iMyanmarHouse.com - Best Property Website for Myanmar
×

ေနာက္ေက်ာ တက္ျခင္းဟာ က်ားမ မေရြး၊ အရြယ္ မေရြး၊ ရာသီဥတုမေရြး၊ အခ်ိန္ခါ မေရြး ျဖစ္ေလ့ ရွိၾကျပီး ဇက္ေၾကာတက္(၀ါ) ဇက္ေၾကာ ထိုးတယ္ လို ့လဲ ေျပာေလ့ ရွိၾကပါတယ္။ ေနာက္ေက်ာ တက္ ရတဲ့ အဓိက အေၾကာင္းရင္းကေတာ့ “ပင္ပန္းလို ”့ ပါဘဲ။ ဥပမာ အၾကာၾကီးျင္ိမ္၍ တရားထိုင္ရတဲ့ ရဟန္း သံဃာေတာ္ မ်ား၊ အာရံုစူးစိုက္ေခါင္းငံု ့၍ အလုပ္လုပ္ၾကေသာ စာေရးစာခ်ီ၀န္္ထမ္းမ်ား၊ ဇာထိုး ပန္းထိုး စက္ခ်ဳပ္သမမ်ား၊ ပန္းထိမ္ဆရာမ်ား၊ ပန္းခ်ီဆရာမ်ား၊ ဆရာဆရာမ ႏွင့္ ေက်ာင္း သားေက်ာင္း သူမ်ား အျဖစ္ မ်ားၾကပါတယ္။ အခ်ိန္ ၾကာလာတာနဲ ့အမွ် ေခါင္းကိုက္၊ ပခံုးနာ၊ လည္ပင္း နာပါ ျဖစ္လာတတ္ပါတယ္။ အသက္ အႏၱရာယ္ မရွိ ဟု ဆိုနိုင္ေသာ္လည္း ေနရထိုင္ရ ခက္ခဲပါတယ္။

*(၁) ဆင္ျခင္သံုးသပ္ပါ။*

အထက္ေဖာ္ျပပါ မလြဲမေရွာင္သာတဲ့ အလုပ္မ်ားအျပင္ စိတ္အာရံုေနာက္က်ိျခင္း၊ အအိပ္အထိုင္ပံုစံမက်ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ မ်က္မွန္ပါ၀ါ ဒီဂရီ မကိုက္ျခင္း၊ စာေရးစာဖတ္မ်ားျခင္း၊ လက္နွိပ္စက္(သို ့)ကြန္ျပဴတာကို
တရစပ္ရိုက္မိျခင္း၊ ရုပ္ရွင္၊ တီဗီ၊ ဗီဒီယို၊ ကြန္ျပဴတာဂိမ္း၊ အင္တာနက္ေတြ အၾကည့္မ်ားျခင္း၊ စိတ္မခ်မ္းေျမ ့ စရာၾကံဳေတြ ့ျခင္း၊ ေသြးတိုးျခင္းတို ့ကလည္း ေနာက္ေက်ာ တက္ျခင္းကိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ မိမိကိုယ္ကို ဆင္ျခင္သံုးသပ္၍ လိုတိုး ပိုေလ်ာ့ျပဳျပင္ပါ။

*(၂) အနားယူပါ။*

ေနာက္ေက်ာ တက္ျခင္းအတြက္ အဓိက အိမ္တြင္း ကုထံုးကေတာ့ စိတ္ေရာလူပါ အိပ္စက္ အနားယူျခင္း ပါဘဲ။ အိပ္ယာေပၚမွာ ေျခ ပစ္လက္ပစ္ လွဲခ်ပါ။ ေခါင္းအံုးထူထူၾကီးေပၚ အိပ္စက္ျခင္းက လည္ပင္းရိုးႏွင့္
လည္ပင္းၾကြက္သားေတြကိုပို၍ ဒဏ္ျဖစ္ေစနိုင္ တာေၾကာင့္ မိမိအတြက္ သက္ေတာင့္ သက္သာျဖစ္ေစ မယ့္ ေခါင္းအံုးကိုသာ သံုးပါ။

*(၃) ေရခဲအိတ္ (သို ့မဟုတ္) ေရေႏြးအိတ္ကပ္ပါ။*

ပလပ္စတစ္အိတ္ထဲသို ့ေရခဲတံုးေလးေတြခြဲထဲ့၍ ေနာက္ေက်ာေပၚသို ့ကပ္ေပးပါ။ စဦးပိုင္းမွာ ေအးစက္ နာက်င္သလို ခံစားရ ေသာ္လဲ တျဖည္းျဖည္းဇက္ေၾကာတက္၍ လည္ပင္းေတြနာက်င္မႈကို သက္ သာေျပေလ်ာ့သြားေစပါတယ္။ အကယ္၍ ေဆာင္းရာ သီလို ေအးျမတဲ့အခါမ်ားမွာ ေရေႏြး အိတ္ေလးျဖင့္ ကပ္ေပးပါ။ ဒီနည္းက ေသြးေၾကာေတြ ပြင့္လာျပီး ေသြးလည္ပတ္မႈကိုအ ေထာက္အကူျဖစ္ေစတဲ့ အတြက္ ေနာက္ေက်ာတက္၊ ဇက္ေၾကာထိုးျခင္းကို သက္သာေစျပီး စိတ္အာရံု လန္းဆန္းသြားေစပါလိမ့္ မယ္။

*(၄) အသာအယာႏွိပ္နယ္ေပးပါ။*

ဦးစြာေရခ်ိဳးျပီးေနာက္ ခံုတစ္လံုးေပၚမတ္မတ္ထိုင္၍ မိမိဖာသာ ဦးေခါင္းကို ျဖည္းျဖည္းခ်င္း ေအာက္ဘက္ သို ့ငံု ့နိုင္သမွ်ငံု ့ပါ။ ျပီးရင္ မိုးေကာင္းကင္ေပၚသို ့ ေမာ့နိုင္သမွ်ေမာ့ၾကည့္ပါ။ ထိုေလ့က်င့္ခဏ္းကို အခ်ိန္ ၁၀
-မိနစ္ၾကာမွ ျဖည္းျဖည္းမွန္မွန္ လုပ္ေပးပါ။ (ေနာက္တစ္နည္း) ကိုယ္တြင္းမွာ အပူခဲအေအးခဲျခင္း ကလည္း ေနာက္ေက်ာ ထိုးျခင္းကိုျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ပူလြန္း ေအးလြန္းျခင္းအတြက္ ဓာတ္ ညွိေပးနိုင္တဲ့ “ဦးစိုင္း အေၾကာေျပလိမ္းေဆး” ကို ဇက္၊ ပခံုးတေလွွ်ာက္ အသားထဲထိစိမ့္၀င္ေအာင္ ဆုပ္နယ္ လူးေပးပါ။ (ေနာက္တနည္း) ဇက္ေၾကာ၊ ဇက္ပိုး၊ ပုခံုး၊ လည္ပင္း၊ ပင္မေက်ာရိုး တေလွ်ာက္ ကို ေရေႏြးအ၀တ္ျဖင့္ ၾကပ္ထုပ္ထိုးေပးပါ။ ထို ေ့နာက္ မုန္ညင္း ဆီလူးေပးပါ။

*(၅) အိမ္တြင္းကုထံုးမွီ၀ဲပါ။*

(က) သံပုရည္ေသာက္ပါ၊ သံပုရာခြံရႈပါ(သို ့) သံပုရာသီး အလံုးလိုက္ကို လက္သည္းျဖင့္ဆိတ္၍ ထြက္လာေသာ သံပုရာခြံ၏ အေစးကို နားထင္ႏွင့္ ဇက္ေၾကာေတြေပၚ ပြတ္လွိမ့္ေပးပါ။

(ခ) ခ်င္းကို ပါးပါးလႊာလႊာ ကေလးမ်ားျဖစ္ေအာင္ လွီးျပီးမီးျဖင့္ အနည္း ငယ္ျပပါ၊ ျပီးရင္ ဇက္ေၾကာထိုးသည့္ တက္ သည့္ေနရာမ်ားေပၚကို ကပ္ေပးထားျခင္းျဖင့္ သက္သာေပ်ာက္ကင္းသြားပါလိမ့္မယ္။

(ဂ)ေၾကာင္ပန္းရြက္ကို ၾကိတ္၍ရလာေသာ သတၱဳရည္ကိုေသာက္ေပးျခင္းျဖင့္ အေၾကာတက္အေၾကာကိုက္ ေရာဂါမ်ားကို သက္ သာေပ်ာက္ကင္းေစနိုင္ပါတယ္။ အကယ္၍ ေၾကာင္ပန္းရြက္သတၱဳရည္ကို ေသာက္ရန္၀န္ေလးေနပါက ဟင္းခ်က္စားရံုမွ်ျဖင့္ သက္သာေပ်ာက္ကင္းေစပါတယ္။

(ဃ) ပတဲေကာပင္၏အျမစ္ကို တူးေဖာ္၍ ေရ သန္ ့သန့္ေဆးျပီးေနာက္ ေနပူပူတြင္ အေျခာက္ လွန္းပါ(ေနပူရွိန္ အလြန္ျပင္းထန္ပါက တစ္ေန့သာ လွမ္းပါ၊ ေရဓာတ္အသင့္အတင့္ က်န္ရွိေနမွသာ ေဆးစြမ္းအာနိသင္ ပိုမိုထက္ ျမက္ေစမွာပါ၊ ဒါေၾကာင့္ မစိုမေျခာက္အေနအထား ျဖစ္ရပါမယ္)ေနလွန္း၍ရလာေသာ ပတဲေကာျမစ္ကို ေက်ာက္ပ်ဥ္ေပၚ၌ ေရ ႏွင့္ ခပ္ပ်စ္ပ်စ္ေသြးပါ၊ ေဆးရည္ကိုသိမ္းထားျပီး ဟင္းေသာက္ဇြန္း တစ္ဇြန္းစာကို မနက္တစ္ၾကိမ္၊ ညအိပ္ယာ ၀င္ခ်ိန္တစ္ၾကိမ္ ေသာက္သံုးေပးပါ။

(င) ေရွာက္သီးတစ္လံုးကို အလယ္တည့္တည့္ကခြဲ၍ အရည္ညွစ္ ယူပါ၊ ျပီးရင္ အေစ့၊ အခြံ၊ အရည္ သံုးမ်ိဳးလံုး ကိုေၾကြခရား(သို ့)ေၾကြရည္သုတ္ဇလံုထဲမွာထည့္ပါ၊ ဆား သင့္ရံုျဖင့္ ပြက္ပြက္ဆူေနေသာေရေႏြးျဖဴကို ေၾကြခရားတစ္လံုးခန္ ့ ထည့္လိုက္ပါ၊ ေအးလာပါက နံက္ တစ္ၾကိမ္၊ ညအိပ္ရာ ၀င္ခါနီးတစ္ၾကိမ္ ေသာက္ေပးျခင္းျဖင့္ အေၾကာတက္ေရာဂါေတြ တစ္ပတ္ အတြင္း
သိသိသသာေပ်ာက္ကင္းေစပါတယ္။

(စ) နႏြင္းတက္ေျခာက္ကို မီးရိႈ ့၍ ရႈေပးပါ။

Credit :Pauk Pauk

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နောက်ကျော တက်ခြင်းဟာ ကျားမ မရွေး၊ အရွယ် မရွေး၊ ရာသီဥတုမရွေး၊ အချိန်ခါ မရွေး ဖြစ်လေ့ ရှိကြပြီး ဇက်ကြောတက်(ဝါ) ဇက်ကြော ထိုးတယ် လို့လဲ ပြောလေ့ ရှိကြပါတယ်။ နောက်ကျော တက် ရတဲ့ အဓိက အကြောင်းရင်းကတော့ “ပင်ပန်းလို ”့ ပါဘဲ။ ဥပမာ အကြာကြီးြငိမ်၍ တရားထိုင်ရတဲ့ ရဟန်း သံဃာတော် များ၊ အာရုံစူးစိုက်ခေါင်းငုံ့၍ အလုပ်လုပ်ကြသော စာရေးစာချီဝန်ထမ်းများ၊ ဇာထိုး ပန်းထိုး စက်ချုပ်သမများ၊ ပန်းထိမ်ဆရာများ၊ ပန်းချီဆရာများ၊ ဆရာဆရာမ နှင့် ကျောင်း သားကျောင်း သူများ အဖြစ် များကြပါတယ်။ အချိန် ကြာလာတာနဲ့အမျှ ခေါင်းကိုက်၊ ပခုံးနာ၊ လည်ပင်း နာပါ ဖြစ်လာတတ်ပါတယ်။ အသက် အန္တရာယ် မရှိ ဟု ဆိုနိုင်သော်လည်း နေရထိုင်ရ ခက်ခဲပါတယ်။

*(၁) ဆင်ခြင်သုံးသပ်ပါ။*

အထက်ဖော်ပြပါ မလွဲမရှောင်သာတဲ့ အလုပ်များအပြင် စိတ်အာရုံနောက်ကျိခြင်း၊ အအိပ်အထိုင်ပုံစံမကျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မျက်မှန်ပါဝါ ဒီဂရီ မကိုက်ခြင်း၊ စာရေးစာဖတ်များခြင်း၊ လက်နှိပ်စက်(သို့)ကွန်ပြူတာကို
တရစပ်ရိုက်မိခြင်း၊ ရုပ်ရှင်၊ တီဗီ၊ ဗီဒီယို၊ ကွန်ပြူတာဂိမ်း၊ အင်တာနက်တွေ အကြည့်များခြင်း၊ စိတ်မချမ်းမြေ့ စရာကြုံတွေ့ခြင်း၊ သွေးတိုးခြင်းတို့ကလည်း နောက်ကျော တက်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်၍ လိုတိုး ပိုလျော့ပြုပြင်ပါ။

*(၂) အနားယူပါ။*

နောက်ကျော တက်ခြင်းအတွက် အဓိက အိမ်တွင်း ကုထုံးကတော့ စိတ်ရောလူပါ အိပ်စက် အနားယူခြင်း ပါဘဲ။ အိပ်ယာပေါ်မှာ ခြေ ပစ်လက်ပစ် လှဲချပါ။ ခေါင်းအုံးထူထူကြီးပေါ် အိပ်စက်ခြင်းက လည်ပင်းရိုးနှင့်
လည်ပင်းကြွက်သားတွေကိုပို၍ ဒဏ်ဖြစ်စေနိုင် တာကြောင့် မိမိအတွက် သက်တောင့် သက်သာဖြစ်စေ မယ့် ခေါင်းအုံးကိုသာ သုံးပါ။

*(၃) ရေခဲအိတ် (သို့မဟုတ်) ရေနွေးအိတ်ကပ်ပါ။*

ပလပ်စတစ်အိတ်ထဲသို့ရေခဲတုံးလေးတွေခွဲထဲ့၍ နောက်ကျောပေါ်သို့ကပ်ပေးပါ။ စဦးပိုင်းမှာ အေးစက် နာကျင်သလို ခံစားရ သော်လဲ တဖြည်းဖြည်းဇက်ကြောတက်၍ လည်ပင်းတွေနာကျင်မှုကို သက် သာပြေလျော့သွားစေပါတယ်။ အကယ်၍ ဆောင်းရာ သီလို အေးမြတဲ့အခါများမှာ ရေနွေး အိတ်လေးဖြင့် ကပ်ပေးပါ။ ဒီနည်းက သွေးကြောတွေ ပွင့်လာပြီး သွေးလည်ပတ်မှုကိုအ ထောက်အကူဖြစ်စေတဲ့ အတွက် နောက်ကျောတက်၊ ဇက်ကြောထိုးခြင်းကို သက်သာစေပြီး စိတ်အာရုံ လန်းဆန်းသွားစေပါလိမ့် မယ်။

*(၄) အသာအယာနှိပ်နယ်ပေးပါ။*

ဦးစွာရေချိုးပြီးနောက် ခုံတစ်လုံးပေါ်မတ်မတ်ထိုင်၍ မိမိဖာသာ ဦးခေါင်းကို ဖြည်းဖြည်းချင်း အောက်ဘက် သို့ငုံ့နိုင်သမျှငုံ့ပါ။ ပြီးရင် မိုးကောင်းကင်ပေါ်သို့ မော့နိုင်သမျှမော့ကြည့်ပါ။ ထိုလေ့ကျင့်ခဏ်းကို အချိန် ၁၀
-မိနစ်ကြာမှ ဖြည်းဖြည်းမှန်မှန် လုပ်ပေးပါ။ (နောက်တစ်နည်း) ကိုယ်တွင်းမှာ အပူခဲအအေးခဲခြင်း ကလည်း နောက်ကျော ထိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်း အေးလွန်းခြင်းအတွက် ဓာတ် ညှိပေးနိုင်တဲ့ “ဦးစိုင်း အကြောပြေလိမ်းဆေး” ကို ဇက်၊ ပခုံးတလှျှောက် အသားထဲထိစိမ့်ဝင်အောင် ဆုပ်နယ် လူးပေးပါ။ (နောက်တနည်း) ဇက်ကြော၊ ဇက်ပိုး၊ ပုခုံး၊ လည်ပင်း၊ ပင်မကျောရိုး တလျှောက် ကို ရေနွေးအဝတ်ဖြင့် ကြပ်ထုပ်ထိုးပေးပါ။ ထို ေ့နာက် မုန်ညင်း ဆီလူးပေးပါ။

*(၅) အိမ်တွင်းကုထုံးမှီဝဲပါ။*

(က) သံပုရည်သောက်ပါ၊ သံပုရာခွံရှုပါ(သို့) သံပုရာသီး အလုံးလိုက်ကို လက်သည်းဖြင့်ဆိတ်၍ ထွက်လာသော သံပုရာခွံ၏ အစေးကို နားထင်နှင့် ဇက်ကြောတွေပေါ် ပွတ်လှိမ့်ပေးပါ။

(ခ) ချင်းကို ပါးပါးလွှာလွှာ ကလေးများဖြစ်အောင် လှီးပြီးမီးဖြင့် အနည်း ငယ်ပြပါ၊ ပြီးရင် ဇက်ကြောထိုးသည့် တက် သည့်နေရာများပေါ်ကို ကပ်ပေးထားခြင်းဖြင့် သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

(ဂ)ကြောင်ပန်းရွက်ကို ကြိတ်၍ရလာသော သတ္တုရည်ကိုသောက်ပေးခြင်းဖြင့် အကြောတက်အကြောကိုက် ရောဂါများကို သက် သာပျောက်ကင်းစေနိုင်ပါတယ်။ အကယ်၍ ကြောင်ပန်းရွက်သတ္တုရည်ကို သောက်ရန်ဝန်လေးနေပါက ဟင်းချက်စားရုံမျှဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(ဃ) ပတဲကောပင်၏အမြစ်ကို တူးဖော်၍ ရေ သန့်သန့်ဆေးပြီးနောက် နေပူပူတွင် အခြောက် လှန်းပါ(နေပူရှိန် အလွန်ပြင်းထန်ပါက တစ်နေ့သာ လှမ်းပါ၊ ရေဓာတ်အသင့်အတင့် ကျန်ရှိနေမှသာ ဆေးစွမ်းအာနိသင် ပိုမိုထက် မြက်စေမှာပါ၊ ဒါကြောင့် မစိုမခြောက်အနေအထား ဖြစ်ရပါမယ်)နေလှန်း၍ရလာသော ပတဲကောမြစ်ကို ကျောက်ပျဉ်ပေါ်၌ ရေ နှင့် ခပ်ပျစ်ပျစ်သွေးပါ၊ ဆေးရည်ကိုသိမ်းထားပြီး ဟင်းသောက်ဇွန်း တစ်ဇွန်းစာကို မနက်တစ်ကြိမ်၊ ညအိပ်ယာ ဝင်ချိန်တစ်ကြိမ် သောက်သုံးပေးပါ။

(င) ရှောက်သီးတစ်လုံးကို အလယ်တည့်တည့်ကခွဲ၍ အရည်ညှစ် ယူပါ၊ ပြီးရင် အစေ့၊ အခွံ၊ အရည် သုံးမျိုးလုံး ကိုကြွေခရား(သို့)ကြွေရည်သုတ်ဇလုံထဲမှာထည့်ပါ၊ ဆား သင့်ရုံဖြင့် ပွက်ပွက်ဆူနေသောရေနွေးဖြူကို ကြွေခရားတစ်လုံးခန့် ထည့်လိုက်ပါ၊ အေးလာပါက နံက် တစ်ကြိမ်၊ ညအိပ်ရာ ဝင်ခါနီးတစ်ကြိမ် သောက်ပေးခြင်းဖြင့် အကြောတက်ရောဂါတွေ တစ်ပတ် အတွင်း
သိသိသသာပျောက်ကင်းစေပါတယ်။

(စ) နနွင်းတက်ခြောက်ကို မီးရှို့၍ ရှုပေးပါ။

Credit :Pauk Pauk

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top