iMyanmarHouse.com - Best Property Website for Myanmar
×

ေရာဂါမျဖစ္ေအာင္ အေကာင္းဆံုး လုပ္ေဆာင္ႏုိင္တဲ့ နည္းလမ္းကေတာ့ ေနထိုင္စားေသာက္မႈပံုစံကို ေျပာင္းလဲလုိက္ျခင္းပါပဲ။ ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုထိေရာက္ပါတယ္။

ဆီးခ်ိဳ နံပတ္ ၂ မျဖစ္ေအာင္ အေျခခံအခ်က္ ၈ ခ်က္ကို လုိက္နာသင့္ပါတယ္။

၁။ မၾကာခဏ ဆိုသလို ဆီးခ်ိဳးတိုင္းစက္နဲ႔ ဆီးခ်ိဳစစ္ေပးပါ။ ဆရာဝန္နဲ႔ ေသခ်ာတုိင္ပင္ၿပီး စစ္ရင္ေတာ့ ဆီးခ်ိဳးျဖစ္ဖို႔ အလားအလာ ရွိမရွိကိုပါသိႏုိင္ပါတယ္။

၂။ လႈပ္လႈပ္ရွားရွားလုပ္ေပးပါ။ ေလ့က်င့္ခန္းမလုပ္ရင္ေတာင္ အိမ္အလုပ္ေတြ လုပ္ေပးပါ။ တီဗီေရွ႕မွာပဲ ထိုင္မေနပါနဲ႔။

၃။ ကစီဓာတ္မ်ားတဲ့ အစားအေသာက္ေတြေရွာင္ပါ။ ဒါဟာ ၁၈ ႏွစ္ၾကာလုပ္ထားတဲ့ သုေတသန ရလဒ္က ထြက္ေပၚလာတာ ျဖစ္ပါတယ္။

၄။ အခ်ိဳေတြ မ်ားမ်ား မစားမိေအာင္ေရွာင္ပါ။ သၾကားဓာတ္ပါတဲ့ အခ်ိရည္ေတြ၊ ေဆာ္ဒါပါတာေတြမ်ားမ်ား မေသာက္မိပါေစနဲ႔။ ေရသာမ်ားမ်ားေသာက္ေပးပါ။

၅။ အဆီဓာတ္မွ်တေအာင္ စာေပးပါ။ ခႏၶာကိုယ္မွာ အဆီလံုးလံုး မရွိလု႔ိလည္းမျဖစ္ပါဘူး။ ေကာင္းက်ိဳးျပဳတဲ့ အဆီနဲ႔ ေကာင္းက်ိဳးမျပဳတဲ့ အဆီဆိုၿပီးရွိပါတယ္။ ဥပမာ ဟင္း႐ြက္ဆီေတြလိုမ်ိဳးပါ။

၆။ အမဲသားလိုမ်ိဳး အနီေရာင္အသားမ်ိဳးေတြနဲ႔ အရန္သင့္စားလို႔ရေအာင္ ျပဳျပင္ထုတ္လုပ္ထားတဲ့ အသင္စား အသားေတြကို မ်ားမ်ား မစားပါနဲ႔။

၇။ ေဆးလိပ္မေသာက္ပါနဲ႔။ ေဆးလိပ္တစ္မ်ိဳးတည္းနဲ႔တင္ ဆီးခ်ိဳျဖစ္ႏုိင္ေခ်ရွိပါတယ္။

၈။ အယ္လ္ကိုေဟာဓာတ္ပါတဲ့ ေသာက္စရာေတြကို ေဆးျဖစ္ဝါးျဖစ္ မီွဝဲႏုိင္ပါတယ္။ သင့္ေတာ္တဲ့ ပမာဏေလာက္ ေသာက္ေပးမယ္ဆိုရင္ ႏွလံုးေရာဂါနဲ႔အတူ ဆီးခ်ိဳကိုလည္း ကာကြယ္ေပးမွာပါ။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရောဂါမဖြစ်အောင် အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းပါပဲ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်ပါတယ်။

ဆီးချို နံပတ် ၂ မဖြစ်အောင် အခြေခံအချက် ၈ ချက်ကို လိုက်နာသင့်ပါတယ်။

၁။ မကြာခဏ ဆိုသလို ဆီးချိုးတိုင်းစက်နဲ့ ဆီးချိုစစ်ပေးပါ။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စစ်ရင်တော့ ဆီးချိုးဖြစ်ဖို့ အလားအလာ ရှိမရှိကိုပါသိနိုင်ပါတယ်။

၂။ လှုပ်လှုပ်ရှားရှားလုပ်ပေးပါ။ လေ့ကျင့်ခန်းမလုပ်ရင်တောင် အိမ်အလုပ်တွေ လုပ်ပေးပါ။ တီဗီရှေ့မှာပဲ ထိုင်မနေပါနဲ့။

၃။ ကစီဓာတ်များတဲ့ အစားအသောက်တွေရှောင်ပါ။ ဒါဟာ ၁၈ နှစ်ကြာလုပ်ထားတဲ့ သုတေသန ရလဒ်က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၄။ အချိုတွေ များများ မစားမိအောင်ရှောင်ပါ။ သကြားဓာတ်ပါတဲ့ အချိရည်တွေ၊ ဆော်ဒါပါတာတွေများများ မသောက်မိပါစေနဲ့။ ရေသာများများသောက်ပေးပါ။

၅။ အဆီဓာတ်မျှတအောင် စာပေးပါ။ ခန္ဓာကိုယ်မှာ အဆီလုံးလုံး မရှိလု့ိလည်းမဖြစ်ပါဘူး။ ကောင်းကျိုးပြုတဲ့ အဆီနဲ့ ကောင်းကျိုးမပြုတဲ့ အဆီဆိုပြီးရှိပါတယ်။ ဥပမာ ဟင်းရွက်ဆီတွေလိုမျိုးပါ။

၆။ အမဲသားလိုမျိုး အနီရောင်အသားမျိုးတွေနဲ့ အရန်သင့်စားလို့ရအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ အသင်စား အသားတွေကို များများ မစားပါနဲ့။

၇။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်တစ်မျိုးတည်းနဲ့တင် ဆီးချိုဖြစ်နိုင်ချေရှိပါတယ်။

၈။ အယ်လ်ကိုဟောဓာတ်ပါတဲ့ သောက်စရာတွေကို ဆေးဖြစ်ဝါးဖြစ် မှီဝဲနိုင်ပါတယ်။ သင့်တော်တဲ့ ပမာဏလောက် သောက်ပေးမယ်ဆိုရင် နှလုံးရောဂါနဲ့အတူ ဆီးချိုကိုလည်း ကာကွယ်ပေးမှာပါ။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top