iMyanmarHouse.com - Best Property Website for Myanmar
×






Credit : duwun



#Unicode Version

အန်ဂျလီနာဂျိုလီဟာ သူမနဲ့ ၁၂ နှစ်ကြာ ပေါင်းသင်းလာတဲ့ ခင်ပွန်းဖြစ်သူ ဘရတ်ပစ်နဲ့ ကွာရှင်းပေးဖို့ ရုံးတော်မှာ လျှောက်ထားလိုက်ပါတယ်။

ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်လျှောက်လွှာအပြင် ကလေးခြောက်ဦးကို အုပ်ထိန်းခွင့်ရရှိရေးပါ တစ်ပါတည်း လျှောက်ထားလိုက်ကြောင်း TMZ သတင်းက ဖော်ပြထားပါတယ်။

သတင်းရင်းမြစ်တွေအရတော့ ဂျိုလီဟာ ဘရတ်ပစ်ရဲ့ ကလေးတွေအပေါ်အုပ်ထိန်းမှုပုံစံကြောင့် အကြီးအကျယ် စိတ်ဆင်းရဲပြီး ကွာရှင်းခွင့်တောင်းရတယ်လို့ သိရပါတယ်။

ဘရတ်ပစ်နဲ့ဂျိုလီဟာ Mr. & Mrs. Smith ဇာတ်ကားမှာ အတူတကွ သရုပ်ဆောင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၀၄ ခုနှစ် သြဂုတ်လမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတိုစုံတွဲမှာ မွေးစားကလေး ၄ ဦး အပါအဝင် ရင်သွေး ၆ ဦးကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

အခြား သတင်းတွေရဲ့ အဆိုအရ ဘရတ်ပစ်ဟာ Five Seconds of Silence ဇာတ်ကားရိုက်ကူးစဉ် မင်းသမီး မာရီယွန် ကော့တီလတ်ဒ်နဲ့ ဇာတ်လမ်းဖြစ်ခဲ့တာကြောင့် ဂျိုလီက ကွာရှင်းခွင့် လျှောက်ထားခဲ့တာလို့လည်း သိရပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top