iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ သူငယ္ခ်င္း၊ အေပါင္းအသင္းေတြထဲမွာ မိန္းကေလးအခ်င္းခ်င္း ခ်စ္ႀကိဳက္ေနတဲ့ လိင္တူစံုတြဲေတြ ရွိတယ္ဆိုပါစို႔။ သူုတုိ႔နဲ႔ စကားေျပာတဲ့အခါ ဘာရယ္မဟုတ္ ကိုယ္ေမး၊ကိုယ္ေျပာလိုက္တဲ့ စကားေၾကာင့္ တစ္ဖက္လူေတြ စိတ္အေႏွာင့္အယွက္ျဖစ္သြားရတာမ်ိဳး ႀကံဳဖူးပါသလား။ ကိုယ့္စကားေၾကာင့္ ကြက္ခနဲ မ်က္ႏွာပ်က္သြားတာမ်ိဳးေပါ့။ အဲ့ဒီလို ရွိသည္ျဖစ္ေစ၊ မရွိခဲ့ဘူး ဆိုရင္ေတာ့ ေနာက္တစ္ခါ သူတုိ႔နဲ႔ေတြ႕ရင္ ကိုယ့္ဘက္က ဘာေတြဆင္ျခင္ေျပာဆုိရမလဲ သတိထားေစခ်င္ပါတယ္။

၁။နင့္ပံုစံက မိန္းကေလးအခ်င္းခ်င္း ၾကိဳက္တဲ့ပံုလညး္ မေပါက္ပါဘူး။

တကယ္ေတာ့ လူတစ္ေယာက္ကို အေပၚယံၾကည့္ျပီး ဆံုးျဖတ္ေျပာဆုိလို႕ မရပါဘူး။ လိင္တူခ်စ္သူဆုိ ဘယ္လိုပံုေပါက္ရမယ္ ဆိုျပီးေတာ့လည္း မရွိပါဘူး။ သူတုိ႔ေတြက တျခားလူေတြထက္ ထူးျခားေနတာမ်ိဳး မဟုတ္တာေၾကာင့္ ခုလို ေျပာဆုိဖုိ႔ မလုိပါဘူး။

၂။ဒါဆို မိန္းကေလးအရမ္းဆန္တဲ့ ေကာင္မေလးေတြဆို ႀကိဳက္မွာေပါ့။

အေမးခံရတဲ့သူက တီရွပ္၊ ေဘာင္းဘီေတြ ၀တ္တယ္ဆုိရင္ မိန္းကေလး ဆန္တဲ့ ေကာင္မေလးကိုသာ စိတ္၀င္စားမယ္လုိ႔ထင္မယ္၊ အေမးခံရသူက မိန္းမအရမ္းဆန္ေနျပီဆုိရင္လည္း ေယာက်ၤားဆန္ဆန္ေနတဲ့ ေကာင္မေလးကိုသာ ႀကိဳက္တာလားလုိ႔ ေမးခံရဦးမွာပါ။ ေျပာခ်င္တာက ဒီလိုအေနအထားမ်ိဳး မဟုတ္ေတာင္ သူဟာ မိန္းကေလးကိုသာ စိတ္၀င္စားသူလုိ႔ ေျပာလိုက္ရင္ ပိုေကာင္းပါတယ္။

၃။အရင္တုန္းက နင္ ေကာင္ေလးတစ္ေယာက္နဲ႔ ႀကိဳက္ေသးတယ္ထင္လို႔။

တစ္ဖက္လူရဲ႕အေၾကာင္းကို ခုလို ေျပာဆိုလိုက္တာနဲ႔တင္ မသင့္ေတာ္တဲ့ ေမးခြန္းမွန္း ရိပ္စားမိဖုိ႔ သင့္ပါျပီ။ ဘယ္လိုျဖစ္ျဖစ္ လူသားတစ္ေယာက္ခ်င္းစီမွာ ေရြးခ်ယ္ခြင့္ကိုယ္စီ ရွိၾကပါတယ္။

၄။နင္နဲ႔ နင့္သူငယ္ခ်င္းက ေတာ္ေတာ္ဆင္တာပဲ။

သိလုိ႔ျဖစ္ေစ၊ မသိပဲျဖစ္ေစ လိင္တူခ်စ္သူစံုတြဲေတြကို အဲ့ဒီလိုသြားေျပာရင္ သူတုိ႔က "ဒါ ငါ့ေကာင္မေလးေလ။ ဒါေပမယ့္ နင္ဒီလိုေျပာလို႔ ေက်းဇူးတင္ပါတယ္။ ငါတုိ႔ႏွစ္ေယာက္ခုလို ဆင္တူတာေတြ အမ်ားႀကီးရွိလုိ႔လည္း ဒိတ္ျဖစ္သြားေပါ့" လုိ႔ ျပန္ေျပာလိုက္ပါလိမ့္မယ္။

၅။နင္က အရမ္းမုိက္တာပဲ၊ ခက္တာက ငါကလည္း လိင္တူခ်စ္သူ မဟုတ္ဘူး။ ငါသာ ေကာင္ေလးျဖစ္ရင္ နင္နဲ႔ဒိတ္ျဖစ္မွာ ေသခ်ာတယ္။

ရြဲ႕တာလား၊ တမင္သက္သက္ေျပာတာလည္း ဆုိျပီး တစ္ဖက္လူ ခံျပင္းသြားႏိုင္ပါတယ္။ မေျပာသင့္တဲ့ စကားေတြလို႔ သိထားလိုက္ပါ။

၆။နင္တုိ႔ ဘယ္လိုမ်ား အလုပ္ျဖစ္မွာလဲ။

ဒီေမးခြန္းဟာ သူတုိ႔အတြက္ အေစာ္ကားခံရဆံုးလုိ႔ ေျပာႏိုင္ပါတယ္။ ဒီအခ်က္ကို ျပန္ရွင္းျပမွာ မဟုတ္သလို သင့္ကို သူငယ္ခ်င္းစာရင္းက အျပီး ပယ္ဖ်က္သြားႏိုင္တဲ့ ေမးခြန္းေပါ့။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်ရဲ့ သူငယ်ချင်း၊ အပေါင်းအသင်းတွေထဲမှာ မိန်းကလေးအချင်းချင်း ချစ်ကြိုက်နေတဲ့ လိင်တူစုံတွဲတွေ ရှိတယ်ဆိုပါစို့။ သူုတို့နဲ့ စကားပြောတဲ့အခါ ဘာရယ်မဟုတ် ကိုယ်မေး၊ကိုယ်ပြောလိုက်တဲ့ စကားကြောင့် တစ်ဖက်လူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားရတာမျိုး ကြုံဖူးပါသလား။ ကိုယ့်စကားကြောင့် ကွက်ခနဲ မျက်နှာပျက်သွားတာမျိုးပေါ့။ အဲ့ဒီလို ရှိသည်ဖြစ်စေ၊ မရှိခဲ့ဘူး ဆိုရင်တော့ နောက်တစ်ခါ သူတို့နဲ့တွေ့ရင် ကိုယ့်ဘက်က ဘာတွေဆင်ခြင်ပြောဆိုရမလဲ သတိထားစေချင်ပါတယ်။

၁။နင့်ပုံစံက မိန်းကလေးအချင်းချင်း ကြိုက်တဲ့ပုံလည်း မပေါက်ပါဘူး။

တကယ်တော့ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်ပြောဆိုလို့ မရပါဘူး။ လိင်တူချစ်သူဆို ဘယ်လိုပုံပေါက်ရမယ် ဆိုပြီးတော့လည်း မရှိပါဘူး။ သူတို့တွေက တခြားလူတွေထက် ထူးခြားနေတာမျိုး မဟုတ်တာကြောင့် ခုလို ပြောဆိုဖို့ မလိုပါဘူး။

၂။ဒါဆို မိန်းကလေးအရမ်းဆန်တဲ့ ကောင်မလေးတွေဆို ကြိုက်မှာပေါ့။

အမေးခံရတဲ့သူက တီရှပ်၊ ဘောင်းဘီတွေ ဝတ်တယ်ဆိုရင် မိန်းကလေး ဆန်တဲ့ ကောင်မလေးကိုသာ စိတ်ဝင်စားမယ်လို့ထင်မယ်၊ အမေးခံရသူက မိန်းမအရမ်းဆန်နေပြီဆိုရင်လည်း ယောကျၤားဆန်ဆန်နေတဲ့ ကောင်မလေးကိုသာ ကြိုက်တာလားလို့ မေးခံရဦးမှာပါ။ ပြောချင်တာက ဒီလိုအနေအထားမျိုး မဟုတ်တောင် သူဟာ မိန်းကလေးကိုသာ စိတ်ဝင်စားသူလို့ ပြောလိုက်ရင် ပိုကောင်းပါတယ်။

၃။အရင်တုန်းက နင် ကောင်လေးတစ်ယောက်နဲ့ ကြိုက်သေးတယ်ထင်လို့။

တစ်ဖက်လူရဲ့အကြောင်းကို ခုလို ပြောဆိုလိုက်တာနဲ့တင် မသင့်တော်တဲ့ မေးခွန်းမှန်း ရိပ်စားမိဖို့ သင့်ပါပြီ။ ဘယ်လိုဖြစ်ဖြစ် လူသားတစ်ယောက်ချင်းစီမှာ ရွေးချယ်ခွင့်ကိုယ်စီ ရှိကြပါတယ်။

၄။နင်နဲ့ နင့်သူငယ်ချင်းက တော်တော်ဆင်တာပဲ။

သိလို့ဖြစ်စေ၊ မသိပဲဖြစ်စေ လိင်တူချစ်သူစုံတွဲတွေကို အဲ့ဒီလိုသွားပြောရင် သူတို့က "ဒါ ငါ့ကောင်မလေးလေ။ ဒါပေမယ့် နင်ဒီလိုပြောလို့ ကျေးဇူးတင်ပါတယ်။ ငါတို့နှစ်ယောက်ခုလို ဆင်တူတာတွေ အများကြီးရှိလို့လည်း ဒိတ်ဖြစ်သွားပေါ့" လို့ ပြန်ပြောလိုက်ပါလိမ့်မယ်။

၅။နင်က အရမ်းမိုက်တာပဲ၊ ခက်တာက ငါကလည်း လိင်တူချစ်သူ မဟုတ်ဘူး။ ငါသာ ကောင်လေးဖြစ်ရင် နင်နဲ့ဒိတ်ဖြစ်မှာ သေချာတယ်။

ရွဲ့တာလား၊ တမင်သက်သက်ပြောတာလည်း ဆိုပြီး တစ်ဖက်လူ ခံပြင်းသွားနိုင်ပါတယ်။ မပြောသင့်တဲ့ စကားတွေလို့ သိထားလိုက်ပါ။

၆။နင်တို့ ဘယ်လိုများ အလုပ်ဖြစ်မှာလဲ။

ဒီမေးခွန်းဟာ သူတို့အတွက် အစော်ကားခံရဆုံးလို့ ပြောနိုင်ပါတယ်။ ဒီအချက်ကို ပြန်ရှင်းပြမှာ မဟုတ်သလို သင့်ကို သူငယ်ချင်းစာရင်းက အပြီး ပယ်ဖျက်သွားနိုင်တဲ့ မေးခွန်းပေါ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top