iMyanmarHouse.com - Best Property Website for Myanmar
×




Credit : trend Myanmar




#Unicode Version

အိပ်ရေးဝတဲ့ အမျိုးသမီးတွေဟာ ချစ်တင်းနှီးနှောချင်စိတ် ပိုမို ဖြစ်ပေါ်တတ်တယ်လို့ ဆေးဘက်ဆိုင်ရာ လေ့လာမှုတစ်ခုအရ သိခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ ချစ်တင်းနှီးနှောချင်စိတ် ဖြစ်ပေါ်ဖို့အတွက် အိပ်ရေးဝဖို့လိုအပ်ပြီး အမျိုးသားတွေကတော့ ချစ်တင်းနှီးနှောချင်စိတ် ဖြစ်ပေါ်စေနိုင်ဖို့အတွက် ညစ်ညမ်းရုပ်ရှင်များ ကြည့်ရှုပေးဖို့ လိုအပ်တယ်လို့ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။

အမျိုးသမီးတွေဟာ တစ်ညမှာ ပုံမှန်အိပ်ချိန်ထက် ပိုမို အိပ်လိုက်မိတဲ့ တစ်နာရီတိုင်းဟာ ချစ်တင်းနှီးနှောချင်စိတ် ၁၄ ရာခိုင်နှုန်း ကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် သာမာန်အိပ်ချိန်ထက် ပိုအိပ်လိုက်မိတဲ့ ည ပြီး နောက်တစ်နေ့မှာ အမျိုးသမီးတွေဟာ ချစ်တင်းနှီးနှော ချင်စိတ် ဖြစ်နေတတ်ပါတယ်။ အမျိုးသားတွေ အတွက်ကတော့ အကြမ်းဖက်မှုတွေမပါပဲ အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုသင့်တဲ့ ညစ်ညမ်း ရုပ်ရှင်တွေ ကြည့်ပေးခြင်းက အမျိုးသားတွေရဲ့ ချစ်တင်းနှီးနှောစဉ် အရည်အသွေးကို ပိုမိုမြင့်မားစေတယ်လို့ သိရပါတယ်။

ဒီလေ့လာမှုကိုတော့ မီချီဂန် ဆေးတက္ကသိုလ်က သုတေသီတွေဟာ အရွယ်ရောက်ပြီးသူ အမျိုးသမီး ၁၇၁ ယောက်ရဲ့ အိပ်ချိန်တွေနဲ့ ချစ်တင်းနှီးနှောချိန်တွေကို အချိုးကျ တွက်ချက်လေ့လာခဲ့တာပဲဖြစ်ပါတယ်။ အမျိုးသာတွေအတွက်တော့ ကနေဒါနိုင်ငံက Concordia တက္ကသိုလ် စိတ်ပညာ ကျွမ်းကျင်သူတွေဟာ တစ်ပတ်ကို ညစ်ညမ်းရုပ်ရှင် ၂၅နာရီခန့်ကြည့်ပါတယ်လို့ ဝန်ခံထားသူ အမျိုးသား ၁၂၇ ယောက် နဲ့ ညစ်ညမ်းရုပ်ရှင် တစ်ခါမှ မကြည့်ဖူးသူ အမျိုးသား ၂၈၀ ယောက်ကို လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top