကဲ့သိ့ု ယားယံစေသော ပစ္စည်းများအသုံးပြုမှုရှောင်ပါ။

မအင်္ဂါဇာတ် (သို့မဟုတ်) ဆီးပြွန်ထဲသို့ ရောဂါပိုးများ ဝင်ရောက်ခြင်းကို ကာကွယ်ရန် မအင်္ဂါကို သန့်စင်စဉ် ရှေ့ဘက်မှ နောက်ဘက်သို့ သုတ်၍ သန့်စင်သင့်သည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top