iMyanmarHouse.com - Best Property Website for Myanmar
×

(၁) မိသားစု
ဘယ့္ေတာ့မွ အစားျပန္မရေတာ့မယ့္အထဲမွာ မိသားစုပါဝင္ပါတယ္။ သင္ကုိယ္တုိင္ တည္ေဆာက္ထားတဲ့ မိသားစုပဲျဖစ္ျဖစ္၊ သင့္မိဘေတြနဲ႔ ဆုိင္တဲ့ မိသားစုပဲျဖစ္ျဖစ္ သင့္အေနနဲ႔ တန္ဖုိးထားသင့္ပါတယ္။ လူအေတာ္မ်ားမ်ားဟာ ကုိယ္နဲ႔အရင္းႏွီးဆံုး မိသားစုကုိ လ်စ္လ်ဴရႈျပီး တျခားေသာအရာမ်ားကုိ အာရံုစုိက္တတ္ၾကပါတယ္။ သင့္ရဲ႕ေအာင္ျမင္မႈ၊ က်ရံႈးမႈေတြကုိ ဂရုမစုိက္ဘဲ သင့္အတြက္ ေႏြးေထြးမႈေပးမယ့္ အသုိက္အျမံဳေလးက မိသားစုပါပဲ။

(၂) မိတ္ေဆြေကာင္းမ်ား
သူငယ္ခ်င္းဆုိတာ မ်ားပါတယ္။ ဒါေပမယ့္ မိတ္ေဆြေကာင္းဆုိတာေတာ့ ရွားပါတယ္။ လူတစ္ေယာက္ဟာ ခင္မင္ဖုိ႔ေကာင္းခ်င္ေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ ကုိယ့္ရဲ႕ သူငယ္ခ်င္းေကာင္းစာရင္းထဲကိုေတာ့ ဝင္လာခ်င္မွ ဝင္လာပါလိမ့္မယ္။ မိတ္ေဆြေကာင္းဆုိတာ အျပန္အလွန္သေဘာေဆာင္တဲ့အတြက္ သင္က မိတ္ေဆြေကာင္းလုိခ်င္ရင္ သင္ကုိယ္တုိင္လည္း မိတ္ေဆြေကာင္းတစ္ေယာက္ ျဖစ္ရပါမယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြ၊ ေဖးမမႈေတြ၊ ေဝဖန္မႈေတြနဲ႔ပဲ မိတ္ေဆြေကာင္းရွိလာျပီဆုိရင္ေတာ့ သင့္အေနနဲ႔ သူ႔ကုိတန္ဖိုးထားရမယ့္စာရင္းထဲ ထည့္သင့္ပါတယ္။

(၃) ဘဝရည္မွန္းခ်က္ပန္းတုိင္
သင့္ဘဝကို ပဲ့ကုိင္ေပးမယ့္ ရြက္တုိင္ကေတာ့ သင့္ရည္မွန္းခ်က္ အိမ္မက္ပါပဲ။ ဒီရည္မွန္းခ်က္သာ မရွိခဲ့ရင္ သင့္ဘဝဟာ ဟုိကူး၊ဒီကူးနဲ႔ ဘယ္ေတာ့မွ တည္ျငိမ္ရာရမွာ မဟုတ္ပါဘူး။ ဒီေတာ့ ရည္မွန္းခ်က္ဆုိတာဟာ ဘဝမွာ ရွိကုိရွိသင့္တဲ့အရာတစ္ခုပါ။ အလုပ္နဲ႔ပတ္သက္တဲ့ရည္မွန္းခ်က္၊ ပညာေရးနဲ႔ ပတ္သက္တဲ့ ရည္မွန္းခ်က္၊ မိသားစုနဲ႔ ပတ္သက္တဲ့ ရည္မွန္းခ်က္၊.. စသျဖင့္ေပါ့။ ဘာကုိျဖစ္ခ်င္မွန္းမသိလုိ႔ ရည္မွန္းခ်က္မရွိဘူးဆိုရင္ ပန္းတုိင္တစ္ခုကို အခ်ိန္မွီ တည္ေဆာက္ပါ။ ျပီးရင္ တန္ဖုိးထားရမယ့္စာရင္းထဲမွာထည့္ျပီး တယုတယကုိ တန္ဖုိးထားလုိက္ပါ။

(၄) ကုိယ္လုိခ်င္တဲ့အရာမ်ား
ဒီအခ်က္ကိုေတာ့ လူအေတာ္မ်ားမ်ား လုိက္နာေလ့ရွိပါတယ္။ ဒါေပမယ့္ အရင္ဆံုး ကုိယ္ဘာလုိခ်င္လဲဆုိတာကုိ ေရေရရာရာ အရင္သိမွျဖစ္ပါမယ္။ ကုိယ္က ေငြေၾကးကိုလုိခ်င္တာလား၊ ေက်ာ္ၾကားမႈလား၊ ေလးစားခံရမႈေတြလား။ ဘာကိုလုိခ်င္လဲ သိရပါမယ္။ သူမ်ားက ေငြကုိလုိခ်င္လုိ႔ ကုိယ္လည္း ေငြလုိခ်င္တယ္။ သူမ်ားက ေက်ာ္ၾကားခ်င္လို႔ ကုိယ္လည္း ေက်ာ္ၾကားခ်င္တယ္ဆုိတာမ်ိဳးက ကုိယ္လိုခ်င္တဲ့ အစစ္မွန္တစ္ခု ျဖစ္ခ်င္မွ ျဖစ္ပါလိမ့္မယ္။

(၅) ကုိယ္က်င့္တရား
ေအာင္ျမင္မႈနဲ႔ လုိခ်င္တဲ့အရာေတြကုိ ဖန္တီးယူတဲ့အခါမွာ တစ္ခါတစ္ရံ ကုိယ္က်င့္တရားကိုတာကို လ်စ္လ်ဴရႈလုိက္တဲ့သူေတြ ရွိပါတယ္။ တကယ္ေတာ့ ကုိယ္က်င့္တရားဆုိတာ သင့္ရဲ႕ ပံုရိပ္ပါ။ သင္တန္ဖုိးထားရမယ့္ အေရးအၾကီးဆံုး အခ်က္ေတြထဲကတစ္ခုပါ။ ကားေကာင္းေကာင္းစီး၊ တုိက္ေကာင္းေကာင္းေနရဖို႔အတြက္ ဘယ္ေတာ့မွ သင့္မ်က္ႏွာကုိ ဓါးနဲ႔မလွီးလုိက္ပါနဲ႔။ ကုိယ္က်င့္တရားဆုိတာ တျခားသူေတြက သင့္ကုိျမင္ေနရမယ့္ မ်က္ႏွာတစ္ခုလုိပါပဲ။

Credit:ulaygyissk

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

(၁) မိသားစု
ဘယ့်တော့မှ အစားပြန်မရတော့မယ့်အထဲမှာ မိသားစုပါဝင်ပါတယ်။ သင်ကိုယ်တိုင် တည်ဆောက်ထားတဲ့ မိသားစုပဲဖြစ်ဖြစ်၊ သင့်မိဘတွေနဲ့ ဆိုင်တဲ့ မိသားစုပဲဖြစ်ဖြစ် သင့်အနေနဲ့ တန်ဖိုးထားသင့်ပါတယ်။ လူအတော်များများဟာ ကိုယ်နဲ့အရင်းနှီးဆုံး မိသားစုကို လျစ်လျူရှုပြီး တခြားသောအရာများကို အာရုံစိုက်တတ်ကြပါတယ်။ သင့်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဂရုမစိုက်ဘဲ သင့်အတွက် နွေးထွေးမှုပေးမယ့် အသိုက်အမြုံလေးက မိသားစုပါပဲ။

(၂) မိတ်ဆွေကောင်းများ
သူငယ်ချင်းဆိုတာ များပါတယ်။ ဒါပေမယ့် မိတ်ဆွေကောင်းဆိုတာတော့ ရှားပါတယ်။ လူတစ်ယောက်ဟာ ခင်မင်ဖို့ကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သူငယ်ချင်းကောင်းစာရင်းထဲကိုတော့ ဝင်လာချင်မှ ဝင်လာပါလိမ့်မယ်။ မိတ်ဆွေကောင်းဆိုတာ အပြန်အလှန်သဘောဆောင်တဲ့အတွက် သင်က မိတ်ဆွေကောင်းလိုချင်ရင် သင်ကိုယ်တိုင်လည်း မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ ဖေးမမှုတွေ၊ ဝေဖန်မှုတွေနဲ့ပဲ မိတ်ဆွေကောင်းရှိလာပြီဆိုရင်တော့ သင့်အနေနဲ့ သူ့ကိုတန်ဖိုးထားရမယ့်စာရင်းထဲ ထည့်သင့်ပါတယ်။

(၃) ဘဝရည်မှန်းချက်ပန်းတိုင်
သင့်ဘဝကို ပဲ့ကိုင်ပေးမယ့် ရွက်တိုင်ကတော့ သင့်ရည်မှန်းချက် အိမ်မက်ပါပဲ။ ဒီရည်မှန်းချက်သာ မရှိခဲ့ရင် သင့်ဘဝဟာ ဟိုကူး၊ဒီကူးနဲ့ ဘယ်တော့မှ တည်ငြိမ်ရာရမှာ မဟုတ်ပါဘူး။ ဒီတော့ ရည်မှန်းချက်ဆိုတာဟာ ဘဝမှာ ရှိကိုရှိသင့်တဲ့အရာတစ်ခုပါ။ အလုပ်နဲ့ပတ်သက်တဲ့ရည်မှန်းချက်၊ ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်၊ မိသားစုနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်၊.. စသဖြင့်ပေါ့။ ဘာကိုဖြစ်ချင်မှန်းမသိလို့ ရည်မှန်းချက်မရှိဘူးဆိုရင် ပန်းတိုင်တစ်ခုကို အချိန်မှီ တည်ဆောက်ပါ။ ပြီးရင် တန်ဖိုးထားရမယ့်စာရင်းထဲမှာထည့်ပြီး တယုတယကို တန်ဖိုးထားလိုက်ပါ။

(၄) ကိုယ်လိုချင်တဲ့အရာများ
ဒီအချက်ကိုတော့ လူအတော်များများ လိုက်နာလေ့ရှိပါတယ်။ ဒါပေမယ့် အရင်ဆုံး ကိုယ်ဘာလိုချင်လဲဆိုတာကို ရေရေရာရာ အရင်သိမှဖြစ်ပါမယ်။ ကိုယ်က ငွေကြေးကိုလိုချင်တာလား၊ ကျော်ကြားမှုလား၊ လေးစားခံရမှုတွေလား။ ဘာကိုလိုချင်လဲ သိရပါမယ်။ သူများက ငွေကိုလိုချင်လို့ ကိုယ်လည်း ငွေလိုချင်တယ်။ သူများက ကျော်ကြားချင်လို့ ကိုယ်လည်း ကျော်ကြားချင်တယ်ဆိုတာမျိုးက ကိုယ်လိုချင်တဲ့ အစစ်မှန်တစ်ခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

(၅) ကိုယ်ကျင့်တရား
အောင်မြင်မှုနဲ့ လိုချင်တဲ့အရာတွေကို ဖန်တီးယူတဲ့အခါမှာ တစ်ခါတစ်ရံ ကိုယ်ကျင့်တရားကိုတာကို လျစ်လျူရှုလိုက်တဲ့သူတွေ ရှိပါတယ်။ တကယ်တော့ ကိုယ်ကျင့်တရားဆိုတာ သင့်ရဲ့ ပုံရိပ်ပါ။ သင်တန်ဖိုးထားရမယ့် အရေးအကြီးဆုံး အချက်တွေထဲကတစ်ခုပါ။ ကားကောင်းကောင်းစီး၊ တိုက်ကောင်းကောင်းနေရဖို့အတွက် ဘယ်တော့မှ သင့်မျက်နှာကို ဓါးနဲ့မလှီးလိုက်ပါနဲ့။ ကိုယ်ကျင့်တရားဆိုတာ တခြားသူတွေက သင့်ကိုမြင်နေရမယ့် မျက်နှာတစ်ခုလိုပါပဲ။


Credit:ulaygyissk

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top