iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္၀န္ေဆာင္ျခင္းသည္ အမ်ိဳးသမီးတစ္ေယာက္၏ဘ၀တြင္ အမွတ္တရျဖစ္ေနေစမည့္ အခ်ိန္ကာလတစ္ခု ျဖစ္ပါသည္။ ကေလးတစ္ေယာက္ကို ဘ၀လက္ေဆာင္အျဖစ္ ရရွိလိုက္ျခင္းပင္ ျဖစ္သည္။ နူးညံ႔ေသးငယ္သည့္ကေလးေလးသည္ တစ္ခ်ိန္တုန္းက သင္ကိုယ္တိုင္ပင္ ျဖစ္ခဲ့ပါသည္။ ေအာက္ေဖာ္ျပပါ မ်ားသည္ သင္ကိုယ္တိုင္ မသိခဲ့သည့္ ကေလးငယ္ေလးမ်ား၏ ထူးျခားခ်က္မ်ားကို သုေတသနျပဳ ေဖာ္ျပထားျခင္းပင္ ျဖစ္ပါသည္။

• ကေလးငယ္မ်ားကို စကၠန္႔တိုင္းတြင္ ေမြးဖြားျခင္း

တစကၠန္႔တိုင္းတြင္ ေလာကႀကီးထဲသို႔ ၀င္ေရာက္လာသည့္ ကေလးအေရအတြက္ကို သင္သိပါသလား။ အံ့ၾသစရာ ေကာင္းပါသည္။ တစ္မိနစ္တြင္ ကေလး ၂၂၅ ေယက္။ တစ္ကၠန္႔တြင္ ၄.၃ ေယာက္ ေမြးဖြားျခင္း ခံရပါသည္။ (Source : United States Census Bureau)

• ကေလးငယ္မ်ားသည္ ေမြးစမွာပင္ မိခင္အသံကို မွတ္မိျခင္း

ေမြးစကေလးတစ္ေယာက္သည္ ၁၀၀% အၾကားအာရံု မရွိပါ။ နား အလည္ပိုင္းတြင္ အၾကားအာရံုကို ေလ်ာ့နည္းေစေသာ အရည္မ်ား ျပည့္ေနသည္။ သူတို႔မွတ္မိနိုင္သည့္ အသံသည္ မိခင္၏ အသံသာျဖစ္သည္။ ထိုအသံၾကားလ်ွင္သာ တံု႔ျပန္ၾကသည္။ (Source: WebMD)

• ေမြးစကေလးမ်ား မ်က္ရည္မက်ျခင္း

ေမြးစကေလးမ်ားသည္ အလြန္ငိုတတ္ၾကပါသည္။ သို႔ေသာ္ မ်က္ရည္မက်ပါ။ အေၾကာင္းရင္းမွာ မ်က္ရည္ ဂလင္းမ်ား အလုပ္လုပ္ေသာ္လည္း ကေလး၏မ်က္လံုးကို အကာအကြယ္ေပးရံုသာ ထုတ္ေပးသည္။ ၁ လ မွ ၃ လ အၾကားတြင္ မ်က္ရည္စက္မ်ားကို စတင္ထုတ္ေပးသည္။
(Source: Jennifer Shu, M.D., coauthor of the American Academy of Pediatrics’s book “Heading Home With Your Newborn”)

• ကေလးငယ္မ်ားသည္ အရြယ္ေရာက္သူမ်ားထက္ အရိုးပိုမ်ားျခင္း

ကေလးငယ္တစ္ေယာက္တြင္ အရိုးေပါင္း ၂၇၀ ရွိသည္။ အရြယ္ေရာက္သည့္အခါ အရိုး ၂၀၆ ေခ်ာင္းသို႔ ေလ်ာ့က်သြားသည္။ ထိုသို႔ အရိုးအေရအတြက္ နည္းသြားရျခင္းအေၾကာင္းသည္ ကေလးႀကီးထြားလာသကဲ့သို႔ ဦးေခါင္းရိုးႏွင့္ ေက်ာရိုးမ်ား ေပါင္းစည္းသြားျခင္းေၾကာင့္ ျဖစ္သည္။ (Source: Online Orthopaedics)

• ကေလးငယ္မ်ားသည္ အရြယ္ေရာက္သူမ်ားထက္ အသက္ပိုရွဴျခင္း

ေမြးစကေလး၏ အသက္ရွဴႏႈန္းသည္ အရြယ္ေရာက္ၿပီးကေလးတစ္ေယာက္ထက္ အသက္ရွဴပိုျမန္သည္။ ပံုမွန္အသက္ရွဴနႈန္းသည္ တစ္မိနစ္တြင္ အႀကိမ္ ၄၀ ခန္႔ရွိသည္။ အရြယ္ေရာက္ၿပီးကေလးသည္ ၁၂ ႀကိမ္ ႏွင့္ အႀကိမ္ ၂၀ ၾကားတြင္ အသက္ရွဴသည္။ (Source: Oregon Health & Science University)

• ကေလးအမ်ားစုတြင္ အျပာေရာင္ မ်က္လံုးမ်ားရွိျခင္း

မ်က္လံုးအေရာင္သည္ မ်က္၀န္းအေနာက္ဘက္ရွိ အေရာင္ အမႈန္ေလးမ်ားမွလာၿပီး မ်က္၀န္း၏ အဓိကတစ္သ်ွဴးထဲတြင္ ရွိသည္။ တစ္သ်ွဴးထဲရွိေရာင္ျခယ္သည္ ေမြးစတြင္ ဖြံ႔ၿဖိဳးျခင္းမရွိေပ။ ကေလးအမ်ားစုသည္ (မ်ိဳးရိုးဗီဇ ထည့္သြင္းစဥ္းစားျခင္း မရွိ) ေမြးစတြင္ အျပာေရာင္မ်က္လံုးေလးမ်ား ရွိၾကသည္။ ၆ လမွ ၁၂ လ အထိ ေရာင္ျခယ္သည္ ကေလး၏ မ်ိဳးရိုးဗီဇ (genetic) ေၾကာင့္ အျပာ၊ အညိဳ စသျဖင့္ ေျပာင္းလဲလာသည္။ (Source: National Eye Institute)

• ကေလးငယ္ ၃ ေယာက္ တစ္ေယာက္ႏႈန္းတြင္ ေမြးရာပါအမွတ္ ပါရွိျခင္း

ဤအခ်က္သည္ အံၾသစရာအခ်က္ တစ္ခ်က္ပင္ ျဖစ္ပါသည္။ ကေလး ၃ ေယာက္တြင္ တစ္ေယာက္ႏႈန္း အမွတ္ပါရွိသည္။ မိန္းကေလးမ်ားက ေယာက်ၤားေလးမ်ားထက္ အေရအတြက္ ႏွစ္ဆပိုပါသည္။
(Source: Gale Encyclopedia of Children’s Health: Infancy through Adolescence | 2006 | Linwood, Aliene)

• ေမြးစကေလးမ်ားသည္ အနီးသာ ျမင္ရျခင္း

ေမြးစကေလးမ်ားသည္ အနီးျမင္ၿပီး သူတို႔၏ အျမင္အာရံုသည္ ၈ လက္မ ႏွင့္ ၁၂ လက္မ အတြင္းသာ လူႏွင့္ အရာ၀တၳဳမ်ားကို အရွင္းဆံုး ျမင္နိုင္သည္။ (Source: eMedicineHealth)

• ကေလးမ်ားသည္ အေလးခ်ိန္ ႏွစ္ဆ တက္ျခင္း

ကေလးမ်ားသည္ ေမြးစမွ အသက္ ၅ လ အရြယ္တြင္ အေလးခ်ိန္ ႏွစ္ဆ တက္လာသည္။



Credit:Mayo Clinic


 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ယောက်၏ဘဝတွင် အမှတ်တရဖြစ်နေစေမည့် အချိန်ကာလတစ်ခု ဖြစ်ပါသည်။ ကလေးတစ်ယောက်ကို ဘဝလက်ဆောင်အဖြစ် ရရှိလိုက်ခြင်းပင် ဖြစ်သည်။ နူးညံ့သေးငယ်သည့်ကလေးလေးသည် တစ်ချိန်တုန်းက သင်ကိုယ်တိုင်ပင် ဖြစ်ခဲ့ပါသည်။ အောက်ဖော်ပြပါ များသည် သင်ကိုယ်တိုင် မသိခဲ့သည့် ကလေးငယ်လေးများ၏ ထူးခြားချက်များကို သုတေသနပြု ဖော်ပြထားခြင်းပင် ဖြစ်ပါသည်။

• ကလေးငယ်များကို စက္ကန့်တိုင်းတွင် မွေးဖွားခြင်း

တစက္ကန့်တိုင်းတွင် လောကကြီးထဲသို့ ဝင်ရောက်လာသည့် ကလေးအရေအတွက်ကို သင်သိပါသလား။ အံ့သြစရာ ကောင်းပါသည်။ တစ်မိနစ်တွင် ကလေး ၂၂၅ ယေက်။ တစ်က္ကန့်တွင် ၄.၃ ယောက် မွေးဖွားခြင်း ခံရပါသည်။ (Source : United States Census Bureau)

• ကလေးငယ်များသည် မွေးစမှာပင် မိခင်အသံကို မှတ်မိခြင်း

မွေးစကလေးတစ်ယောက်သည် ၁၀၀% အကြားအာရုံ မရှိပါ။ နား အလည်ပိုင်းတွင် အကြားအာရုံကို လျော့နည်းစေသော အရည်များ ပြည့်နေသည်။ သူတို့မှတ်မိနိုင်သည့် အသံသည် မိခင်၏ အသံသာဖြစ်သည်။ ထိုအသံကြားလျှင်သာ တုံ့ပြန်ကြသည်။ (Source: WebMD)

• မွေးစကလေးများ မျက်ရည်မကျခြင်း

မွေးစကလေးများသည် အလွန်ငိုတတ်ကြပါသည်။ သို့သော် မျက်ရည်မကျပါ။ အကြောင်းရင်းမှာ မျက်ရည် ဂလင်းများ အလုပ်လုပ်သော်လည်း ကလေး၏မျက်လုံးကို အကာအကွယ်ပေးရုံသာ ထုတ်ပေးသည်။ ၁ လ မှ ၃ လ အကြားတွင် မျက်ရည်စက်များကို စတင်ထုတ်ပေးသည်။
(Source: Jennifer Shu, M.D., coauthor of the American Academy of Pediatrics’s book “Heading Home With Your Newborn”)

• ကလေးငယ်များသည် အရွယ်ရောက်သူများထက် အရိုးပိုများခြင်း

ကလေးငယ်တစ်ယောက်တွင် အရိုးပေါင်း ၂၇၀ ရှိသည်။ အရွယ်ရောက်သည့်အခါ အရိုး ၂၀၆ ချောင်းသို့ လျော့ကျသွားသည်။ ထိုသို့ အရိုးအရေအတွက် နည်းသွားရခြင်းအကြောင်းသည် ကလေးကြီးထွားလာသကဲ့သို့ ဦးခေါင်းရိုးနှင့် ကျောရိုးများ ပေါင်းစည်းသွားခြင်းကြောင့် ဖြစ်သည်။ (Source: Online Orthopaedics)

• ကလေးငယ်များသည် အရွယ်ရောက်သူများထက် အသက်ပိုရှူခြင်း

မွေးစကလေး၏ အသက်ရှူနှုန်းသည် အရွယ်ရောက်ပြီးကလေးတစ်ယောက်ထက် အသက်ရှူပိုမြန်သည်။ ပုံမှန်အသက်ရှူနှုန်းသည် တစ်မိနစ်တွင် အကြိမ် ၄၀ ခန့်ရှိသည်။ အရွယ်ရောက်ပြီးကလေးသည် ၁၂ ကြိမ် နှင့် အကြိမ် ၂၀ ကြားတွင် အသက်ရှူသည်။ (Source: Oregon Health & Science University)

• ကလေးအများစုတွင် အပြာရောင် မျက်လုံးများရှိခြင်း

မျက်လုံးအရောင်သည် မျက်ဝန်းအနောက်ဘက်ရှိ အရောင် အမှုန်လေးများမှလာပြီး မျက်ဝန်း၏ အဓိကတစ်သျှူးထဲတွင် ရှိသည်။ တစ်သျှူးထဲရှိရောင်ခြယ်သည် မွေးစတွင် ဖွံ့ဖြိုးခြင်းမရှိပေ။ ကလေးအများစုသည် (မျိုးရိုးဗီဇ ထည့်သွင်းစဉ်းစားခြင်း မရှိ) မွေးစတွင် အပြာရောင်မျက်လုံးလေးများ ရှိကြသည်။ ၆ လမှ ၁၂ လ အထိ ရောင်ခြယ်သည် ကလေး၏ မျိုးရိုးဗီဇ (genetic) ကြောင့် အပြာ၊ အညို စသဖြင့် ပြောင်းလဲလာသည်။ (Source: National Eye Institute)

• ကလေးငယ် ၃ ယောက် တစ်ယောက်နှုန်းတွင် မွေးရာပါအမှတ် ပါရှိခြင်း

ဤအချက်သည် အံသြစရာအချက် တစ်ချက်ပင် ဖြစ်ပါသည်။ ကလေး ၃ ယောက်တွင် တစ်ယောက်နှုန်း အမှတ်ပါရှိသည်။ မိန်းကလေးများက ယောကျၤားလေးများထက် အရေအတွက် နှစ်ဆပိုပါသည်။
(Source: Gale Encyclopedia of Children’s Health: Infancy through Adolescence | 2006 | Linwood, Aliene)

• မွေးစကလေးများသည် အနီးသာ မြင်ရခြင်း

မွေးစကလေးများသည် အနီးမြင်ပြီး သူတို့၏ အမြင်အာရုံသည် ၈ လက်မ နှင့် ၁၂ လက်မ အတွင်းသာ လူနှင့် အရာဝတ္ထုများကို အရှင်းဆုံး မြင်နိုင်သည်။ (Source: eMedicineHealth)

• ကလေးများသည် အလေးချိန် နှစ်ဆ တက်ခြင်း

ကလေးများသည် မွေးစမှ အသက် ၅ လ အရွယ်တွင် အလေးချိန် နှစ်ဆ တက်လာသည်။




Credit:Mayo Clinic




 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top