iMyanmarHouse.com - Best Property Website for Myanmar
×

"အမျိုးကောင်းသားတို့"
**************


**************





ပို့သပေးပါတယ်။

Unicode Version

"အမျိုးကောင်းသားတို့"
**************

မိမိ၏ ဇနီးမယားကိုအမျိုးကောင်းသမီး ပီသစေချင်ရင်သူတစ်ပါးတို့ ပိုင်ဆိုင်မဲ့ ဇနီးမယားများကိုလည်း
တန်ဖိုးထားပါ,,,ကိုယ့်ဘဝထဲ တစ်ကယ်ဝင်ခွင့်ပြုနိုင်မှသာ
သင်တို့ရဲ့ဆာလောင်မှု့ကိုဖြေသိမ့်ပါ,,,

"အမျိုးကောင်းသမီးတို့"
**************

မိမိ၏ လင်ယောက်ျားရဲ့တန်ဖိုးထား မြတ်နိုးမှု့ကိုခံယူချင်ရင်
တစ်ပါးသူ မိန်းကလေးများရဲ့လင်ယောက်ျားကိုလည်း သိက္ခာမချပါနဲ့
ကိုယ့်ဘဝထဲ တစ်ကယ်ဝင်လာမဲ့သူဆီသာမိမိတို့ရဲ.အရှက်တရားကိုတိုင်ပင်ပါ,,,

ချစ်သူရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝကိုတစ်ထပ်တည်းကျပြီး တစ်ပြေးတည်းဖြစ်နေတယ်လို့
ဘယ်တော့မှ မထင်လိုက်ပါနဲ့ ,,,ဘဝကိုပုံရမဲ့သူကိုသာ အရှက်ကိုပုံအပ်ပါ...ဘဝကိုပိုင်ဆိုင်ပြီး တန်ဖိုးထားမဲ့သူကသာသင့်ကိုမြတ်နိုးမယ့် အချစ်စစ်ပါ...တွဲတဲ့သူတိုင်းကို အချစ်စစ်လို့သဘောထားပြီး
အရှက်စစ်တွေကို မပေးကြပါနဲ့ ...အချစ်စစ်ပြီး တန်ဖိုးထားတတ်သူမှသာသင့်ကို ကာကွယ်ပေးနိုင်မှာပါ,,,
ကိုယ့်တန်ဖိုးဆိုတာ ကိုယ်တိုင်ရဲ.နေထိုင်မှု့မှာအဓိသက်ရောက်မှာပါပဲ...

လူတစ်ယောက်ကို ချစ်တော့မယ်ဆိုသစ္စာတရားကို အရင်ဆုံးလက်ကိုင်ထားပါ...
သူ သစ္စာမရှိတာ ရှိတာထက်မိမိဘက်က သစ္စာစောင့်သိနိုင်အောင်ကြိုးစားပါ...
သစ္စာတရားရဲ့ စင်ကြယ်ခြင်းကိုဘယ်အရာနဲ့မှ အရောင်မဆိုးလိုက်ပါနဲ့
ကံကြမ္မာ မျက်နှာသာမပေးလို့ ဝေးခဲ့ရင်တောင်ကံတရားလို့ပဲ သက်မှက်လိုက်ပါ
ပြီးမှ ဘဝသစ်ကိုပြန်စပါ...

လူသားအားလုံး တစ်ဦးအပေါ်တစ်ဦးသစ္စာစောင့်သိနိုင်ကြပါစေ...

Credit:တောင်သားလေးရဲ့ စာပေရွာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top