iMyanmarHouse.com - Best Property Website for Myanmar
×
(၁) ဆေးလိပ်
(၂) အသားဟင်း ညနေစာ
Credit: trend myanmar
Unicode Version
နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီ့အတွက်ကြောင့် ကောင်းစွာအိပ်ပျော်တဲ့ညကို အမြဲပိုင်ဆိုင်နိုင်ဖို့အတွက် ည ၉ နာရီနောက်ပိုင်းသတိပြုသင့်တဲ့ အချက်လေးတွေသိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆေးလိပ်
ညအိပ်ယာမဝင်ခင်လေးမှာ ဆေးလိပ်သောက်တတ်တဲ့သူတွေဟာ နောက်နေ့မနက်အိပ်ယာနိုးချိန်မှာ မောဟိုက်နွမ်းလျမှုတွေ ခံစားကြရတယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။ နောက်ပြီးတော့ နီကိုတင်းမှ ဟော်မုန်း စီရိုတိုနင်း ခေါ် ဦးနှောက်ကို သတင်းအချက်အလက်ပေးပို့တဲ့ ဓာတ်တစ်မျိုးကို ဖယ်ရှားလိုက်တာကြောင့် REM လို့ခေါ်တဲ့ မျက်စိလှုပ်ရှားမှုနှုန်း ပိုနည်းစေပါတယ်။
(၂) အသားဟင်း ညနေစာ
မိမိရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက် မဖြစ်ချင်ရင် ညအိပ်ယာမဝင်ခင် အစာကို လျော့စားပါ။ အစာမကြေတဲ့ အစားအစာတွေ အများကြီး စားလိုက်မယ်ဆိုရင် အိပ်စက်အနားယူနေချိန် ခန္ဓာကိုယ်အတွင်း ပရိုတိန်းဓာတ်ကို ချေဖျက်မှု ခဲယဉ်းတတ်တာကြောင့်ဖြစ်ပါတယ်။
(၃) ဘရာစီယာ ကျဉ်းကျပ်လွန်းခြင်း
ကျပ်လွန်းတဲ့ အဝတ်အစားတွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။ ခန္ဓာကိုယ် အပူချိန်တက်စေပြီး စီရိုတင်းခေါ် ဦးနှောက်သတင်းအချက်အလက်ပေးပို့မှုကို လျော့နည်းနှေးကွေးစေပါတယ်။ ဒါ့ကြောင့်မို့ ချောင်ချောင်ချိချိ နဲ့ သက်တောင့်သက်သာရှိတဲ့ ညဝတ်အကျၤီဝတ်ပေးဖို့ အကြံပေးချင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကျပ်လွန်းတဲ့ ဘရာစီယာမျိုးတွေ မဝတ်ပဲ ချွတ်အိပ်ဖို့ လိုအပ်ပါတယ်။ ညအိပ်တဲ့အခါ ဖြစ်နိုင်ရင် အတွင်းခံ မဝတ်ပဲ အိပ်စက်ဖို့လိုပါတယ်။
Credit: trend myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top