iMyanmarHouse.com - Best Property Website for Myanmar
×

ေသြးေၾကာပိတ္တာ ျဖစ္မွာစိုးရိမ္ ေနရင္ေတာ့ ေဆးဗီ႐ုိမွာ ရွာစရာ မလိုဘဲ မီးဖုိေခ်ာင္ ဒါမွမဟုတ္ စားစရာထားတဲ့ ဗီ႐ိုမွာ ရွာရင္ ေတာ့ ပိုၿပီးသင့္ေတာ္မွာပါ။ မၾကာခင္က ျပဳလုပ္ထားတဲ့ သု ေတသနျပဳခ်က္တစ္ခုမွာေတာ့ တလည္းသီးေဖ်ာ္ရည္ဟာ ႏွလုံး ေရာဂါနဲ႔ ႏွလုံးေသြးေၾကာဆုိင္ရာ ေရာဂါေတြကို ျဖစ္ေစတဲ့ ႏွလုံး ေသြးေၾကာပိတ္တာကို ကာကြယ္ ေပးႏုိင္တယ္လို႔ ဆိုပါတယ္။

တလည္းသီးမွာ ဗီတာမင္စီ၊ဗီတာမင္ဘီ-၅၊ ဓာတ္တုိးဆန္႔က်င္ ဂုဏ္သတိၱ၊ ေရာင္ရမ္းမႈကို ဆန္႔ က်င္သည့္ ဂုဏ္သတၱိနဲ႔ ေသြးဖိ အား ပုံမွန္ျဖစ္ေစတဲ့ အစြမ္းသတၱိ ေတြရွိၿပီး ေသြးေၾကာပိတ္ဆုိ႔တာ ေတြကို ဖယ္ရွားရွင္းလင္းႏုိင္စြမ္း ရွိပါတယ္။

တလည္းသီးေဖ်ာ္ရည္ ရယ္ ဒီမိတ္ဘူးေတြ ရွိေပမယ့္ ကိုယ္ တုိင္ ကိုယ္က်သဘာ၀ ေဖ်ာ္ရည္ လုပ္ေသာက္မယ္ဆုိရင္လည္း အလြယ္တကူ လုပ္ႏုိင္ပါတယ္။တလည္းသီးတစ္လုံးကိုယူၿပီး အသီးေပၚ ဓားရာေပးၿပီး ခဲြလုိက္ပါ။ ေရထည့္ထားတဲ့ ဇလုံတစ္လုံးထဲကို တလည္းသီးေတြေႁခြခ်လုိက္ပါ။ ၿပီးရင္ ဆန္ခါေလးတစ္ခုနဲ႔ ဆစ္ယူၿပီး ဇြန္းတစ္ခုခုနဲ႔ ဖိခ်ၿပီး အရည္ညႇစ္ႏုိင္သလို အသီးေဖ်ာ္စက္ထဲထည့္ၿပီးေတာ့လည္း ေဖ်ာ္လို႔ရပါတယ္။ ဒီလိုမွ မဟုတ္ရင္လည္း တလည္းသီးေဖ်ာ္ရည္ တစ္ဖန္ခြက္ကို လတ္လတ္ဆတ္ဆတ္ သံပရည္ လက္ဖက္ရည္ ဇြန္းႏွစ္ဇြန္း၊ သၾကား၊ ဆား၊ င႐ုတ္ ေကာင္းမႈန္႔ အနည္းငယ္စီနဲ႔ ေရ၊ ေရခဲအနည္းငယ္ထည့္ၿပီး ေဖ်ာ္ ေသာက္ႏုိင္ပါတယ္။

ေဖ်ာ္ရည္လိုမဟုတ္ဘဲ အသီးအတုိင္းစားလည္း အက်ဳိးမ်ားတာေၾကာင့္ တလည္းသီးေလးစားၿပီး ႏွလုံးေရာဂါအတြက္ ကာ ကြယ္ၾကရေအာင္ပါ။

Credit:7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သွေးကြောပိတ်တာ ဖြစ်မှာစိုးရိမ် နေရင်တော့ ဆေးဗီရိုမှာ ရှာစရာ မလိုဘဲ မီးဖိုချောင် ဒါမှမဟုတ် စားစရာထားတဲ့ ဗီရိုမှာ ရှာရင် တော့ ပိုပြီးသင့်တော်မှာပါ။ မကြာခင်က ပြုလုပ်ထားတဲ့ သု တေသနပြုချက်တစ်ခုမှာတော့ တလည်းသီးဖျော်ရည်ဟာ နှလုံး ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ နှလုံး သွေးကြောပိတ်တာကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

တလည်းသီးမှာ ဗီတာမင်စီ၊ဗီတာမင်ဘီ-၅၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကို ဆန့် ကျင်သည့် ဂုဏ်သတ္တိနဲ့ သွေးဖိ အား ပုံမှန်ဖြစ်စေတဲ့ အစွမ်းသတ္တိ တွေရှိပြီး သွေးကြောပိတ်ဆို့တာ တွေကို ဖယ်ရှားရှင်းလင်းနိုင်စွမ်း ရှိပါတယ်။

တလည်းသီးဖျော်ရည် ရယ် ဒီမိတ်ဘူးတွေ ရှိပေမယ့် ကိုယ် တိုင် ကိုယ်ကျသဘာ၀ ဖျော်ရည် လုပ်သောက်မယ်ဆိုရင်လည်း အလွယ်တကူ လုပ်နိုင်ပါတယ်။တလည်းသီးတစ်လုံးကိုယူပြီး အသီးပေါ် ဓားရာပေးပြီး ခွဲလိုက်ပါ။ ရေထည့်ထားတဲ့ ဇလုံတစ်လုံးထဲကို တလည်းသီးတွေခြွေချလိုက်ပါ။ ပြီးရင် ဆန်ခါလေးတစ်ခုနဲ့ ဆစ်ယူပြီး ဇွန်းတစ်ခုခုနဲ့ ဖိချပြီး အရည်ညှစ်နိုင်သလို အသီးဖျော်စက်ထဲထည့်ပြီးတော့လည်း ဖျော်လို့ရပါတယ်။ ဒီလိုမှ မဟုတ်ရင်လည်း တလည်းသီးဖျော်ရည် တစ်ဖန်ခွက်ကို လတ်လတ်ဆတ်ဆတ် သံပရည် လက်ဖက်ရည် ဇွန်းနှစ်ဇွန်း၊ သကြား၊ ဆား၊ ငရုတ် ကောင်းမှုန့် အနည်းငယ်စီနဲ့ ရေ၊ ရေခဲအနည်းငယ်ထည့်ပြီး ဖျော် သောက်နိုင်ပါတယ်။

ဖျော်ရည်လိုမဟုတ်ဘဲ အသီးအတိုင်းစားလည်း အကျိုးများတာကြောင့် တလည်းသီးလေးစားပြီး နှလုံးရောဂါအတွက် ကာ ကွယ်ကြရအောင်ပါ။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top