iMyanmarHouse.com - Best Property Website for Myanmar
×

 ေခါင္းမေလွ်ာ္ခင္မွာ ဆံပင္ကို ဆီးေႏြးေႏြးသံုးၿပီး ႏွိပ္နယ္ေပးေလ့ရွိ သူေတြရဲ႕ ဆံပင္ဟာ ယင္းသို႔လုပ္ေလ့ လုပ္ထမရွိတဲ့ ဆံပင္ပိုင္ရွင္ေတြရဲ႕ ဆံပင္ထက္ ပိုၿပီးႏူးညံ့ေပ်ာ့ေပ်ာင္းကာ အၿမဲစမတ္က်ေနတတ္ပါတယ္။ ေန႔စဥ္ စား သံုးေနတဲ့ အစားအစာေတြ၊ ဆံပင္ကိုနည္းအမ်ိဳးမ်ိဳးနဲ႔ အလွဆင္ၾက တာေတြဟာ ဆံပင္ကၽြတ္ေစ၊ ဆံပင္ပါးေစတဲ့ အဓိကအေၾကာင္းရင္းေတြပါ။ ဒီလို ဆံပင္ပ်က္စီးျခင္းမွ ကာကြယ္ႏုိင္ဖို႔ ေခါင္းမေလွ်ာ္ခင္မွာ အခ်ိန္နည္းနည္းေပး႐ံုနဲ႔ ဆံပင္ထိန္းသိမ္းၿပီးသားျဖစ္ေစမယ့္ နည္းလမ္းေလးေတြေ၀မွ်လိုက္ပါတယ္။
1. သံလြင္ဆီ ဒါမွမဟုတ္ သံလြင္ဆီႏွင့္ ဗန္ဒါေစ့ဆီ ႏွစ္မ်ိဳးကိုေရာၿပီး ဗီတာမင္အီး ေခါင္းလိမ္းဆီ capsule ေတာင့္ တစ္ေတာင့္ကိုေဖာက္ ထည့္ကာ ဆံပင္ကို မိနစ္ႏွစ္ဆယ္ၾကာ ႏွိပ္နယ္ေပးပါ။ ၿပီးေနာက္ ေရေအး အသံုးျပဳကာ ေခါင္းေလွ်ာ္ပါ။ ဆံပင္ကၽြတ္တာ သက္သာသြားပါလိမ့္မယ္။ ဆံပင္ၾကမ္းတာ၊ ဆံသား ေျခာက္တာေတြ မျဖစ္ေစဖို႔ ေရပူနဲ႔ ေခါင္းေလွ်ာ္ျခင္းမွေရွာင္ၾကဥ္ပါ။

2. ဆံပင္ေပ်ာ့ေဆး (Conditioner) ထဲကို ဒိန္ခ်ဥ္၊ ၾကက္ဥေရာၿပီး ေခါင္းမေလွ်ာ္ခင္ ဆံသားကို ႏွိပ္နယ္ေပးပါက ဆံေကသာေတာက္ ေျပာင္သန္စြမ္းေစပါတယ္။

3. ပ်ားရည္နဲ႔ ဒိန္ခဲကို ေပါင္းစပ္ကာ ဆံပင္ေပါင္းေပးပါက ဆံသားကို အစိုဓာတ္ထိန္းေပးၿပီးသားျဖစ္ေစပါတယ္။

4. ငွက္ေပ်ာသီးမွည့္ႏွစ္လံုး၊ mayonnaise လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္း ေရာကာ အႏွစ္ျဖစ္ေအာင္ ျပဳလုပ္ၿပီး ဆံပင္ကိုလိမ္းေပးပါ။ တစ္နာရီၾကာထားၿပီးေနာက္ ၾကက္သီးေႏြးေရျဖင့္ ေဆးခ်ပါ။ ဆံသားကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစၿပီး ဆံပင္မြဲေျခာက္ျခင္း၊ ၾကမ္းတမ္းျခင္းမွ ကာကြယ္ေပးပါတယ္။

Credit : drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 ခေါင်းမလျှော်ခင်မှာ ဆံပင်ကို ဆီးနွေးနွေးသုံးပြီး နှိပ်နယ်ပေးလေ့ရှိ သူတွေရဲ့ ဆံပင်ဟာ ယင်းသို့လုပ်လေ့ လုပ်ထမရှိတဲ့ ဆံပင်ပိုင်ရှင်တွေရဲ့ ဆံပင်ထက် ပိုပြီးနူးညံ့ပျော့ပျောင်းကာ အမြဲစမတ်ကျနေတတ်ပါတယ်။ နေ့စဉ် စား သုံးနေတဲ့ အစားအစာတွေ၊ ဆံပင်ကိုနည်းအမျိုးမျိုးနဲ့ အလှဆင်ကြ တာတွေဟာ ဆံပင်ကျွတ်စေ၊ ဆံပင်ပါးစေတဲ့ အဓိကအကြောင်းရင်းတွေပါ။ ဒီလို ဆံပင်ပျက်စီးခြင်းမှ ကာကွယ်နိုင်ဖို့ ခေါင်းမလျှော်ခင်မှာ အချိန်နည်းနည်းပေးရုံနဲ့ ဆံပင်ထိန်းသိမ်းပြီးသားဖြစ်စေမယ့် နည်းလမ်းလေးတွေဝေမျှလိုက်ပါတယ်။
1. သံလွင်ဆီ ဒါမှမဟုတ် သံလွင်ဆီနှင့် ဗန်ဒါစေ့ဆီ နှစ်မျိုးကိုရောပြီး ဗီတာမင်အီး ခေါင်းလိမ်းဆီ capsule တောင့် တစ်တောင့်ကိုဖောက် ထည့်ကာ ဆံပင်ကို မိနစ်နှစ်ဆယ်ကြာ နှိပ်နယ်ပေးပါ။ ပြီးနောက် ရေအေး အသုံးပြုကာ ခေါင်းလျှော်ပါ။ ဆံပင်ကျွတ်တာ သက်သာသွားပါလိမ့်မယ်။ ဆံပင်ကြမ်းတာ၊ ဆံသား ခြောက်တာတွေ မဖြစ်စေဖို့ ရေပူနဲ့ ခေါင်းလျှော်ခြင်းမှရှောင်ကြဉ်ပါ။

2. ဆံပင်ပျော့ဆေး (Conditioner) ထဲကို ဒိန်ချဉ်၊ ကြက်ဥရောပြီး ခေါင်းမလျှော်ခင် ဆံသားကို နှိပ်နယ်ပေးပါက ဆံကေသာတောက် ပြောင်သန်စွမ်းစေပါတယ်။

3. ပျားရည်နဲ့ ဒိန်ခဲကို ပေါင်းစပ်ကာ ဆံပင်ပေါင်းပေးပါက ဆံသားကို အစိုဓာတ်ထိန်းပေးပြီးသားဖြစ်စေပါတယ်။

4. ငှက်ပျောသီးမှည့်နှစ်လုံး၊ mayonnaise လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ရောကာ အနှစ်ဖြစ်အောင် ပြုလုပ်ပြီး ဆံပင်ကိုလိမ်းပေးပါ။ တစ်နာရီကြာထားပြီးနောက် ကြက်သီးနွေးရေဖြင့် ဆေးချပါ။ ဆံသားကို နူးညံ့ပျော့ပျောင်းစေပြီး ဆံပင်မွဲခြောက်ခြင်း၊ ကြမ်းတမ်းခြင်းမှ ကာကွယ်ပေးပါတယ်။

Credit : drmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top