iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္၀န္ေဆာင္အၿပီးမွာ ခါးပတ္လည္မွာ အဆီေတြစုလာတာ ဗိုက္ပူလာတာဟာ အမိ်ဳးသမီးေတြအဖို႔ မလိုလားေပမယ့္ အျဖစ္မ်ားေနတဲ့ ျပႆနာတစ္ရပ္ျဖစ္ပါတယ္။ ေရခဲေသတၱာထဲမွာ သိုေလွာင္ထားတာေတြထက္ လတ္ဆတ္တဲ့ အစားအစာေတြကို စားသံုးေပးဖို႔ သုေတသီေတြက အႀကံျပဳထားပါတယ္။ ဒီသုေတသနမွာေတာ့ အိႏၵိယႏုိင္ငံ၊ အျပည္ျပည္ဆိုင္ရာ Fertility စင္တာမွ သားဖြားမီးယပ္အထူးကု ဆရာ၀န္ Dr. Rita Bakshi  က ကေလးေမြးဖြားၿပီးတဲ့ အမ်ိဳးသမီးေတြကို ေပးထားတဲ့ နည္းလမ္းေတြ ကို ေဖာ္ျပေပးလိုပါတယ္။

လတ္ဆတ္ေသာ သစ္သီးမ်ား ကို စားသံုးေပးပါ။ ကေလးႏို႔ျဖတ္ခါနီးအထိ ေရခဲေသတၱာထဲမွာ ေအးခဲ ထားတဲ့ အစားအစာတြကို ေရွာင္က်ဥ္သင့္ပါတယ္။
လတ္လတ္ဆတ္ဆတ္ ခ်က္ျပဳတ္စားသံုးပါ။ အစားအစာေတြကို ၾကာရွည္ေအာင္ ျပဳလုပ္ထားတဲ့ က်ပ္တိုက္စာ၊ အကင္မ်ားနဲ႔ ဆုိးေဆးေတြပါ၀င္တဲ့ အသား၊ ငါးေတြ၊ စည္ သြတ္အစားအစာေတြအစားေစ်းက လတ္လတ္ဆတ္ဆတ္ ၀ယ္ယူလာတဲ့ သားငါးေတြကို ခ်က္ျပဳတ္စားေသာက္သင့္ပါတယ္။

ရာသီစာ ဟင္းသီးဟင္းရြက္ေတြဟာမီးဖြားၿပီးစ ကိုယ္ခႏၶာေတြအတြက္ သင့္ေတာ္ပါတယ္။ ဒါေပမယ့္တစ္မ်ိဳးတည္းကုိ ေန႔စဥ္စားေသာက္တာမ်ိဳးအလြန္အကၽြံ စားသံုးတာမ်ိဳးကေတာ့ မသင့္ေတာ္ပါဘူး။

ကေလးေ၀ယ်ာ၀စၥလုပ္ငန္းေတြကေန အားလပ္တဲ့အခ်ိန္မ်ိဳးမွာ ပင္ပန္းတႀကီး မလုပ္ရတဲ့ ေယာဂလို၊ ေအ႐ိုးဗစ္လို ေလ့က်င့္ခန္းေတြကို ျပဳလုပ္ေပးသင့္ပါတယ္။
ေယာဂထဲမွာမွ asanas  နဲ႔ pranayama  ကေတာ့ မီးဖြားၿပီးတဲ့ ကိုယ္ခႏၶာအတြက္ အထူးသင့္ေတာ္ၿပီး ကိုယ္အေလးခ်ိန္ က်ဆင္းေစပါတယ္။ စိတ္ပိုင္း၊ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈကို ျဖစ္ေပၚေစပါတယ္။

Credit : thithtoolwin

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်ဝန်ဆောင်အပြီးမှာ ခါးပတ်လည်မှာ အဆီတွေစုလာတာ ဗိုက်ပူလာတာဟာ အမျိုးသမီးတွေအဖို့ မလိုလားပေမယ့် အဖြစ်များနေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာ သိုလှောင်ထားတာတွေထက် လတ်ဆတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ သုတေသီတွေက အကြံပြုထားပါတယ်။ ဒီသုတေသနမှာတော့ အိန္ဒိယနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ Fertility စင်တာမှ သားဖွားမီးယပ်အထူးကု ဆရာဝန် Dr. Rita Bakshi  က ကလေးမွေးဖွားပြီးတဲ့ အမျိုးသမီးတွေကို ပေးထားတဲ့ နည်းလမ်းတွေ ကို ဖော်ပြပေးလိုပါတယ်။

လတ်ဆတ်သော သစ်သီးများ ကို စားသုံးပေးပါ။ ကလေးနို့ဖြတ်ခါနီးအထိ ရေခဲသေတ္တာထဲမှာ အေးခဲ ထားတဲ့ အစားအစာတွကို ရှောင်ကျဉ်သင့်ပါတယ်။
လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသုံးပါ။ အစားအစာတွေကို ကြာရှည်အောင် ပြုလုပ်ထားတဲ့ ကျပ်တိုက်စာ၊ အကင်များနဲ့ ဆိုးဆေးတွေပါဝင်တဲ့ အသား၊ ငါးတွေ၊ စည် သွတ်အစားအစာတွေအစားဈေးက လတ်လတ်ဆတ်ဆတ် ဝယ်ယူလာတဲ့ သားငါးတွေကို ချက်ပြုတ်စားသောက်သင့်ပါတယ်။

ရာသီစာ ဟင်းသီးဟင်းရွက်တွေဟာမီးဖွားပြီးစ ကိုယ်ခန္ဓာတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့်တစ်မျိုးတည်းကို နေ့စဉ်စားသောက်တာမျိုးအလွန်အကျွံ စားသုံးတာမျိုးကတော့ မသင့်တော်ပါဘူး။

ကလေးဝေယျာဝစ္စလုပ်ငန်းတွေကနေ အားလပ်တဲ့အချိန်မျိုးမှာ ပင်ပန်းတကြီး မလုပ်ရတဲ့ ယောဂလို၊ အေရိုးဗစ်လို လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။
ယောဂထဲမှာမှ asanas  နဲ့ pranayama  ကတော့ မီးဖွားပြီးတဲ့ ကိုယ်ခန္ဓာအတွက် အထူးသင့်တော်ပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဖြစ်ပေါ်စေပါတယ်။


Credit : thithtoolwin



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top