iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာေပၚမွာေပါက္ေနတဲ့ ဝက္ျခံကိုၾကည့္ျပီး အေရျပားဆရာဝန္ ေတြက လူနာရဲ႕ေရာဂါကို ေဟာကိန္းထုတ္ၾကသလို တ႐ုတ္တိုင္းရင္း သမားေတာ္ေတြကလဲ မ်က္ႏွာအသားအေရနဲ႔ ဝက္ျခံကိုၾကည့္၍ ေဆး ကုသရာ ထိေရာက္မႈရွိတယ္လို႔ ဆိုၾကပါတယ္။ ဒါ Face Mapping ကုသနည္းေလးပါတဲ့။ ဒီေဆာင္းပါးေလးကိုဖတ္႐ႈရင္း မ်က္ႏွာေပၚက ဝက္ျခံအေနအထားကိုၾကည့္ၿပီး မိမိက်န္းမာေရးအေျခအေနကို တေစ့တ ေစာင္းအကဲခတ္၍ ေဝဒနာႀကီးႀကီးမားမားမျဖစ္မီ ႀကိဳတင္ကာကြယ္ ထားႏုိင္ၾကပါရန္ ေအာက္ပါအတိုင္းမွ်ေဝလိုက္ရပါတယ္္။

(၁) နဖူးျပင္ေပၚက ဝက္ျခံမ်ား

ဆီးအိမ္နဲ႔အစာေျခလမ္းေၾကာင္းေပၚမွာ ျပႆနာတစ္ခုခုရွိေနပါ ၿပီ။ အဲဒီေနရာေတြမွာ မၾကာခဏဆိုသလို ဝက္ျခံေပါက္ခဲ့ရင္ ေရမ်ား မ်ားေသာက္ၿပီး အာဟာရျပည့္ဝတဲ့ အစားအစာေတြ ပိုစားေပးရပါမယ္။ (ေဆးသုေတသီေတြရဲ႕အဆိုအမိန္႔ေတြအရ အမ်ဳိးသမီးေတြမွာ အမ်ားဆံုး ေပါက္ေလ့ရွိတဲ့ ေနရာျဖစ္ပါတယ္တဲ့)

(၂) မ်က္ခံုးေမြးႏွစ္ခု အလယ္တည့္တည့္က ဝက္ျခံမ်ား

အသည္းေရာဂါနဲ႔ ဆက္စပ္မႈရွိေနပါတယ္။ ဒါေၾကာင့္ အသည္းကို ထိခိုက္ေစမယ့္ အရက္ေသစာအမ်ဳိးမ်ဳိး၊ ကစီဓာတ္ၾကြယ္ဝတဲ့ အစား အစာမ်ား၊ သၾကား၊ ႏို႔မလိုင္၊ ႏို႔ေထာပတ္ေတြကို ေလွ်ာ့စားေပးရပါမယ္။

(၃) နားရြက္ေတြကို စစ္ေဆးပါ
နားရြက္ႏွစ္ဖက္စလံုးကလဲ ဝဲ၊ ယာ ေက်ာက္ကပ္ေတြနဲ႔ ဆက္ ႏႊယ္မႈရွိေနၾကပါတယ္။ အကယ္၍ နားရြက္ႏွစ္ဖက္လံုးနီၿပီး ပူထူေနတဲ့ အခါ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြမ်ားလာၿပီမို႔ ေရသန္႔မ်ား မ်ားေသာက္ေပးရပါမယ္။ အရက္၊ ေဆာ္ဒါေတြအျပင္ ကဖိန္းဓာတ္ မ်ားျပားတဲ့ လက္ဖက္ရည္၊ ေကာ္ဖီတို႔ကို ေလွ်ာ့ေသာက္ေပးရပါမယ္။

(၄) ပါးေပၚက ဝက္ျခံမ်ား

ပါးျပင္ႏွစ္ဖက္ကေတာ့ အသက္႐ွဴလမ္းေၾကာင္းနဲ႔ သက္ဆိုင္ေနပါ တယ္တဲ့။ အသက္႐ွဴလမ္းေၾကာင္း ပိတ္ဆို႔တဲ့ေဝဒနာရွင္ေတြ၊ Alergies ျဖစ္သူေတြ၊ အသက္႐ွဴလမ္းေၾကာင္းတစ္ေလွ်ာက္ ဆံျခည္မွ်င္ေသြးေၾကာ ေတြ ပ်က္စီးေနသူေတြနဲ႔ ေဆးလိပ္စြဲသူေတြမွာ ပါးေပၚဝက္ျခံေပါက္ ေလ့ရွိပါတယ္။ ပါးရဲ႕ေအာက္ဘက္မွာ ဝက္ျခံေပါက္ေနသူေတြကသြားဖံုး ေရာင္ေဝဒနာနဲ႔ ဆက္စပ္မႈရွိေနျပီမို႔ သြားဆရာဝန္နဲ႔ျပဖို႔လိုပါတယ္။

(၅) ႏွာေခါင္းေပၚက ဝက္ျခံမ်ား
ႏွာေခါင္းပတ္ဝန္းက်င္နဲ႔ ႏွာတံတစ္ေလွ်ာက္ ဝက္ျခံေတြက ႏွလံုး နဲ႔ေသြးတိုးေရာဂါျဖစ္ေၾကာင္းကိုညႊန္ျပပါတယ္။ လက္ရွိသံုးစြဲေနတဲ့ႏႈတ္ ခမ္းဆိုးေဆး၊ လိုင္နာေတြနဲ႔ဓာတ္မတည့္တဲ့အခါ၊
ႏွာေခါင္းရဲ႕ ေအာက္ ေျခ(သို႔မဟုတ္)အေပၚႏႈတ္ခမ္းရဲ႕အထက္ပိုင္းမွာ ဝက္ျခံထြက္လာတတ္ လို႔ ႏႈတ္ခမ္းဆိုးေဆးေနာက္တစ္မ်ိဳး
ေျပာင္းလဲဆိုးေပးသင့္ပါတယ္။

(၆) မ်က္လံုးတစ္ဝိုက္ေပၚက ဝက္ျခံမ်ား
ေက်ာက္ကပ္ေဝဒနာသည္မ်ားက နားထင္နဲ႔ မ်က္လံုးပတ္ဝန္းက်င္ ေတြမွာ ဝက္ျခံထြက္ေလ့ရွိၾကပါတယ္တဲ့။ မ်ိဳး႐ိုးဗီဇေၾကာင့္ မ်က္ကြင္း ညိဳသူေတြကိုမဆိုလိုေသာ္လဲ ရံဖန္ရံခါ(သို႔မဟုတ္)မၾကာခဏ မ်က္ကြင္း ညိဳတတ္သူေတြဟာ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ဆံုး႐ႈံးေနတာကို ေဖာ္ျပ တာေၾကာင့္ ေရမ်ားမ်ားေသာက္ရင္း အရည္ရႊမ္းတဲ့ သစ္သီးေတြစားေပးဖို႔ လိုပါတယ္။

(၇) ေမးေစ့ေပၚက ဝက္ျခံမ်ား
ေမးေစ့နဲ႔ေမးဖ်ားတစ္ဝိုက္ဝက္ျခံေတြက ခႏၶာကိုယ္တြင္းေဟာ္မုန္း ေတြ ေဖာက္ျပန္ေနၿပီျဖစ္ေၾကာင္းကို ေဖာ္ျပေန
တာျဖစ္ၿပီး ဓမၼတာရာသီ လာခါနီးကာလေတြနဲ႔ စိတ္ဖိစီးမႈမ်ားတဲ့သူေတြမွာ ေပါက္ေလ့ရွိပါတယ္။ ဒါ့အျပင္ ဝမ္းခ်ဳပ္သူေတြနဲ႔ ခႏၶာကိုယ္တြင္း အပူအပုပ္မ်ားသူေတြလဲ ေမးေစ့ ေပၚမွာ ဝက္ျခံေပါက္တတ္တာမို႔ အမွ်င္ဓာတ္မ်ားတဲ့ အစားအစာေတြ မ်ားမ်ားစားေပးသင့္ပါတယ္။

(၈) ေအာက္ႏႈတ္ခမ္း(သြားရည္စီးေၾကာင္းတစ္ေလွ်ာက္)ႏွင့္
ေမး႐ိုး ေပၚက ဝက္ျခံမ်ား

ေဟာ္မုန္းမညီမွ်သူေတြမွာလဲ အဲဒီလိုေနရာေတြမွာ ဝက္ျခံေပါက္ တတ္ၿပီး သြားပိုးစားသူေတြ၊ ခံတြင္းပုပ္သူေတြ၊ ခံတြင္းေရာဂါ အမ်ဳိးမ်ဳိး နဲ႔ ဆက္စပ္ေနတာျဖစ္လို႔ မေပါ့ဆသင့္ပါဘူး။ နီးစပ္ရာ သြားဆရာဝန္ နဲ႔ အျမန္ဆံုးကုသမႈခံယူသင့္ပါၿပီ။

(၉) လည္ပင္းေတြ နီျမန္းေနျခင္း
အေအးမိ၊ ႏွာေစးစတဲ့ ရာသီဖ်ားနာတုပ္ေကြးပိုးေတြ ကူးစက္ခံ ရတဲ့အခါ လည္ပင္းေတြနီျမန္းလာတတ္ပါတယ္။ အဲဒီအခါမ်ဳိးမွာ အာဟာရျပည့္ဝတဲ့အစားအစာေတြစားရင္း ေကာင္းေကာင္းအနားယူပါ။ ေနပူထဲလံုးဝမထြက္ဘဲ ေရမ်ားမ်ားေသာက္ဖို႔လဲ (အထူး)လိုအပ္ပါ တယ္။


Credit : thithtoolwin


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


မျက်နှာပေါ်မှာပေါက်နေတဲ့ ဝက်ခြံကိုကြည့်ပြီး အရေပြားဆရာဝန် တွေက လူနာရဲ့ရောဂါကို ဟောကိန်းထုတ်ကြသလို တရုတ်တိုင်းရင်း သမားတော်တွေကလဲ မျက်နှာအသားအရေနဲ့ ဝက်ခြံကိုကြည့်၍ ဆေး ကုသရာ ထိရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။ ဒါ Face Mapping ကုသနည်းလေးပါတဲ့။ ဒီဆောင်းပါးလေးကိုဖတ်ရှုရင်း မျက်နှာပေါ်က ဝက်ခြံအနေအထားကိုကြည့်ပြီး မိမိကျန်းမာရေးအခြေအနေကို တစေ့တ စောင်းအကဲခတ်၍ ဝေဒနာကြီးကြီးမားမားမဖြစ်မီ ကြိုတင်ကာကွယ် ထားနိုင်ကြပါရန် အောက်ပါအတိုင်းမျှဝေလိုက်ရပါတယ်။

(၁) နဖူးပြင်ပေါ်က ဝက်ခြံများ

ဆီးအိမ်နဲ့အစာခြေလမ်းကြောင်းပေါ်မှာ ပြဿနာတစ်ခုခုရှိနေပါ ပြီ။ အဲဒီနေရာတွေမှာ မကြာခဏဆိုသလို ဝက်ခြံပေါက်ခဲ့ရင် ရေများ များသောက်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပိုစားပေးရပါမယ်။ (ဆေးသုတေသီတွေရဲ့အဆိုအမိန့်တွေအရ အမျိုးသမီးတွေမှာ အများဆုံး ပေါက်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်တဲ့)

(၂) မျက်ခုံးမွေးနှစ်ခု အလယ်တည့်တည့်က ဝက်ခြံများ

အသည်းရောဂါနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒါကြောင့် အသည်းကို ထိခိုက်စေမယ့် အရက်သေစာအမျိုးမျိုး၊ ကစီဓာတ်ကြွယ်ဝတဲ့ အစား အစာများ၊ သကြား၊ နို့မလိုင်၊ နို့ထောပတ်တွေကို လျှော့စားပေးရပါမယ်။

(၃) နားရွက်တွေကို စစ်ဆေးပါ
နားရွက်နှစ်ဖက်စလုံးကလဲ ဝဲ၊ ယာ ကျောက်ကပ်တွေနဲ့ ဆက် နွှယ်မှုရှိနေကြပါတယ်။ အကယ်၍ နားရွက်နှစ်ဖက်လုံးနီပြီး ပူထူနေတဲ့ အခါ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများလာပြီမို့ ရေသန့်များ များသောက်ပေးရပါမယ်။ အရက်၊ ဆော်ဒါတွေအပြင် ကဖိန်းဓာတ် များပြားတဲ့ လက်ဖက်ရည်၊ ကော်ဖီတို့ကို လျှော့သောက်ပေးရပါမယ်။

(၄) ပါးပေါ်က ဝက်ခြံများ

ပါးပြင်နှစ်ဖက်ကတော့ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်နေပါ တယ်တဲ့။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ဝေဒနာရှင်တွေ၊ Alergies ဖြစ်သူတွေ၊ အသက်ရှူလမ်းကြောင်းတစ်လျှောက် ဆံခြည်မျှင်သွေးကြော တွေ ပျက်စီးနေသူတွေနဲ့ ဆေးလိပ်စွဲသူတွေမှာ ပါးပေါ်ဝက်ခြံပေါက် လေ့ရှိပါတယ်။ ပါးရဲ့အောက်ဘက်မှာ ဝက်ခြံပေါက်နေသူတွေကသွားဖုံး ရောင်ဝေဒနာနဲ့ ဆက်စပ်မှုရှိနေပြီမို့ သွားဆရာဝန်နဲ့ပြဖို့လိုပါတယ်။

(၅) နှာခေါင်းပေါ်က ဝက်ခြံများ
နှာခေါင်းပတ်ဝန်းကျင်နဲ့ နှာတံတစ်လျှောက် ဝက်ခြံတွေက နှလုံး နဲ့သွေးတိုးရောဂါဖြစ်ကြောင်းကိုညွှန်ပြပါတယ်။ လက်ရှိသုံးစွဲနေတဲ့နှုတ် ခမ်းဆိုးဆေး၊ လိုင်နာတွေနဲ့ဓာတ်မတည့်တဲ့အခါ၊
နှာခေါင်းရဲ့ အောက် ခြေ(သို့မဟုတ်)အပေါ်နှုတ်ခမ်းရဲ့အထက်ပိုင်းမှာ ဝက်ခြံထွက်လာတတ် လို့ နှုတ်ခမ်းဆိုးဆေးနောက်တစ်မျိုး
ပြောင်းလဲဆိုးပေးသင့်ပါတယ်။

(၆) မျက်လုံးတစ်ဝိုက်ပေါ်က ဝက်ခြံများ
ကျောက်ကပ်ဝေဒနာသည်များက နားထင်နဲ့ မျက်လုံးပတ်ဝန်းကျင် တွေမှာ ဝက်ခြံထွက်လေ့ရှိကြပါတယ်တဲ့။ မျိုးရိုးဗီဇကြောင့် မျက်ကွင်း ညိုသူတွေကိုမဆိုလိုသော်လဲ ရံဖန်ရံခါ(သို့မဟုတ်)မကြာခဏ မျက်ကွင်း ညိုတတ်သူတွေဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ဆုံးရှုံးနေတာကို ဖော်ပြ တာကြောင့် ရေများများသောက်ရင်း အရည်ရွှမ်းတဲ့ သစ်သီးတွေစားပေးဖို့ လိုပါတယ်။

(၇) မေးစေ့ပေါ်က ဝက်ခြံများ
မေးစေ့နဲ့မေးဖျားတစ်ဝိုက်ဝက်ခြံတွေက ခန္ဓာကိုယ်တွင်းဟော်မုန်း တွေ ဖောက်ပြန်နေပြီဖြစ်ကြောင်းကို ဖော်ပြနေ
တာဖြစ်ပြီး ဓမ္မတာရာသီ လာခါနီးကာလတွေနဲ့ စိတ်ဖိစီးမှုများတဲ့သူတွေမှာ ပေါက်လေ့ရှိပါတယ်။ ဒါ့အပြင် ဝမ်းချုပ်သူတွေနဲ့ ခန္ဓာကိုယ်တွင်း အပူအပုပ်များသူတွေလဲ မေးစေ့ ပေါ်မှာ ဝက်ခြံပေါက်တတ်တာမို့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ များများစားပေးသင့်ပါတယ်။

(၈) အောက်နှုတ်ခမ်း(သွားရည်စီးကြောင်းတစ်လျှောက်)နှင့်
မေးရိုး ပေါ်က ဝက်ခြံများ

ဟော်မုန်းမညီမျှသူတွေမှာလဲ အဲဒီလိုနေရာတွေမှာ ဝက်ခြံပေါက် တတ်ပြီး သွားပိုးစားသူတွေ၊ ခံတွင်းပုပ်သူတွေ၊ ခံတွင်းရောဂါ အမျိုးမျိုး နဲ့ ဆက်စပ်နေတာဖြစ်လို့ မပေါ့ဆသင့်ပါဘူး။ နီးစပ်ရာ သွားဆရာဝန် နဲ့ အမြန်ဆုံးကုသမှုခံယူသင့်ပါပြီ။

(၉) လည်ပင်းတွေ နီမြန်းနေခြင်း
အအေးမိ၊ နှာစေးစတဲ့ ရာသီဖျားနာတုပ်ကွေးပိုးတွေ ကူးစက်ခံ ရတဲ့အခါ လည်ပင်းတွေနီမြန်းလာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ အာဟာရပြည့်ဝတဲ့အစားအစာတွေစားရင်း ကောင်းကောင်းအနားယူပါ။ နေပူထဲလုံးဝမထွက်ဘဲ ရေများများသောက်ဖို့လဲ (အထူး)လိုအပ်ပါ တယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top