iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္မ နာမည္ အန္နာပါ။ ကြ်န္မ အသက္ (၁၄) ႏွစ္ရွိပါျပီ။ ကြ်န္မတုိ႔မွာ မိသားစုေလးေယာက္ရွိပါတယ္။ ညီမငယ္ေလးရယ္၊ ေဖေဖရယ္၊ ေမေမရယ္ ကြ်န္မရယ္ပါ။
ကြ်န္မတို႔ မိသားစုမွာ ရွိတဲ့ အေဖနဲ႔အေမရဲ႕ ျပဳမူ ဆက္ဆံပံုေတြကို ကြ်န္မ တစ္ျဖည္းျဖည္း သံသယဝင္မိေနပါတယ္။ ေမေမ ေအာက္ပိုင္းေသျပီးကတည္းက ေဖေဖက ေမ့ေမ့ကို အခ်စ္ေတြေပ့ါသြားသလို ခံစားရတယ္။ ေမေမက ေၿမၿပင္မွာ က်ေနတဲ့ သတင္းစာေလးကို wheel-chair ေပၚကေန ရုန္းကန္ၿပီး ကုန္းေကာက္တာေတာင္ ေဖေဖက မကူညီဘဲ ေဘးကေန ရပ္ႀကည့္ေနတာကို ေတြ႔လိုက္ေတာ့ ကြ်န္မပိုၿပီး စိတ္မေကာင္း ၿဖစ္မိတယ္။ ေဖေဖဟာ ေမေမ့ကို အေရးမစိုက္သလိုလို၊ ေရွာင္ေနသလိုလို ကြ်န္မခံစားရပါတယ္။ သူ႔အလုပ္ေတြနဲ႔ ရွုပ္ယွက္ခတ္ေနျပီး ေမေမ့ကို နဂိုတုန္းကလို ယုယတာမ်ိဳးေတြ၊ အခ်ိန္ေပးတာမ်ိဳးေတြ သိပ္မေတြ႔ရေတာ့ပါဘူး။ အိမ္အလုပ္ေတြ မႏိုင္မနင္းလုပ္ေနလည္း ကူေပးေဖာ္ မရေတာ့ပါဘူး။

ကြ်န္မ ေမေမ့အတြက္ အရမ္းကို စိတ္မေကာင္းျဖစ္ရပါတယ္။ ေမေမနဲ႔ ေဖေဖၾကားမွာရွိတဲ့ အမွတ္တရေန႔ေလးေတြမွာေတာင္ လက္ေဆာင္ေလးေတြေပးၾကတာ၊ အထိမ္းအမွတ္ပဲြေလးေတြ လုပ္ၾကတာမ်ိဳးမရွိေတာ့ပါဘူး။ အခုခ်ိန္မွာ ကြ်န္မအေတြးထဲမွာ ေျခာက္လွန္႔ေနတဲ့အရာက ေဖေဖဘယ္
ေတာ့မ်ား ကြ်န္မတို႔ကို ထားခဲ့ျပီး ထြက္သြားမလဲဆိုတာပါပဲ။ အကယ္၍ အဲဒီလုိသာ ျဖစ္ခဲ့မယ္ဆို ကြ်န္မညီမေလးနဲ႔ ကြ်န္မေတာ့ ေဝးရျပီ။ ကြ်န္မက ဘယ္သူနဲ႔ ေနရမွာလဲ။ အို….ကြ်န္မအဲလို္မျဖစ္ခ်င္ပါဘူး။ ဘုရား ဘုရား ေဖေဖနဲ႔ ေမေမ မခဲြႀကပါရေစနဲ႕။ မိသားစုေတြ တစ္ကဲြတစ္ျပားစီ မေနပါရေစနဲ႔။

ဒါေပမယ့္လည္း ကြ်န္မဆုေတာင္း မျပည့္ခဲ့ပါဘူး။ တစ္ေန႔ မနက္အေစာၾကီး ကြ်န္မအိပ္ယာႏိုးႏိုးခ်င္း
ေက်ာင္းသြားဖို႔ျပင္ေနတုန္း ေမေမတို႔အခန္းထဲက ဆူဆူညံညံအသံေတြ ၾကားရတယ္။ ကြ်န္မေခ်ာင္းၾကည့္
လိုက္ေတာ့ ေမေမက ငိုလို႔ ေဖေဖက အထုတ္အပိုးေတြ ျပင္ေနတယ္။ ကြ်န္မေတြးၿပီးေၾကာက္ခဲ့ရတဲ့
ေန႔ၾကီးတကယ္ေရာက္လာခဲ့ျပီ ထင္ပါရဲ႕။ ကြ်န္မအရမ္း စိုးရိမ္ခဲ့တယ္။ ခဏေနေတာ့ ေဖေဖ ကားနဲ႔ ထြက္သြားတယ္။ ကြ်န္မေျပးလုိက္သြားေပမယ့္ မမွီေတာ့ပါဘူး။ ကြ်န္မ ငိုယိုၿပီး က်န္ခဲ့မိတယ္။
နည္းနည္းၾကာေတာ့ ေဖေဖျပန္ဝင္လာတယ္။ ကြ်န္မဘာမွ စဥ္းစားမေနေတာ့ဘဲ ေဖေဖ့ခါးကို
ေျပးဖက္လိုက္ျပီး မ်က္ရည္ေတြနဲ႔ “ေဖေဖ ကို အရမ္းခ်စ္တယ္။ ေဖေဖနဲ႔အတူတူ ေနခ်င္တယ္။ ေမေမ့ကို
လည္းခ်စ္တယ္။ ေမေမနဲ႔ သမီးတို႔ကို အခုလို ခဲြမသြားပါနဲ႔ေနာ္။” လို႔ ရွိုက္ၾကီးတငင္ ေျပာလိုက္တယ္။

ဒါနဲ႔ ေဖေဖက အံႀသတဲ့ မ်က္ႏွာနဲ႔ “ေဖေဖက ဘယ္တုန္းက ခဲြသြားမယ္ေျပာလို႔လဲ။ သမီးေမေမကိုေရာ
ေဖေဖခဲြသြားမယ္လု႔ုိ ဘာလို႔ထင္ရတာလဲ”ဆိုျပီးေမးလာခဲ့တယ္။ အဲဒါနဲ႔ ကြ်န္မလည္း အရင္က စိတ္ထဲ
မရွင္းလင္းတာေတြကို ေျပာေတာ့တာေပါ့။ေဖေဖက စိတ္ရွည္လက္ရွည္ ျပန္ရွင္းျပတယ္။
“အလုပ္ေတြကို အရမ္းအခ်ိန္ေပးျပီး ေမေမ့ကို အခ်ိန္မေပးႏိုင္ေတာ့တာက ေမေမလည္း အလုပ္မလုပ္ႏိုင္ေတာ့ ေဖေဖက အရင္ကထက္ ႏွစ္ဆ ပိုလုပ္ရေတာ့မယ္ေလ။”
“ေနာက္ သမီးေမေမလုပ္ႏိုင္တာေလးေတြ လုပ္တာကို ဝင္မကူရၿခင္းက သူ႔ကို အျမဲ လူတစ္ေယာက္က ကူေပးေနရရင္ သူ႔ကိုယ္သူ မသန္စြမ္းသူလို႔ ယူဆၿပီး အားငယ္ေနမွာ စိုးလို႔ပါ။”
“သူ႔အတြက္ ဝမ္းနည္းေၾကကြဲမေနတာကလည္း ေဖေဖက သူ႔အတြက္စိတ္မေကာင္းျဖစ္ေနရင္ သူစိတ္ ပိုထိခိုက္မွာစိုးလို႔ပါ။”
“ေနာက္ျပီး ျပႆနာတတ္တာက လည္း ေဖေဖအလုပ္နဲ႔ ခရီး(၂) ပတ္ေလာက္သြားရမွာ ေဖေဖက မိသားစုနဲ႔ မခဲြႏိုင္လို႔မသြားခ်င္ဘူး။ သမီးေမေမက အလုပ္ရာထူးတိုးမယ့္ အခြင့္အေရးမို႔ သြားေစခ်င္။ အဲဒါ ျငင္းခုန္ရင္း ကေတာက္ကဆျဖစ္သြားၾကတာပါ။”

သမီးရဲ႕ေမေမ ကို ေဖေဖသိပ္ခ်စ္ပါတယ္။ သမီးေျပာတဲ့ အထိမ္းအမွတ္ပဲြေတြလုပ္ေနမွ၊ ၾကင္နာယုယ ျပေနမွ အခ်စ္စစ္အခ်စ္မွန္မဟုတ္ပါဘူး။ ေဖေဖက သမီးေမေမ ဘဝေလး မပူမပင္ မေၾကာင့္မၾက ရပ္တည္ႏိုင္ဖို႔ အေကာင္းဆံုး ၾကိဳစားေနတာပါ။ သမီးတို႔ေရွ႕ေရးေတြအတြက္လည္း ပူပင္ေနရတာမို႔ပါ။ သမီးနားလည္ပါေနာ္။ သမီးတို႔ကို ေဖေဖ ဘယ္ေတာ့မွ ခဲြမသြားပါဘူး။” ဆိုတဲ့ ေဖေဖစကားသံအဆံုးမွာေတာ့ ကြ်န္မ ဝမ္းသာျပီး မ်က္ရည္ေတြဒလေဟာ စီးက်လာပါေတာ့တယ္။
ေဖေဖတို႔ခ်စ္ျခင္းေမတၱာေတြကို သံသယ ဝင္မိတဲ့အတြက္လည္း အားနာမိတယ္။ ဒါေပမယ့္ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သက္ျပီး ခုတစ္ေခါက္ ရလိုက္တဲ့အေတြ႔အၾကံဳကေတာ့ ကြ်န္မတစ္သက္ဘယ္ေတာ့မွ ေမ့ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

Credit : thutazone

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကျွန်မ နာမည် အန်နာပါ။ ကျွန်မ အသက် (၁၄) နှစ်ရှိပါပြီ။ ကျွန်မတို့မှာ မိသားစုလေးယောက်ရှိပါတယ်။ ညီမငယ်လေးရယ်၊ ဖေဖေရယ်၊ မေမေရယ် ကျွန်မရယ်ပါ။
ကျွန်မတို့ မိသားစုမှာ ရှိတဲ့ အဖေနဲ့အမေရဲ့ ပြုမူ ဆက်ဆံပုံတွေကို ကျွန်မ တစ်ဖြည်းဖြည်း သံသယဝင်မိနေပါတယ်။ မေမေ အောက်ပိုင်းသေပြီးကတည်းက ဖေဖေက မေ့မေ့ကို အချစ်တွေပေ့ါသွားသလို ခံစားရတယ်။ မေမေက မြေပြင်မှာ ကျနေတဲ့ သတင်းစာလေးကို wheel-chair ပေါ်ကနေ ရုန်းကန်ပြီး ကုန်းကောက်တာတောင် ဖေဖေက မကူညီဘဲ ဘေးကနေ ရပ်ကြည့်နေတာကို တွေ့လိုက်တော့ ကျွန်မပိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ ဖေဖေဟာ မေမေ့ကို အရေးမစိုက်သလိုလို၊ ရှောင်နေသလိုလို ကျွန်မခံစားရပါတယ်။ သူ့အလုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေပြီး မေမေ့ကို နဂိုတုန်းကလို ယုယတာမျိုးတွေ၊ အချိန်ပေးတာမျိုးတွေ သိပ်မတွေ့ရတော့ပါဘူး။ အိမ်အလုပ်တွေ မနိုင်မနင်းလုပ်နေလည်း ကူပေးဖော် မရတော့ပါဘူး။

ကျွန်မ မေမေ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်။ မေမေနဲ့ ဖေဖေကြားမှာရှိတဲ့ အမှတ်တရနေ့လေးတွေမှာတောင် လက်ဆောင်လေးတွေပေးကြတာ၊ အထိမ်းအမှတ်ပွဲလေးတွေ လုပ်ကြတာမျိုးမရှိတော့ပါဘူး။ အခုချိန်မှာ ကျွန်မအတွေးထဲမှာ ခြောက်လှန့်နေတဲ့အရာက ဖေဖေဘယ်
တော့များ ကျွန်မတို့ကို ထားခဲ့ပြီး ထွက်သွားမလဲဆိုတာပါပဲ။ အကယ်၍ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆို ကျွန်မညီမလေးနဲ့ ကျွန်မတော့ ဝေးရပြီ။ ကျွန်မက ဘယ်သူနဲ့ နေရမှာလဲ။ အို….ကျွန်မအဲလိုမဖြစ်ချင်ပါဘူး။ ဘုရား ဘုရား ဖေဖေနဲ့ မေမေ မခွဲကြပါရစေနဲ့။ မိသားစုတွေ တစ်ကွဲတစ်ပြားစီ မနေပါရစေနဲ့။

ဒါပေမယ့်လည်း ကျွန်မဆုတောင်း မပြည့်ခဲ့ပါဘူး။ တစ်နေ့ မနက်အစောကြီး ကျွန်မအိပ်ယာနိုးနိုးချင်း
ကျောင်းသွားဖို့ပြင်နေတုန်း မေမေတို့အခန်းထဲက ဆူဆူညံညံအသံတွေ ကြားရတယ်။ ကျွန်မချောင်းကြည့်
လိုက်တော့ မေမေက ငိုလို့ ဖေဖေက အထုတ်အပိုးတွေ ပြင်နေတယ်။ ကျွန်မတွေးပြီးကြောက်ခဲ့ရတဲ့
နေ့ကြီးတကယ်ရောက်လာခဲ့ပြီ ထင်ပါရဲ့။ ကျွန်မအရမ်း စိုးရိမ်ခဲ့တယ်။ ခဏနေတော့ ဖေဖေ ကားနဲ့ ထွက်သွားတယ်။ ကျွန်မပြေးလိုက်သွားပေမယ့် မမှီတော့ပါဘူး။ ကျွန်မ ငိုယိုပြီး ကျန်ခဲ့မိတယ်။
နည်းနည်းကြာတော့ ဖေဖေပြန်ဝင်လာတယ်။ ကျွန်မဘာမှ စဉ်းစားမနေတော့ဘဲ ဖေဖေ့ခါးကို
ပြေးဖက်လိုက်ပြီး မျက်ရည်တွေနဲ့ “ဖေဖေ ကို အရမ်းချစ်တယ်။ ဖေဖေနဲ့အတူတူ နေချင်တယ်။ မေမေ့ကို
လည်းချစ်တယ်။ မေမေနဲ့ သမီးတို့ကို အခုလို ခွဲမသွားပါနဲ့နော်။” လို့ ရှိုက်ကြီးတငင် ပြောလိုက်တယ်။

ဒါနဲ့ ဖေဖေက အံသြတဲ့ မျက်နှာနဲ့ “ဖေဖေက ဘယ်တုန်းက ခွဲသွားမယ်ပြောလို့လဲ။ သမီးမေမေကိုရော
ဖေဖေခွဲသွားမယ်လု့ိ ဘာလို့ထင်ရတာလဲ”ဆိုပြီးမေးလာခဲ့တယ်။ အဲဒါနဲ့ ကျွန်မလည်း အရင်က စိတ်ထဲ
မရှင်းလင်းတာတွေကို ပြောတော့တာပေါ့။ဖေဖေက စိတ်ရှည်လက်ရှည် ပြန်ရှင်းပြတယ်။
“အလုပ်တွေကို အရမ်းအချိန်ပေးပြီး မေမေ့ကို အချိန်မပေးနိုင်တော့တာက မေမေလည်း အလုပ်မလုပ်နိုင်တော့ ဖေဖေက အရင်ကထက် နှစ်ဆ ပိုလုပ်ရတော့မယ်လေ။”
“နောက် သမီးမေမေလုပ်နိုင်တာလေးတွေ လုပ်တာကို ဝင်မကူရခြင်းက သူ့ကို အမြဲ လူတစ်ယောက်က ကူပေးနေရရင် သူ့ကိုယ်သူ မသန်စွမ်းသူလို့ ယူဆပြီး အားငယ်နေမှာ စိုးလို့ပါ။”
“သူ့အတွက် ဝမ်းနည်းကြေကွဲမနေတာကလည်း ဖေဖေက သူ့အတွက်စိတ်မကောင်းဖြစ်နေရင် သူစိတ် ပိုထိခိုက်မှာစိုးလို့ပါ။”
“နောက်ပြီး ပြဿနာတတ်တာက လည်း ဖေဖေအလုပ်နဲ့ ခရီး(၂) ပတ်လောက်သွားရမှာ ဖေဖေက မိသားစုနဲ့ မခွဲနိုင်လို့မသွားချင်ဘူး။ သမီးမေမေက အလုပ်ရာထူးတိုးမယ့် အခွင့်အရေးမို့ သွားစေချင်။ အဲဒါ ငြင်းခုန်ရင်း ကတောက်ကဆဖြစ်သွားကြတာပါ။”

သမီးရဲ့မေမေ ကို ဖေဖေသိပ်ချစ်ပါတယ်။ သမီးပြောတဲ့ အထိမ်းအမှတ်ပွဲတွေလုပ်နေမှ၊ ကြင်နာယုယ ပြနေမှ အချစ်စစ်အချစ်မှန်မဟုတ်ပါဘူး။ ဖေဖေက သမီးမေမေ ဘဝလေး မပူမပင် မကြောင့်မကြ ရပ်တည်နိုင်ဖို့ အကောင်းဆုံး ကြိုစားနေတာပါ။ သမီးတို့ရှေ့ရေးတွေအတွက်လည်း ပူပင်နေရတာမို့ပါ။ သမီးနားလည်ပါနော်။ သမီးတို့ကို ဖေဖေ ဘယ်တော့မှ ခွဲမသွားပါဘူး။” ဆိုတဲ့ ဖေဖေစကားသံအဆုံးမှာတော့ ကျွန်မ ဝမ်းသာပြီး မျက်ရည်တွေဒလဟော စီးကျလာပါတော့တယ်။
ဖေဖေတို့ချစ်ခြင်းမေတ္တာတွေကို သံသယ ဝင်မိတဲ့အတွက်လည်း အားနာမိတယ်။ ဒါပေမယ့်ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ခုတစ်ခေါက် ရလိုက်တဲ့အတွေ့အကြုံကတော့ ကျွန်မတစ်သက်ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။

Credit : thutazone

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top