iMyanmarHouse.com - Best Property Website for Myanmar
×

ေရဘူးတစ္ဘူးကို အခ်ိန္အၾကာၾကီး စြဲသံုးတာဟာ သဘာဝပတ္ဝန္းက်င္အတြက္ အထူးေကာင္းမြန္ေပမယ့္ သန္႔ရွင္းေအာင္ မထားပါက က်န္းမာေရးအတြက္ သိပ္အဆင္မေျပလွပါဘူး။ တကယ္ေတာ့ ေရဘူးတစ္ခုတည္းကေန အျမဲေမာ့ေသာက္ေနျခင္းဟာ ေခြးတစ္ေကာင္ သူ႕ကစားစရာ အရုပ္တစ္ခုကို လွ်ာနဲ႔လ်က္တာထက္ေတာင္ ပိုဆုိးပါေသးတယ္။

မၾကာေသးမီက စမ္းသပ္မႈတစ္ခုက ျပန္အသုံးျပဳေရဘူး မ်ဳိးစုံကို ၾကည့္ရႈေလ့လာခဲ့ျပီး ဘက္တီးရီးယားနဲ႔ မိႈကိန္းေေအာင္းမႈ ပမာဏကို တုိင္းတာခဲ့ပါတယ္။ သာမန္ေရဘူးတစ္ဘူးဟာ အျပင္ကေန ဝင္ေရာက္လာတဲ့ ပမာဏပိုးမြားအေရအတြက္ ၃၁၃,၄၉၉ ရဲ႕ ရွင္သန္ေပါက္ဖြားရာေနရာျဖစ္ေၾကာင္း သုေတသီေတြ ရွာေဖြေတြ႔ရိွခဲ့ပါတယ္။ ဒါေပမယ့္ ေခြးကစားစရာအရုပ္မွာ ၂,၉၃၇ ဝန္းက်င္သာ ပါဝင္ပါတယ္။ ပိုဆုိးတာက ေရဘူးမွာ ေတြ႔ရတဲ့ ေရာဂါပိုး ၆၀ ရာခုိင္ႏႈန္းေက်ာ္က နာမက်န္းျဖစ္ေစႏုိင္ေျခရိွတယ္လုိ႔ ေလ့လာမႈအရ သိရပါတယ္။

ဒါေၾကာင့္ ေရဘူးသုံးမယ္ဆုိရင္ ဘယ္အမ်ဳိးအစားက အသန္႔ဆုံးလဲ သိဖုိ႔ အေရးၾကီးပါတယ္။ ထိပ္မွာ စုပ္တံပါတဲ့ ေရဘူးအမ်ဳိးအစားက ထိပ္ဆုံးေနရာယူထားျပီး ထိပ္အဖုံးလွည့္သြင္း ေရဘူးအမ်ဳိးအစားက ဒုတိယလုိက္ပါတယ္။ ျပီးရင္ ဖ်စ္ညွစ္ရတဲ့ အမ်ဳိးအစားနဲ႔ ေနာက္ဆုံးက တြန္းဖြင့္ရတဲ့ ေရဘူးမ်ဳိး ျဖစ္ပါတယ္။ ဘက္တီးရီးယားေတြ သာမန္မ်က္စိနဲ႔ မျမင္ႏုိင္တာမို႔ ေရဘူးကို အသုံးျပဳတုိင္း ပန္းကန္ေဆးဆပ္ျပာနဲ႔ ေသခ်ာေဆးေၾကာေပးတာ အေကာင္းဆုံးပါပဲ။

သင္ ေရဘူးကို စြဲစြဲျမဲျမဲသုံးစြဲတတ္သူျဖစ္ပါက ေရဗူးရဲ႕ လက္လွမ္းမမီတဲ့ ေနရာအားလုံး သန္႔ရွင္းေပးမယ့္ ေရဘူးသန္႔ရွင္း အသုံးအေဆာင္ပစၥည္းကိရိယာေတြ ဝယ္ယူေရး ထည့္သြင္းစဥ္းစားပါ။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရေဘူးတစ်ဘူးကို အချိန်အကြာကြီး စွဲသုံးတာဟာ သဘာဝပတ်ဝန်းကျင်အတွက် အထူးကောင်းမွန်ပေမယ့် သန့်ရှင်းအောင် မထားပါက ကျန်းမာရေးအတွက် သိပ်အဆင်မပြေလှပါဘူး။ တကယ်တော့ ရေဘူးတစ်ခုတည်းကနေ အမြဲမော့သောက်နေခြင်းဟာ ခွေးတစ်ကောင် သူ့ကစားစရာ အရုပ်တစ်ခုကို လျှာနဲ့လျက်တာထက်တောင် ပိုဆိုးပါသေးတယ်။

မကြာသေးမီက စမ်းသပ်မှုတစ်ခုက ပြန်အသုံးပြုရေဘူး မျိုးစုံကို ကြည့်ရှုလေ့လာခဲ့ပြီး ဘက်တီးရီးယားနဲ့ မှိုကိန်းေအောင်းမှု ပမာဏကို တိုင်းတာခဲ့ပါတယ်။ သာမန်ရေဘူးတစ်ဘူးဟာ အပြင်ကနေ ဝင်ရောက်လာတဲ့ ပမာဏပိုးမွားအရေအတွက် ၃၁၃,၄၉၉ ရဲ့ ရှင်သန်ပေါက်ဖွားရာနေရာဖြစ်ကြောင်း သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ခွေးကစားစရာအရုပ်မှာ ၂,၉၃၇ ဝန်းကျင်သာ ပါဝင်ပါတယ်။ ပိုဆိုးတာက ရေဘူးမှာ တွေ့ရတဲ့ ရောဂါပိုး ၆၀ ရာခိုင်နှုန်းကျော်က နာမကျန်းဖြစ်စေနိုင်ခြေရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။

ဒါကြောင့် ရေဘူးသုံးမယ်ဆိုရင် ဘယ်အမျိုးအစားက အသန့်ဆုံးလဲ သိဖို့ အရေးကြီးပါတယ်။ ထိပ်မှာ စုပ်တံပါတဲ့ ရေဘူးအမျိုးအစားက ထိပ်ဆုံးနေရာယူထားပြီး ထိပ်အဖုံးလှည့်သွင်း ရေဘူးအမျိုးအစားက ဒုတိယလိုက်ပါတယ်။ ပြီးရင် ဖျစ်ညှစ်ရတဲ့ အမျိုးအစားနဲ့ နောက်ဆုံးက တွန်းဖွင့်ရတဲ့ ရေဘူးမျိုး ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ သာမန်မျက်စိနဲ့ မမြင်နိုင်တာမို့ ရေဘူးကို အသုံးပြုတိုင်း ပန်းကန်ဆေးဆပ်ပြာနဲ့ သေချာဆေးကြောပေးတာ အကောင်းဆုံးပါပဲ။

သင် ရေဘူးကို စွဲစွဲမြဲမြဲသုံးစွဲတတ်သူဖြစ်ပါက ရေဗူးရဲ့ လက်လှမ်းမမီတဲ့ နေရာအားလုံး သန့်ရှင်းပေးမယ့် ရေဘူးသန့်ရှင်း အသုံးအဆောင်ပစ္စည်းကိရိယာတွေ ဝယ်ယူရေး ထည့်သွင်းစဉ်းစားပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top