iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Duwun


Unicode Version

ဒီဇိုင်းကိစ္စနဲ့ အငြင်းပွားမှုဖြစ်ခဲ့ပြီးနောက် အနုပညာအလုပ်တွေ ရပ်နားပြီး တိတ်ဆိတ်နေခဲ့တဲ့ ယွန်အွန်ဟေးဟာ အနုပညာလုပ်ငန်းတွေ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။ ယခုနှစ်ကုန် သို့မဟုတ် ရှေ့ဆန်းပိုင်းမှာ အွန်ဟေးက ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေ ပြန်လည်ရိုက်ကူးတော့မှာဖြစ်ကြောင်း သူမရဲ့အေဂျင်စီက ကြေညာလိုက်တာဖြစ်ပါတယ်။

အွန်ဟေးဟာ ၂၀၁၃ ဒီဇင်ဘာက Marry Him If You Dare ဒရာမာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ နောက်ဆုံးပါပဲ။ အဲ့ဒီနောက်ပိုင်း အနုပညာလုပ်ရှားမှုတွေမရှိသလို လူမြင်ကွင်းကိုလည်း ထွက်မလာခဲ့တာကြာပါပြီ။

ယမန်နှစ်က တရုတ်ဖက်ရှိုးတစ်ခုမှာ ဒီဇိုင်းခိုးချတဲ့ကိစ္စနဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ကာ သူမအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ အွန်ဟေးက ပြန်လည်တောင်းပန်ခဲ့ရပြီး ကိုရီးယားအနုပညာလောကကနေ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။


Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top