iMyanmarHouse.com - Best Property Website for Myanmar
×

အျဖစ္မ်ားေသာ ႏွလံုးခုန္ႏႈန္းမူမမွန္ျခင္း (Atrial fibrillation) ျပႆနာရွိေနသူမ်ားတြင္ အရက္အလြန္အကြၽံ ေသာက္ ျခင္းႏွင့္ အသက္အရြယ္ေၾကာင့္ ေလျဖတ္ႏိုင္ျခင္း အႏၲရာယ္ပိုမ်ား ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေတြ႕ရွိခဲ့သည္။

‘‘ဆရာ၀န္ေတြအေနနဲ႔ ႏွလံုးခုန္ႏႈန္းျပႆနာရွိေနတဲ့ သူတို႔ရဲ႕ လူနာေတြကို အရက္ေသာက္သံုးမႈအေၾကာင္း ေမးျမန္းၿပီး ခြင့္ျပဳႏိုင္ တာထက္ ပိုေနတယ္ဆို ေလွ်ာ့ခ်ဖို႔ အႀကံေပးသင့္ပါတယ္’’ ဟု စေတာ့ဟုမ္းၿမိဳ႕ ကာ႐ိုလင္စတာအင္စတီက်ဳ႕ဒ္မွ ႏွလံုးေရာဂါအထူးကုဆရာ၀န္ အယ္လ္ခါလီလီက ေျပာသည္။

ယခုေလ့လာမႈတြင္ Af ျပႆနာရွိေနေသာ အသက္(၁၈)ႏွစ္ႏွင့္ (၆၄)ႏွစ္ၾကား ဆြီဒင္ႏုိင္ငံသား ၂၅,၀၀၀ ပါ၀င္သည္။

Af ျပႆနာရွိသူမ်ားသည္ ေလျဖတ္ႏိုင္ေျခရွိေသာ္လည္း အ ျခားအႏၲရာယ္အျခင္းအရာမ်ား မရွိပါက ေလျဖတ္ျခင္းအႏၲရာယ္ နည္းသည္ဟု ယူဆခံရသူမ်ားျဖစ္သည္။

သို႔ေသာ္ ငါးႏွစ္အၾကာ ထပ္မံေလ့လာမႈတြင္ ယင္းလူနာမ်ားအ တြက္ အႏၲရာယ္ရွိေသာ အခ်က္ႏွစ္ခ်က္ကို သုေတသီမ်ားက ေတြ႕ ရွိခဲ့သည္။

အရက္ေၾကာင့္ ေဆး႐ံုတက္ရျခင္းသည္ ေလျဖတ္အႏၲရာယ္ ကို ႏွစ္ဆျမင့္တက္ေစၿပီး အသက္အရြယ္ေၾကာင့္လည္း ေလျဖတ္ အႏၲရာယ္မ်ားေၾကာင္း သုေတသီမ်ားက ေတြ႕ရွိခဲ့သည္။

တစ္ဖက္တြင္ ေသြးက်ဲေစေသာ ေဆး၀ါးမ်ားသည္ ေလျဖတ္ ျခင္းအႏၲရာယ္ကို ေလ်ာ့က်ေစေၾကာင္း သုေတသီမ်ားက ေတြ႕ရွိခဲ့ ၿပီး သုေတသနစာတမ္းကို ေရာမၿမိဳ႕၌ က်င္းပေသာ ဥေရာပႏွလံုး ေရာဂါဆရာ၀န္မ်ား အစည္းအေ၀းတြင္ တင္ျပခဲ့သည္။



Credit : 7Day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အဖြစ်များသော နှလုံးခုန်နှုန်းမူမမှန်ခြင်း (Atrial fibrillation) ပြဿနာရှိနေသူများတွင် အရက်အလွန်အကျွံ သောက် ခြင်းနှင့် အသက်အရွယ်ကြောင့် လေဖြတ်နိုင်ခြင်း အန္တရာယ်ပိုများ ကြောင်း လေ့လာမှုအသစ်တစ်ရပ်က တွေ့ရှိခဲ့သည်။

‘‘ဆရာဝန်တွေအနေနဲ့ နှလုံးခုန်နှုန်းပြဿနာရှိနေတဲ့ သူတို့ရဲ့ လူနာတွေကို အရက်သောက်သုံးမှုအကြောင်း မေးမြန်းပြီး ခွင့်ပြုနိုင် တာထက် ပိုနေတယ်ဆို လျှော့ချဖို့ အကြံပေးသင့်ပါတယ်’’ ဟု စတော့ဟုမ်းမြို့ ကာရိုလင်စတာအင်စတီကျု့ဒ်မှ နှလုံးရောဂါအထူးကုဆရာဝန် အယ်လ်ခါလီလီက ပြောသည်။

ယခုလေ့လာမှုတွင် Af ပြဿနာရှိနေသော အသက်(၁၈)နှစ်နှင့် (၆၄)နှစ်ကြား ဆွီဒင်နိုင်ငံသား ၂၅,၀၀၀ ပါဝင်သည်။

Af ပြဿနာရှိသူများသည် လေဖြတ်နိုင်ခြေရှိသော်လည်း အ ခြားအန္တရာယ်အခြင်းအရာများ မရှိပါက လေဖြတ်ခြင်းအန္တရာယ် နည်းသည်ဟု ယူဆခံရသူများဖြစ်သည်။

သို့သော် ငါးနှစ်အကြာ ထပ်မံလေ့လာမှုတွင် ယင်းလူနာများအ တွက် အန္တရာယ်ရှိသော အချက်နှစ်ချက်ကို သုတေသီများက တွေ့ ရှိခဲ့သည်။

အရက်ကြောင့် ဆေးရုံတက်ရခြင်းသည် လေဖြတ်အန္တရာယ် ကို နှစ်ဆမြင့်တက်စေပြီး အသက်အရွယ်ကြောင့်လည်း လေဖြတ် အန္တရာယ်များကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

တစ်ဖက်တွင် သွေးကျဲစေသော ဆေးဝါးများသည် လေဖြတ် ခြင်းအန္တရာယ်ကို လျော့ကျစေကြောင်း သုတေသီများက တွေ့ရှိခဲ့ ပြီး သုတေသနစာတမ်းကို ရောမမြို့၌ ကျင်းပသော ဥရောပနှလုံး ရောဂါဆရာဝန်များ အစည်းအဝေးတွင် တင်ပြခဲ့သည်။



Credit : 7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top