iMyanmarHouse.com - Best Property Website for Myanmar
×

ခံတြင္းနံ႔ ဆိုးတဲ့အခါ ပီေကတစ္ခုခု ေကာက္ဝါးလိုက္တာမ်ိဳး၊ LISTERINE အမွတ္တံဆိပ္လို ခံတြင္းသန္႔ေဆးရည္ အသံုးျပဳလုိက္တာမ်ိဳးဟာ ျပႆနာကို ယာယီသာ ေျဖရွင္းႏုိင္ပါတယ္။ မၾကာခဏ ခံတြင္းနံ႔ ထြက္တတ္တယ္လို႔ ကိုယ့္ကိုကုိယ္ ထင္ေနတယ္ဆိုၿပီး ေအာက္ပါအခ်က္ေတြ လိုက္လုပ္ၾကည့္ဖို႔ သြားဆရာဝန္ေတြကုိယ္တုိင္ အႀကံျပဳထားပါတယ္။

၁။ လွ်ာကို ေဆးေၾကာျခင္း

သြားတိုက္တဲ့အခါ သြားနဲ႔ သြားဖံုးေတြသာမက လွ်ာကိုလည္း ေသေသခ်ာခ်ာ တုိက္သင့္ပါတယ္။ ဘက္တီးရီးယားေတြဟာ လွ်ာေပၚမွာလည္း ရွိတတ္လို႔ပါ။

၂။ ေရမ်ားမ်ားေသာက္

ေရမ်ားမ်ား ေသာက္ဖို႔ လိုပါတယ္။ ေရဓာတ္ခမ္းေျခာက္လာတဲ့အခါ ခံတြင္းေျခာက္ကပ္ၿပီး ဘက္တီးရီးယားေတြ မ်ားလာတတ္ပါတယ္။ ေကာ္ဖီ၊  အရက္နဲ႔ ေဆးလိပ္ေတြကလည္း ခံတြင္းေျခာက္ေစတတ္ပါတယ္။

၃။ စားၿပီးတိုင္း သြားတုိက္

ဘာပဲစားစား စားၿပီးတုိင္းသြားတုိက္ႏုိင္ရင္ အေကာင္းဆံုးပါပဲ။ သြားၾကားေတြထဲမွာ အစားေသာက္ ၾကြင္းက်န္ေတြ ကပ္မေနရင္ ခံတြင္းနံ႔ထြက္ဖို႔ မလြယ္ကူေတာ့ပါဘူး။

၄။ အျခား

ဒါေတြ လုပ္ၾကည့္လို႔ မထူးျခားရင္ေတာ့ သင့္မွာ အျခားခံတြင္းေရာဂါတစ္ခုခု ရွိေနတာလည္း ျဖစ္ႏုိင္ပါတယ္။ အဲဒီအခါက်ရင္ေတာ့ ဆရာဝန္ဆီ သြားသင့္ပါတယ္။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



Unicode Version

ခံတွင်းနံ့ ဆိုးတဲ့အခါ ပီကေတစ်ခုခု ကောက်ဝါးလိုက်တာမျိုး၊ LISTERINE အမှတ်တံဆိပ်လို ခံတွင်းသန့်ဆေးရည် အသုံးပြုလိုက်တာမျိုးဟာ ပြဿနာကို ယာယီသာ ဖြေရှင်းနိုင်ပါတယ်။ မကြာခဏ ခံတွင်းနံ့ ထွက်တတ်တယ်လို့ ကိုယ့်ကိုကိုယ် ထင်နေတယ်ဆိုပြီး အောက်ပါအချက်တွေ လိုက်လုပ်ကြည့်ဖို့ သွားဆရာဝန်တွေကိုယ်တိုင် အကြံပြုထားပါတယ်။

၁။ လျှာကို ဆေးကြောခြင်း

သွားတိုက်တဲ့အခါ သွားနဲ့ သွားဖုံးတွေသာမက လျှာကိုလည်း သေသေချာချာ တိုက်သင့်ပါတယ်။ ဘက်တီးရီးယားတွေဟာ လျှာပေါ်မှာလည်း ရှိတတ်လို့ပါ။

၂။ ရေများများသောက်

ရေများများ သောက်ဖို့ လိုပါတယ်။ ရေဓာတ်ခမ်းခြောက်လာတဲ့အခါ ခံတွင်းခြောက်ကပ်ပြီး ဘက်တီးရီးယားတွေ များလာတတ်ပါတယ်။ ကော်ဖီ၊  အရက်နဲ့ ဆေးလိပ်တွေကလည်း ခံတွင်းခြောက်စေတတ်ပါတယ်။

၃။ စားပြီးတိုင်း သွားတိုက်

ဘာပဲစားစား စားပြီးတိုင်းသွားတိုက်နိုင်ရင် အကောင်းဆုံးပါပဲ။ သွားကြားတွေထဲမှာ အစားသောက် ကြွင်းကျန်တွေ ကပ်မနေရင် ခံတွင်းနံ့ထွက်ဖို့ မလွယ်ကူတော့ပါဘူး။

၄။ အခြား

ဒါတွေ လုပ်ကြည့်လို့ မထူးခြားရင်တော့ သင့်မှာ အခြားခံတွင်းရောဂါတစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအခါကျရင်တော့ ဆရာဝန်ဆီ သွားသင့်ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top