iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ ခါးတစ္ဝိုက္မွာ အဆီပိုေတြစုျပီး ဗုိက္ေခါက္ထူထူျဖစ္ေနျပီဆိုရင္ေတာ့ အႏၱရာယ္ရွိတဲ့ လကၡဏာတစ္ရပ္ပါတဲ့။ ဆီးခ်ဳိ အမ်ဳိးအစား နံပါတ္ ၂ အျပင္၊ ႏွလုံးေရာဂါနဲ႔ ဇီဝကမၼနဲ႔ဆုိင္တဲ့ ျပႆနာေတြ အမ်ားၾကီးကို ျဖစ္ေစႏုိင္ပါတယ္။ ဝမ္းဗုိက္မွာရွိတဲ့အဆီေတြက လူကိုဒုကၡေပးတတ္ျပီး အသည္းနဲ႔ တျခားအဂၤါေတြမွာ အဆီဖုံးေစႏုိင္ပါတယ္။ သိပၸံနည္းအရ ဗုိက္ေခါက္ထြက္ေစတဲ့ အေၾကာင္းရင္းေတြကို သိရွိျပီး ေရွာင္ၾကဥ္ႏုိင္ဖုိ႔အတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

(၁)အက်ဳိးျပဳအဆီမ်ားမ်ား မစားလုိ႔ပါ။ ဗုိက္ေခါက္အဆီေတြကို ေခ်ဖ်က္ေစႏုိင္မယ့္ ျပည့္ဝဆီမဟုတ္တဲ့ အက်ဳိးျပဳအဆီေတြမစားျခင္းေၾကာင့္ ျဖစ္ပါတယ္။ ေျမပဲေထာပတ္လို ေထာပတ္ဆီလုိ အက်ဳိးျပဳအဆီေတြက အဆာခံေစျပီး အဆီပိုေတြမျဖစ္ေစႏုိင္ပါ။

(၂)အခ်ိန္အေတာ္ၾကာ ဝမ္းနည္းစရာၾကဳံခဲ့ရရင္လည္း အဆီပိုေတြစုျပီး ဗုိက္ေခါက္ထြက္လာႏုိင္ပါတယ္လို႔ Rush University ေဆးပညာစင္တာရဲ႕ သုေတသနတစ္ခုက ေဖာ္ျပထားပါတယ္။ အဓိကအေၾကာင္းရင္းကေတာ့ ကိုယ္လက္လႈပ္ရွားမႈနည္းျပီး အစားအေသာက္စားတာကိုလည္း ဂရုမစိုက္မိတာေၾကာင့္ျဖစ္ပါတယ္တဲ့။

(၃)မဂၢနီဆီယမ္ စားတာနည္းလုိ႔ ျဖစ္ပါတယ္။ မဂၢနီဆီယမ္က ခႏၶာကုိယ္ထဲက လုပ္ငန္းေပါင္း ၃၀၀ ေက်ာ္ကို ထိန္းညွိေပးပါတယ္။ ၄င္းက ေသြးတြင္းသၾကားဓာတ္နဲ႔ အင္ဆူလင္ပမာဏကို ေလ်ာ့က်ေစပါတယ္။ မဂၢနီဆီယမ္ျမင့္မားတဲ့အစားအစာေတြကေတာ့ အခြံမာအေစ့အဆန္ေတြ၊ ငါး၊ ပဲ၊ ေထာပတ္သီး၊ ဒိန္ခ်ဥ္၊ ငွက္ေပ်ာသီးနဲ႔ ေခ်ာကလက္တုိ႔ပဲ ျဖစ္ပါတယ္။

(၄)ဆုိဒါပါတဲ့ အခ်ုိရည္ေတြ အရမ္းေသာက္တဲ့သူေတြကလည္း ဗုိက္ေခါက္ထြက္တတ္ပါတယ္။

(၅) အိပ္ေရးဝဝ မအိပ္ရတဲ့သူေတြက ကိုယ္အေလးခ်ိန္တက္ျခင္းကုိျဖစ္ေစျပီး အိပ္ေရးပ်က္တဲ့သူေတြက ဝမ္းဗုိက္အဆီတက္တာ ပိုျမန္တယ္လို႔ သုေတသီေတြကဆုိပါတယ္။

(၆) အမွ်င္ဓာတ္ပါတဲ့ အစားအေသာက္ေတြစားတာနည္းပါးတဲ့အတြက္လည္း ကယ္လိုရီေတြပိုမ်ားျပီး အဆီစုေစတာျဖစ္ပါတယ္။ အမွ်င္ဓာတ္က အစာေခ်တာပိုေကာင္းေစျပီး ကိုယ္အေလးခ်ိန္ကို ထိန္းခ်ဳပ္ေပးပါတယ္။

(၇)ေသြးဆုံးခ်ိန္မွာလည္း ကိုယ္အေလးခ်ိန္တိုးျပီး ဗုိက္ေခါက္ထြက္လာေစတတ္ပါတယ္။ ဒီအခိ်န္မွာ မိန္းမေတြရဲ႕ အီစထရုိဂ်င္ပမာဏ ရုတ္တရက္က်ဆင္းျပီး ေပါင္နဲ႔ တင္ပါးမွာထက္ ဝမ္းဗုိက္မွာ အဆီေတြကို ပိုျပီးသိမ္းဆည္းမိေစတာေၾကာင့္ ျဖစ္ပါတယ္။

Credit : trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်ရဲ့ ခါးတစ်ဝိုက်မှာ အဆီပိုတွေစုပြီး ဗိုက်ခေါက်ထူထူဖြစ်နေပြီဆိုရင်တော့ အန္တရာယ်ရှိတဲ့ လက္ခဏာတစ်ရပ်ပါတဲ့။ ဆီးချို အမျိုးအစား နံပါတ် ၂ အပြင်၊ နှလုံးရောဂါနဲ့ ဇီဝကမ္မနဲ့ဆိုင်တဲ့ ပြဿနာတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။ ဝမ်းဗိုက်မှာရှိတဲ့အဆီတွေက လူကိုဒုက္ခပေးတတ်ပြီး အသည်းနဲ့ တခြားအင်္ဂါတွေမှာ အဆီဖုံးစေနိုင်ပါတယ်။ သိပ္ပံနည်းအရ ဗိုက်ခေါက်ထွက်စေတဲ့ အကြောင်းရင်းတွေကို သိရှိပြီး ရှောင်ကြဉ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁)အကျိုးပြုအဆီများများ မစားလို့ပါ။ ဗိုက်ခေါက်အဆီတွေကို ချေဖျက်စေနိုင်မယ့် ပြည့်ဝဆီမဟုတ်တဲ့ အကျိုးပြုအဆီတွေမစားခြင်းကြောင့် ဖြစ်ပါတယ်။ မြေပဲထောပတ်လို ထောပတ်ဆီလို အကျိုးပြုအဆီတွေက အဆာခံစေပြီး အဆီပိုတွေမဖြစ်စေနိုင်ပါ။

(၂)အချိန်အတော်ကြာ ဝမ်းနည်းစရာကြုံခဲ့ရရင်လည်း အဆီပိုတွေစုပြီး ဗိုက်ခေါက်ထွက်လာနိုင်ပါတယ်လို့ Rush University ဆေးပညာစင်တာရဲ့ သုတေသနတစ်ခုက ဖော်ပြထားပါတယ်။ အဓိကအကြောင်းရင်းကတော့ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အစားအသောက်စားတာကိုလည်း ဂရုမစိုက်မိတာကြောင့်ဖြစ်ပါတယ်တဲ့။

(၃)မဂ္ဂနီဆီယမ် စားတာနည်းလို့ ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ထဲက လုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ထိန်းညှိပေးပါတယ်။ ၎င်းက သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ပမာဏကို လျော့ကျစေပါတယ်။ မဂ္ဂနီဆီယမ်မြင့်မားတဲ့အစားအစာတွေကတော့ အခွံမာအစေ့အဆန်တွေ၊ ငါး၊ ပဲ၊ ထောပတ်သီး၊ ဒိန်ချဉ်၊ ငှက်ပျောသီးနဲ့ ချောကလက်တို့ပဲ ဖြစ်ပါတယ်။

(၄)ဆိုဒါပါတဲ့ အချိုရည်တွေ အရမ်းသောက်တဲ့သူတွေကလည်း ဗိုက်ခေါက်ထွက်တတ်ပါတယ်။

(၅) အိပ်ရေးဝဝ မအိပ်ရတဲ့သူတွေက ကိုယ်အလေးချိန်တက်ခြင်းကိုဖြစ်စေပြီး အိပ်ရေးပျက်တဲ့သူတွေက ဝမ်းဗိုက်အဆီတက်တာ ပိုမြန်တယ်လို့ သုတေသီတွေကဆိုပါတယ်။

(၆) အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေစားတာနည်းပါးတဲ့အတွက်လည်း ကယ်လိုရီတွေပိုများပြီး အဆီစုစေတာဖြစ်ပါတယ်။ အမျှင်ဓာတ်က အစာချေတာပိုကောင်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးပါတယ်။

(၇)သွေးဆုံးချိန်မှာလည်း ကိုယ်အလေးချိန်တိုးပြီး ဗိုက်ခေါက်ထွက်လာစေတတ်ပါတယ်။ ဒီအချိန်မှာ မိန်းမတွေရဲ့ အီစထရိုဂျင်ပမာဏ ရုတ်တရက်ကျဆင်းပြီး ပေါင်နဲ့ တင်ပါးမှာထက် ဝမ်းဗိုက်မှာ အဆီတွေကို ပိုပြီးသိမ်းဆည်းမိစေတာကြောင့် ဖြစ်ပါတယ်။

Credit : trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top