iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္အခ်စ္ေရးမွာမဆုိ အတက္၊အက် အနိမ့္ အျမင့္ နဲ႕ အေကာင္းအဆိုးေတြ ရွိၾကစျမဲပါ။ ဒါေပမယ့္ သင့္အခ်စ္ေရးက အလိမ္အညာေတြနဲ႕ ၾကံဳေနရတယ္ဆုိရင္ ေနာက္ဆံုးမွာ လမ္းခြဲျခင္းနဲ႕သာ အဆံုးသတ္တတ္သြားတတ္ၾကပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႕ သူ႕ကို စြန္႕လႊတ္သင့္သလား၊ ဆက္သြားသင့္သလား မသိဘူးဆုိရင္ေတာ့ ဒီအခ်က္ကေလးေတြကို ဖတ္ျပီး ဆံုးျဖတ္ၾကည့္လိုက္ပါ။

၁။ သူ႕အျပဳအမူ ကိုယ့္အေပၚ လုပ္ေလ့ရွိတဲ့အရာေတြကုိ ျပန္စဥ္းစားပါ။
သင့္ခ်စ္သူက သူလုပ္ခ်င္ရာေတြကို ဇြတ္လုပ္တတ္ျပီး သင့္ကုိ အသိေပးခ်င္မွ ေပးတတ္တယ္။ တစ္ခါတစ္ေလ ရက္ေပါင္းမ်ားစြာ ဆက္သြယ္လုိ႕မရတာေတြေတာင္ ရွိတယ္။ ကုိယ့္ေရွ႕ျပန္ေပၚလာရင္လည္း ဘာမွရွင္းျပေလ့မရွိဘူး။ သင္ သူ႕အေပၚယံုၾကည္လို႕ မရေတာ့ဘူးလို႕ အျမဲခံစားေနရတယ္ဆုိရင္ သူနဲ႕ေရွ႕ဆက္သြားဖုိ႕ရာ မျဖစ္ႏိုင္ေတာ့ပါဘူး။

၂။ ကိုယ့္ကိုကုိယ္ မညာပါနဲ႕။ သူ႕ဘက္က မလိုက္ပဲ စဥ္းစားပါ။
သင္သူ႕ကို ခ်စ္ေနေသးလို႕ အျပစ္မျမင္ဘူးဆိုတာ ျဖစ္ႏိုင္ပါတယ္။ သူက ကိုယ္ခ်စ္ရသူကိုး။ ဒါေပမယ့္ တစ္သက္လံုး အတြက္ စဥ္းစားပါ။ သူလုပ္ေနတဲ့အရာေတြဟာ သင့္ကို ညာေနတာ၊ လိမ္ေနတာမွန္းသိသိၾကီးနဲ႕ မ်က္လံုးပိတ္ နားပိတ္ ေနလိုက္တာမ်ိဳးေတြ မလုပ္ပါနဲ႕။ ဒါေတြဟာ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ သင့္ကို ဒုကၡေပးႏိုင္တာေၾကာင့္ပါ။

၃။ သင့္မွာ ဘယ္သူမွမသိတဲ့ စြမ္းအင္ေတြရွိေနတယ္ဆုိတာ ယံုပါ။
သင္ဟာ သင့္ခ်စ္သူနဲ႕ တြဲလာတာ ဘယ္ေလာက္ၾကာေနျပီဆုိတာမ်ိဳးနဲ႕ ကိုယ့္ကိုကုိယ္ နွစ္သိမ့္မထားပါနဲ႕။ လိမ္ညာခံရတာမ်ိဳးဟာ သင္သူ႕ကို ျမင္ေတြ႕တုိင္း ခံစားနာက်င္ေနရမယ့္ အရာပါ။  ဒီေတာ့ သူမရွိပဲ သင့္ဘာသာရပ္တည္ႏိုင္တယ္ဆုိတာကို ျပသရမယ့္အခ်ိန္လုိ႕ ေတြးပါ။ သင့္မွာ ဘယ္သူမွမသိတဲ့ စြမ္းအားေတြရွိေနျပီးသားဆုိတာ ယံုၾကည္ဖုိ႕ လိုပါတယ္။

၄။သင္နာက်င္ခံစားေနရခ်ိန္မွာ အရင္ရည္းစားေဟာင္းကို သြားမမွီခို၊ မဆက္သြယ္ပါနဲ႕။
ခုလက္ရွိခ်စ္သူက သင့္ကိုလိမ္ညာလို႕ နာက်င္ခံစားေနရခ်ိန္မွာ သင့္ကို ေဖးမႏွစ္သိမ့္ေပးဖုိ႕ သင့္ရည္းစားေဟာင္းကို မမွီခိုပါနဲ႕။ မဆက္သြယ္မိပါေစနဲ႕။ ဒါဟာ သူ႕အမွားက ကုိယ့္အမွားျဖစ္သြားေစမယ့္ အရာပါပဲ။

၅။သင္ခ်စ္ရတဲ့ သူငယ္ခ်င္းေတြ၊ အခင္ဆံုး မိတ္ေဆြေတြနဲ႕ ျပန္ဆက္သြယ္ပါ။
သင္နာက်င္ခံစားရခ်ိန္မွာ သင့္ေဘးနားတစ္ေယာက္ေယာက္ရွိေစခ်င္တယ္ဆုိရင္ေတာ့ သင့္အခ်စ္ဆံုးသူငယ္ခ်င္းေတြနဲ႕ ခင္မင္ရတဲ့ မိတ္ေဆြေတြကိုသာ ဆက္သြယ္ျပီး အေဖာ္ျပဳဖုိ႕ ေတာင္းဆိုလိုက္ပါ။ သူတုိ႕နဲ႕ အတူရွိခ်ိန္ေတြဆုိ သင္ဟာ အျခားအရာေတြကို ေမ့သြားႏိုင္ပါတယ္။ သူတုိ႕နဲ႕ ျပန္ခ်ိန္းျပီး သင္ၾကိဳက္တဲ့ ေဖ်ာ္ေျဖပြဲမ်ိူ းေတြ သြားတာပဲျဖစ္ျဖစ္၊ ေရွာ့ပင္ထြက္တာမ်ိဳးေတြ လုပ္လိုက္ပါ။

၅။ ကိုယ့္ဘာသာကိုယ္ ခံစားနာက်င္ရေအာင္ မလုပ္ပါနဲ႕။
အသည္းကြဲေနလို႕ဆုိျပီး အေဆြးသီခ်င္းေတြ နားေထာင္တာ၊ ရိုမန္တစ္ဇာတ္လမ္းေတြ ၾကည့္တာဟာ ကိုယ့္ဒုကၡကိုယ္ရွာတာပါပဲ။ တစ္ေယာက္တညး္ ေနျပီး ခံစားနာက်င္ေနတာမ်ိဳးေတြ မလုပ္ပါနဲ႕။ ျဖစ္ႏိုင္သေလာက္ မိသားစုနဲ႕ အတူ ေနပါ။ သူငယ္ခ်င္းေတြနဲ႕ အတူေနပါ။

၆။ သင့္ခ်စ္သူက လာေတာင္းပန္တယ္ဆုိရင္ လက္ခံ ခြင့္လႊတ္ျပီး သင့္ဘာသာသင္ ဒီခရီးလမ္းကို ေလ်ွာက္လွမ္းမယ့္အေၾကာင္းေျပာပါ။
သင့္ကို အၾကိမ္ၾကိမ္လိမ္ညာဖူးတဲ့သူက ခုတစ္ခါ လိမ္ညာျပီးေတာ့လည္း ခြင့္လႊတ္ဖုိ႕ ေတာင္းပန္ဦးမွာပါပဲ။ သင္စိတ္ေပ်ာ့ျပီး ျပန္ပါသြားရင္ သင္ဒီလို နာက်င္မႈမ်ိဳးေတြ ထပ္ခါတလဲလဲ ခံစားရဥိးမွာ အေသအခ်ာပါ။ ဒါ့ေၾကာင့္ သူေတာင္းပန္တာကို လက္ခံျပီး ျပန္မတြဲပါနဲ႕။ ေတာင္းပန္တာကို လက္ခံျပီး သူမပါတဲ့ အနာဂတ္ခရီးကို သင့္ဘာသာသင့္ ေလ်ွာက္လွမ္းေတာ့မွာ ျဖစ္တဲ့အေၾကာင္း ေျပာလိုက္ပါ။

၇။ နာက်င္မႈကို အခ်ိန္အၾကာၾကီး ယူေဆာင္ခံစားတာမ်ိဳး မလုပ္ပါနဲ႕။ တကယ္သင့္ကိုခ်စ္လာတဲ့သူရွိဥိးမယ္ဆုိတာ ယံုပါ။
ငါ့ဘ၀ၾကီးဟာ ခုေတာ့ နာက်င္စရာေကာင္းလွပါလား ဆုိျပီး ျပီးသြားတဲ့ အတိတ္ကို ျပန္ခံစားေနတာမ်ိဳးေတြ မလုပ္ပါနဲ႕။ တတ္ႏိုင္သေလာက္ ဒါကိုေမ့ထားျပီး သင္လုပ္စရာရွိတာေတြလုပ္ပါ။ သင္စိတ္ပါ၀င္စားတဲ့ အရာေတြကို လုပ္ေဆာင္ပါ။  သင့္ရဲ႕ နာက်င္မႈကို အခ်ိန္က ကုစားသြားမွာ အေသအခ်ာပါပဲ။ ဒါ့အျပင္ ခုတစ္ခါ နာက်င္ရလုိ႕ အခ်စ္စစ္ဆုိတာ တကယ္မရွိေတာ့ဘူးလားလုိ႕လည္း မထင္ပါနဲ႕။ သင့္အေပၚ တကယ္ခ်စ္ျမတ္ႏိုးတဲ့သူ ေပၚလာဦးမွာပါ။ ဒီတစ္ခါၾကံဳခဲ့ရတာေတြကို နမူနာယူျပီး ေနာက္ထပ္ၾကံဳလာရမယ့္အရာေတြ အတြက္အခ်ိန္ယူ ျပင္ဆင္ထားလိုက္ပါ။



Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘယ်အချစ်ရေးမှာမဆို အတက်၊အကျ အနိမ့် အမြင့် နဲ့ အကောင်းအဆိုးတွေ ရှိကြစမြဲပါ။ ဒါပေမယ့် သင့်အချစ်ရေးက အလိမ်အညာတွေနဲ့ ကြုံနေရတယ်ဆိုရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့သာ အဆုံးသတ်တတ်သွားတတ်ကြပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သူ့ကို စွန့်လွှတ်သင့်သလား၊ ဆက်သွားသင့်သလား မသိဘူးဆိုရင်တော့ ဒီအချက်ကလေးတွေကို ဖတ်ပြီး ဆုံးဖြတ်ကြည့်လိုက်ပါ။

၁။ သူ့အပြုအမူ ကိုယ့်အပေါ် လုပ်လေ့ရှိတဲ့အရာတွေကို ပြန်စဉ်းစားပါ။
သင့်ချစ်သူက သူလုပ်ချင်ရာတွေကို ဇွတ်လုပ်တတ်ပြီး သင့်ကို အသိပေးချင်မှ ပေးတတ်တယ်။ တစ်ခါတစ်လေ ရက်ပေါင်းများစွာ ဆက်သွယ်လို့မရတာတွေတောင် ရှိတယ်။ ကိုယ့်ရှေ့ပြန်ပေါ်လာရင်လည်း ဘာမှရှင်းပြလေ့မရှိဘူး။ သင် သူ့အပေါ်ယုံကြည်လို့ မရတော့ဘူးလို့ အမြဲခံစားနေရတယ်ဆိုရင် သူနဲ့ရှေ့ဆက်သွားဖို့ရာ မဖြစ်နိုင်တော့ပါဘူး။

၂။ ကိုယ့်ကိုကိုယ် မညာပါနဲ့။ သူ့ဘက်က မလိုက်ပဲ စဉ်းစားပါ။
သင်သူ့ကို ချစ်နေသေးလို့ အပြစ်မမြင်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ သူက ကိုယ်ချစ်ရသူကိုး။ ဒါပေမယ့် တစ်သက်လုံး အတွက် စဉ်းစားပါ။ သူလုပ်နေတဲ့အရာတွေဟာ သင့်ကို ညာနေတာ၊ လိမ်နေတာမှန်းသိသိကြီးနဲ့ မျက်လုံးပိတ် နားပိတ် နေလိုက်တာမျိုးတွေ မလုပ်ပါနဲ့။ ဒါတွေဟာ တစ်ချိန်မဟုတ်တစ်ချိန် သင့်ကို ဒုက္ခပေးနိုင်တာကြောင့်ပါ။

၃။ သင့်မှာ ဘယ်သူမှမသိတဲ့ စွမ်းအင်တွေရှိနေတယ်ဆိုတာ ယုံပါ။
သင်ဟာ သင့်ချစ်သူနဲ့ တွဲလာတာ ဘယ်လောက်ကြာနေပြီဆိုတာမျိုးနဲ့ ကိုယ့်ကိုကိုယ် နှစ်သိမ့်မထားပါနဲ့။ လိမ်ညာခံရတာမျိုးဟာ သင်သူ့ကို မြင်တွေ့တိုင်း ခံစားနာကျင်နေရမယ့် အရာပါ။  ဒီတော့ သူမရှိပဲ သင့်ဘာသာရပ်တည်နိုင်တယ်ဆိုတာကို ပြသရမယ့်အချိန်လို့ တွေးပါ။ သင့်မှာ ဘယ်သူမှမသိတဲ့ စွမ်းအားတွေရှိနေပြီးသားဆိုတာ ယုံကြည်ဖို့ လိုပါတယ်။

၄။သင်နာကျင်ခံစားနေရချိန်မှာ အရင်ရည်းစားဟောင်းကို သွားမမှီခို၊ မဆက်သွယ်ပါနဲ့။
ခုလက်ရှိချစ်သူက သင့်ကိုလိမ်ညာလို့ နာကျင်ခံစားနေရချိန်မှာ သင့်ကို ဖေးမနှစ်သိမ့်ပေးဖို့ သင့်ရည်းစားဟောင်းကို မမှီခိုပါနဲ့။ မဆက်သွယ်မိပါစေနဲ့။ ဒါဟာ သူ့အမှားက ကိုယ့်အမှားဖြစ်သွားစေမယ့် အရာပါပဲ။

၅။သင်ချစ်ရတဲ့ သူငယ်ချင်းတွေ၊ အခင်ဆုံး မိတ်ဆွေတွေနဲ့ ပြန်ဆက်သွယ်ပါ။
သင်နာကျင်ခံစားရချိန်မှာ သင့်ဘေးနားတစ်ယောက်ယောက်ရှိစေချင်တယ်ဆိုရင်တော့ သင့်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ခင်မင်ရတဲ့ မိတ်ဆွေတွေကိုသာ ဆက်သွယ်ပြီး အဖော်ပြုဖို့ တောင်းဆိုလိုက်ပါ။ သူတို့နဲ့ အတူရှိချိန်တွေဆို သင်ဟာ အခြားအရာတွေကို မေ့သွားနိုင်ပါတယ်။ သူတို့နဲ့ ပြန်ချိန်းပြီး သင်ကြိုက်တဲ့ ဖျော်ဖြေပွဲမျိူ းတွေ သွားတာပဲဖြစ်ဖြစ်၊ ရှော့ပင်ထွက်တာမျိုးတွေ လုပ်လိုက်ပါ။

၅။ ကိုယ့်ဘာသာကိုယ် ခံစားနာကျင်ရအောင် မလုပ်ပါနဲ့။
အသည်းကွဲနေလို့ဆိုပြီး အဆွေးသီချင်းတွေ နားထောင်တာ၊ ရိုမန်တစ်ဇာတ်လမ်းတွေ ကြည့်တာဟာ ကိုယ့်ဒုက္ခကိုယ်ရှာတာပါပဲ။ တစ်ယောက်တည်း နေပြီး ခံစားနာကျင်နေတာမျိုးတွေ မလုပ်ပါနဲ့။ ဖြစ်နိုင်သလောက် မိသားစုနဲ့ အတူ နေပါ။ သူငယ်ချင်းတွေနဲ့ အတူနေပါ။

၆။ သင့်ချစ်သူက လာတောင်းပန်တယ်ဆိုရင် လက်ခံ ခွင့်လွှတ်ပြီး သင့်ဘာသာသင် ဒီခရီးလမ်းကို လျှောက်လှမ်းမယ့်အကြောင်းပြောပါ။
သင့်ကို အကြိမ်ကြိမ်လိမ်ညာဖူးတဲ့သူက ခုတစ်ခါ လိမ်ညာပြီးတော့လည်း ခွင့်လွှတ်ဖို့ တောင်းပန်ဦးမှာပါပဲ။ သင်စိတ်ပျော့ပြီး ပြန်ပါသွားရင် သင်ဒီလို နာကျင်မှုမျိုးတွေ ထပ်ခါတလဲလဲ ခံစားရဥိးမှာ အသေအချာပါ။ ဒါ့ကြောင့် သူတောင်းပန်တာကို လက်ခံပြီး ပြန်မတွဲပါနဲ့။ တောင်းပန်တာကို လက်ခံပြီး သူမပါတဲ့ အနာဂတ်ခရီးကို သင့်ဘာသာသင့် လျှောက်လှမ်းတော့မှာ ဖြစ်တဲ့အကြောင်း ပြောလိုက်ပါ။

၇။ နာကျင်မှုကို အချိန်အကြာကြီး ယူဆောင်ခံစားတာမျိုး မလုပ်ပါနဲ့။ တကယ်သင့်ကိုချစ်လာတဲ့သူရှိဥိးမယ်ဆိုတာ ယုံပါ။
ငါ့ဘဝကြီးဟာ ခုတော့ နာကျင်စရာကောင်းလှပါလား ဆိုပြီး ပြီးသွားတဲ့ အတိတ်ကို ပြန်ခံစားနေတာမျိုးတွေ မလုပ်ပါနဲ့။ တတ်နိုင်သလောက် ဒါကိုမေ့ထားပြီး သင်လုပ်စရာရှိတာတွေလုပ်ပါ။ သင်စိတ်ပါဝင်စားတဲ့ အရာတွေကို လုပ်ဆောင်ပါ။  သင့်ရဲ့ နာကျင်မှုကို အချိန်က ကုစားသွားမှာ အသေအချာပါပဲ။ ဒါ့အပြင် ခုတစ်ခါ နာကျင်ရလို့ အချစ်စစ်ဆိုတာ တကယ်မရှိတော့ဘူးလားလို့လည်း မထင်ပါနဲ့။ သင့်အပေါ် တကယ်ချစ်မြတ်နိုးတဲ့သူ ပေါ်လာဦးမှာပါ။ ဒီတစ်ခါကြုံခဲ့ရတာတွေကို နမူနာယူပြီး နောက်ထပ်ကြုံလာရမယ့်အရာတွေ အတွက်အချိန်ယူ ပြင်ဆင်ထားလိုက်ပါ။



Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top