iMyanmarHouse.com - Best Property Website for Myanmar
×

ဗီတာမင္စီအေၾကာင္းကို အခ်ိန္အနည္းငယ္ေပးၿပီး ေဖာ္ျပပါဦးမယ္။ ဗီတာမင္စီဟာ ကၽြႏု္ပ္တုိ႕ ခႏၶာကိုယ္အတြက္ ဘာေၾကာင့္မ်ား အေရးတႀကီးလုိအပ္ရတာလဲ။ အထူးသျဖင့္ေတာ့ အန္တီေအာက္ဆီးဒင့္ ဓါတ္ေတြက ကၽြႏု္ပ္တုိ႕ ခႏၶာကိုယ္ကို တစ္ခုနဲ႕တစ္ခု အခ်ိတ္အဆက္မိေနေအာင္ ပူးကပ္ေပးထားတဲ့ ေကာ္လုိ ဂုဏ္သတၱိနဲ႕တူပါတယ္။

          ဒါေပမယ့္လည္း ဗီတာမင္ C က ေရထဲမွာ ေပ်ာ္၀င္ႏုိင္ပါတယ္။ ဒါက ဘာကိုဆုိလုိသလဲဆုိေတာ့ သင့္ခႏၶာကိုယ္ဟာ ဒီအရာကို တစုတေ၀းတည္း တာရွည္ထိန္းသိမ္းမထားႏုိင္ပါဘူး။ ဒါေၾကာင့္ သူ႕ကို ေန႕စဥ္ ျပန္လည္မွီ၀ဲေပးဖို႕လုိပါတယ္။ ဗီတာမင္စီက အဓိက အက်ိဳးျပဳတဲ့ အရာေတြကေတာ့ သင့္ရဲ႕ ဆံပင္ ၊ လက္သည္းနဲ႕ အသားအေရတုိ႕ပါပဲ။

(၁)     ဆံပင္ကို အက်ိဳးျပဳျခင္း။

          ဆံပင္ေတြ သန္စြမ္းၿပီး က်န္းမာဖို႕အတြက္ေတာ့ ဗီတာမင္စီက ထိေရာက္မႈအရွိဆံုး နည္းလမ္းတစ္ခုပါ။ ဘယ္လိုအသံုးျပဳမလဲဆုိေတာ့ ဗီတာမင္စီ ၊ မက်က္တက်က္ ျပဳထားတဲ့ အာလူး ၊ ဆီျဖဴသီးခြက္တ၀က္ ၊ စေတာ္ဘယ္ရီ သံုးလံုး နဲ႕ ငရုတ္ပြအနီေရာင္တုိ႕ကို ေရာပီး အႏွစ္ကေလးေတြျဖစ္သြားတဲ့အထိ သမေအာင္ ေမႊပါ။ ၿပီးရင္ေတာ့ ဆံပင္နဲ႕ ဦးေရျပားေပၚကို ေပါင္းတင္သလို လိမ္းၿပီး ဆယ့္ငါးမိနစ္ကေန ႏွစ္ဆယ့္ငါးမိနစ္ ေလာက္ၾကာေအာင္ ထားေပးပါ။ ၿပီးရင္ေတာ့ ေရေႏြးနဲ႕ ေဆးခ်လုိက္ပါ။

(၂)     သင့္ကိုပိုၿပီး အားျပည့္ေစတယ္လုိ႕ ထင္ရျခင္း။

          သင့္ရဲ႕ စားေသာက္မႈပံုစံမွာ ဗီတာမင္စီက သံဓါတ္ကိုအားျဖည့္ စုတ္ယူေပးပါတယ္။ ဒါေၾကာင့္ သင့္ကို အမ်ားအျမင္မွာ ပိုၿပီး ႀကံ႕ခိုင္တဲ့ပံု ေပါက္ေနေစၿပီး သင္ကိုယ္တုိင္လည္း အားအင္ျပည့္၀ေနတယ္လုိ႕ ခံစားရႏုိင္ပါတယ္။

(၃)     လက္သည္းရွည္ႏႈန္းျမန္ေစျခင္း။

          ဗီတာမင္စီက ကၽြႏု္ပ္တုိ႕ရဲ႕ လက္သည္းကို သန္သန္စြမ္းစြမ္း ေျဖာင့္ေျဖာင့္မတ္မတ္ ရွည္ေစႏုိင္ၿပီး ခႏၶာကိုယ္မွာ ရွိတဲ့ အျခား ဆက္စပ္ပစၥည္းေတြျဖစ္တဲ့ အရိုး ၊ တစ္သွ်ဴးနဲ႕ အသားအေရတို႕ကိုပါ အားေကာင္း ေစပါတယ္။

(၄)     လက္စြယ္ငုတ္ျခင္းကို တားဆီးေပးျခင္း။

          ဘာေၾကာင့္လဲဆုိေတာ့ ဗီတာမင္စီက လက္သည္းေတြကို ခုိင္မာေစၿပီး ႀကီးထြားေစဖုိ႕ ကူညီေပးပါတယ္။ ဒါေၾကာင့္ လက္စြယ္ငုတ္ျခင္းကိုလည္း အလိုအေလ်ာက္ ကာကြယ္ၿပီး ျဖစ္ပါတယ္။

(၅)     အိုးမင္းရင့္ေရာ္မႈလကၡဏာမ်ားကို ကာကြယ္ေပးႏိုင္ျခင္း။

          အသက္အလတ္ပိုင္း အရြယ္ရွိတဲ့ အမ်ိဳးသမီးေတြဟာ ဗီတာမင္စီ ေန႕စဥ္ပံုမွန္ စားသံုးေပးျခင္းေၾကာင့္ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အေရးအေၾကာင္းေတြ ၊ အေရျပား ေျခာက္ေသြ႕ျခင္း ျဖစ္စဥ္ေတြကို ေလ်ာ့နည္း ေစပါတယ္။

          ဗီတာမင္စီနဲ႕ မ်က္ႏွာေပါင္းတင္လုိတယ္ဆုိရင္ေတာ့ ကီ၀ီသီးရယ္ ၊ သေဘၤာသီး တစ္ခြက္ရယ္ကို ေရာၿပီး ေမႊလိုက္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာေပၚမွာ ဆယ့္ငါးမိနစ္ကေန မိနစ္ႏွစ္ဆယ္ေထာက္အထိ ေပါင္းတင္ ထားၿပီး ေရေအးနဲ႕ ေဆးခ်လုိက္ပါ။

Credit: Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဗီတာမင်စီအကြောင်းကို အချိန်အနည်းငယ်ပေးပြီး ဖော်ပြပါဦးမယ်။ ဗီတာမင်စီဟာ ကျွနု်ပ်တို့ ခန္ဓာကိုယ်အတွက် ဘာကြောင့်များ အရေးတကြီးလိုအပ်ရတာလဲ။ အထူးသဖြင့်တော့ အန်တီအောက်ဆီးဒင့် ဓါတ်တွေက ကျွနု်ပ်တို့ ခန္ဓာကိုယ်ကို တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိနေအောင် ပူးကပ်ပေးထားတဲ့ ကော်လို ဂုဏ်သတ္တိနဲ့တူပါတယ်။

          ဒါပေမယ့်လည်း ဗီတာမင် C က ရေထဲမှာ ပျော်ဝင်နိုင်ပါတယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ သင့်ခန္ဓာကိုယ်ဟာ ဒီအရာကို တစုတဝေးတည်း တာရှည်ထိန်းသိမ်းမထားနိုင်ပါဘူး။ ဒါကြောင့် သူ့ကို နေ့စဉ် ပြန်လည်မှီဝဲပေးဖို့လိုပါတယ်။ ဗီတာမင်စီက အဓိက အကျိုးပြုတဲ့ အရာတွေကတော့ သင့်ရဲ့ ဆံပင် ၊ လက်သည်းနဲ့ အသားအရေတို့ပါပဲ။

(၁)     ဆံပင်ကို အကျိုးပြုခြင်း။

          ဆံပင်တွေ သန်စွမ်းပြီး ကျန်းမာဖို့အတွက်တော့ ဗီတာမင်စီက ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုပါ။ ဘယ်လိုအသုံးပြုမလဲဆိုတော့ ဗီတာမင်စီ ၊ မကျက်တကျက် ပြုထားတဲ့ အာလူး ၊ ဆီဖြူသီးခွက်တဝက် ၊ စတော်ဘယ်ရီ သုံးလုံး နဲ့ ငရုတ်ပွအနီရောင်တို့ကို ရောပီး အနှစ်ကလေးတွေဖြစ်သွားတဲ့အထိ သမအောင် မွှေပါ။ ပြီးရင်တော့ ဆံပင်နဲ့ ဦးရေပြားပေါ်ကို ပေါင်းတင်သလို လိမ်းပြီး ဆယ့်ငါးမိနစ်ကနေ နှစ်ဆယ့်ငါးမိနစ် လောက်ကြာအောင် ထားပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးချလိုက်ပါ။

(၂)     သင့်ကိုပိုပြီး အားပြည့်စေတယ်လို့ ထင်ရခြင်း။

          သင့်ရဲ့ စားသောက်မှုပုံစံမှာ ဗီတာမင်စီက သံဓါတ်ကိုအားဖြည့် စုတ်ယူပေးပါတယ်။ ဒါကြောင့် သင့်ကို အများအမြင်မှာ ပိုပြီး ကြံ့ခိုင်တဲ့ပုံ ပေါက်နေစေပြီး သင်ကိုယ်တိုင်လည်း အားအင်ပြည့်ဝနေတယ်လို့ ခံစားရနိုင်ပါတယ်။

(၃)     လက်သည်းရှည်နှုန်းမြန်စေခြင်း။

          ဗီတာမင်စီက ကျွနု်ပ်တို့ရဲ့ လက်သည်းကို သန်သန်စွမ်းစွမ်း ဖြောင့်ဖြောင့်မတ်မတ် ရှည်စေနိုင်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ အခြား ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ အရိုး ၊ တစ်သျှူးနဲ့ အသားအရေတို့ကိုပါ အားကောင်း စေပါတယ်။

(၄)     လက်စွယ်ငုတ်ခြင်းကို တားဆီးပေးခြင်း။

          ဘာကြောင့်လဲဆိုတော့ ဗီတာမင်စီက လက်သည်းတွေကို ခိုင်မာစေပြီး ကြီးထွားစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် လက်စွယ်ငုတ်ခြင်းကိုလည်း အလိုအလျောက် ကာကွယ်ပြီး ဖြစ်ပါတယ်။

(၅)     အိုးမင်းရင့်ရော်မှုလက္ခဏာများကို ကာကွယ်ပေးနိုင်ခြင်း။

          အသက်အလတ်ပိုင်း အရွယ်ရှိတဲ့ အမျိုးသမီးတွေဟာ ဗီတာမင်စီ နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ ၊ အရေပြား ခြောက်သွေ့ခြင်း ဖြစ်စဉ်တွေကို လျော့နည်း စေပါတယ်။

          ဗီတာမင်စီနဲ့ မျက်နှာပေါင်းတင်လိုတယ်ဆိုရင်တော့ ကီဝီသီးရယ် ၊ သငေ်္ဘာသီး တစ်ခွက်ရယ်ကို ရောပြီး မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်ထောက်အထိ ပေါင်းတင် ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

Credit: Trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top