iMyanmarHouse.com - Best Property Website for Myanmar
×

ၾသဂုတ္လ ၁၃ ရက္ေန႕မွာ ထြက္ရွိခဲ့တဲ့ အဆိုေတာ္၀ိုင္းေလးရဲ႕ Selfie DVD အေခြဟာဆိုရင္
 ေရာင္းအားအေနနဲ႕ပရိသတ္အားေပးတဲ့ အေခြတစ္ေခြထဲမွာ ပါ၀င္ေနတယ္လို႕သိရပါတယ္။ လက္ရွိမွာ၀ိုင္းေလးက Selfie DVD အေခြေရာင္းအားရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနသလို ဒုတိယအေခြကုိလဲ ျပင္ဆင္ေနၿပီလို႕သိရပါတယ္။ ဒုတိယအေခြမွာေတာ့ Selfie ထဲမွာမပါတဲ့ ျမဴးဆစ္အမ်ိဳးအစားေတြကို ထည့္သြားမွာျဖစ္သလို အေခြကြာလတီကိုလဲ ေကာင္းသထက္ေကာင္းေအာင္ ဖန္တီးၾကိဳးစားသြားမယ္လို႕လဲေျပာလာပါတယ္။ ဒါ့အျပင္၀ိုင္းေလးက ငလ်င္ဒဏ္ေၾကာင့္ပ်က္စီးခဲ့တဲ့ ပုဂံဘုရားေတြနဲ႕ပတ္သက္ၿပီး ၀မ္းနည္းတဲ့အေၾကာင္းကုိေျပာျပလာသလိုေရွ႕ရက္ေတြလဲ MMCG နဲ႕ပူးေပါင္းၿပီးေရေဘးအတြက္သြားေရာက္ကူညီလွဴဒါန္းျဖစ္တယ္လို႕သိရတာေၾကာင့္ သူမရွိရာသို႕သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အေရွ႕မွာေရေဘးနဲ႕ပတ္သက္ၿပီး သြားလွဴျဖစ္တဲ့အေၾကာင္းေလးကိုအရင္ေျပာျပေပးပါဦး။

ေရေဘးက ညီမတို႕သြားလွဴျဖစ္တာ သံုးၾကိမ္ရွိပါၿပီ။ ေနာက္ဆံုးသြားခဲ့တာကေတာ့ သာေပါင္းေပါ့။ ေနာက္ထပ္လဲ သြားဦးလွဴဦးမွာပါ။ ၀ိုင္းေလးတို႕Miss ေတြၾကီးပဲ ဖြဲ႕ထားတဲ့ MMCG နဲ႕လုပ္တာဆိုေတာ့ အဖြဲ႕နဲ႕လုပ္ရတာျဖစ္တဲ့အတြက္ အားတဲ့အခ်ိန္ေတြကုိညွိၿပီး အားလံုးလုိက္ျဖစ္ေအာင္စုၿပီးလုပ္ရတာေပါ့။

-ငလ်င္ဒဏ္ေၾကာင့္ ပုဂံဘုရားေတြပ်က္စီးတဲ့ေနရာမွာေရာ ပါ၀င္ကူညီေပးဖို႕ေတြရွိဦးမလား။

ပုဂံဘုရားနဲ႕ပတ္သက္ၿပီး အလွဴေငြကေတာ့ ထည့္ၾကတယ္။ ၿပီးေတာ့ လွဴတာ၊ တန္းတာထက္ ငလ်င္လႈပ္ၿပီးတဲ့အခ်ိန္မွာ ထားထက္ထက္တို႕နန္းခင္တို႕ေနာက္ မဂုဏ္ရည္ေအးေက်ာ္တို႕ကေတာ့ ပုဂံကိုသြားၿပီး ကူညီေပးတာမ်ိဳးရွိတယ္။ ညီမကေတာ့ အဲ့ဒီအခ်ိန္ကနယ္မွာ ပြဲလက္ခံထားတဲ့အတြက္ မလုိက္သြားျဖစ္လုိက္ဘူး။

-ပုဂံဘုရားေတြပ်က္စီးသြားတဲ့အေပၚ ျမန္မာလူမ်ိဳးတစ္ေယာက္အေနနဲ႕စိတ္ခံစားမႈေလးကိုလဲသိခ်င္ပါတယ္။

အရမ္း၀မ္းနည္းပါတယ္။ ညီမက ျမန္မာႏုိင္ငံမွာပုဂံနဲ႕ျပင္ဦးလြင္ အၾကိဳက္ဆံုးပဲ။ ညီမကပုဂံကုိ အရမ္းသေဘာက်တယ္။ ႏွစ္တုိင္းလဲသြားဖူးျဖစ္တယ္။ ပုဂံဘုရားေရာက္တုိင္း ဘုရားအေၾကာင္းကို ဘယ္ေလာက္ပဲ နားလည္ထားနားလည္ထား သူတို႕ရွင္းျပတာကို ဘယ္ႏွၾကိမ္ျဖစ္ျဖစ္နားေထာင္တယ္။ ေနာက္ဘုရားေတြ သြားေလ့လာရတာကို ညီမအရမ္းတန္ဖိုးထားတယ္။ အခုဆို ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ဘုရားအခ်ိဳ႕နဲ႕ပတ္သက္ၿပီးျမန္မာႏုိင္ငံသားတစ္ေယာက္အေနနဲ႕အရမ္းစိတ္မေကာင္းျဖစ္မိပါတယ္။

-လက္ရွိဂီတလႈပ္ရွားမႈအေနနဲ႕ဘာေတြလုပ္ျဖစ္ေနလဲ။

၀ိုင္းေလးအခုဒုတိယအေခြ လုပ္ေနပါတယ္။ နယ္ရိႈးေတြလဲသြားဖို႕ရွိေနတယ္။ ဒုတိယအေခြအတြက္ကေတာ့ သီခ်င္းေတြေရးေနတယ္။ တီးေနတယ္။ ေနာက္ကိုယ္တုိင္လဲသီခ်င္းေလးေတြေရးျဖစ္ေနတယ္။

-Selfie အေခြရဲ႕ပရိသတ္အားေပးမႈအေျခအေနကေရာ ဘယ္လိုရွိလဲ။

ဟုတ္။ အေခြကထြက္ထားတာ တစ္လမျပည့္ေသးဘူး။ ႏွစ္ပတ္ေလာက္ပဲရွိေသးတယ္။ ေအာ္ဒါေတြကေတာ့ City Mart ေတြမွာတက္ေနတယ္။ ညီမတို႕အေခြေတြထပ္လုပ္ထားတယ္။ City Mart ေရာက္တုိင္းလဲ အျမဲ Check ၾကည့္တယ္ေပါ့။ တစ္ေခြႏွစ္ေခြေလာက္ပဲက်န္ေတာ့တယ္ဆို ညီမထပ္လုပ္ထားတယ္။ ေနာက္ၿပီး ေနျပည္ေတာ္မွာေတာ့ Best Seller နံပတ္ ၅ လို႕ေတာ့ၾကားတယ္။ တစ္လမျပည့္ေသးတဲ့အတြက္ ေစာင့္ၾကည့္ရဦးမွာေပါ့။

-ဒုတိယအေခြမွာေရာ Selfie နဲ႕မတူတဲ့ ဘယ္လိုပံုစံမ်ိဳးေတြထည့္ဖို႕စဥ္းစားထားလဲ။

ပထမအေခြမွာတုန္းက Pop နဲ႕ အသည္းကြဲသီခ်င္းေတြမ်ားတယ္။ ဒုတိယအေခြမွာေတာ့ ညီမ R&B ပါမယ္။ pop အခ်ိဳေတြထက္ တျခားပံုစံေလးေတြထည့္ဖုိ႕မ်ားမယ္။

-တစ္ကိုယ္ေတာ္အေခြပံုစံ သီခ်င္းအမ်ားၾကီးပဲထည့္မွာလား။ ဒါမွမဟုတ္ အခုသူမ်ားေတြလုပ္ေနသလုိ Mini သေဘာမ်ိဳးပဲလုပ္ျဖစ္မလား။

ထုတ္ရင္ ေလးပုဒ္၊ ငါးပုဒ္၊ ေျခာက္ပုဒ္ေလာက္နဲ႕ေတာ့ထုတ္ဘူး။ အျပည့္ပဲထုတ္ျဖစ္မွာပါ။ Selfie တုန္းက ၁၆ ပုဒ္ေတာင္ထည့္ခဲ့တာဆုိေတာ့ ေနာက္တစ္ေခြမွာေတာ့ အဲ့ဒီေလာက္ၾကီးမမ်ားေပမဲ့ ၁၁ ပုဒ္၊ ၁၂ ပုဒ္ေလာက္ေတာ့ျဖစ္မယ္။ အရင္ေခြထက္လဲ ကြာလတီေကာင္းေအာင္ ညီမၾကိဳးစားမယ္။

-အႏုပညာေလာကထဲမွာဆို ခင္၀င့္၀ါနဲ႕ဆို အျမဲတြဲျဖစ္တာမ်ိဳးေတြ႕ရတယ္ေနာ္။

ခင္တာကေတာ့ အႏုပညာေလာကထဲက လူတိုင္းနဲ႕ခင္ပါတယ္။ ဒါေပမဲ့ အျပင္သြားရင္ေတာ့ အေမနဲ႕ပဲသြားတယ္။ သူငယ္ခ်င္းေတြနဲ႕ေတာ့ အရမ္းၾကီး တြဲသြားတြဲလာမလုပ္ျဖစ္ဘူး။ ဒါေပမဲ့ခင္၀င့္၀ါတို႕နဲ႕က်ေတာ့ ေက်ာင္းကလဲ တစ္ေက်ာင္းထဲဆုိေတာ့ ဒီအလုပ္လုပ္မွ မဟုတ္ဘူး။ ၅တန္းထဲက သူငယ္ခ်င္းေတြဆိုေတာ့ ေျပာစရာရွိရင္ သူတုိ႕နဲ႕ေတာ့ ပိုၿပီးရင္းရင္းႏွီးႏွီးေျပာျဖစ္တာေပါ့။

-အျပင္ေတြဘာေတြေရာ အျမဲသြားျဖစ္လား။

သူကလဲ သူ႕ကားရုိက္ေတြရွိေတာ့ သူအားတဲ့အခ်ိန္၊ ညီမလဲအားတဲ့အခ်ိန္ဆိုရင္ေတာ့ ေတြ႕ျဖစ္ပါတယ္။

-လက္ရွိမွာေရာ ဘယ္သူ႕သီခ်င္းေတြကိုအမ်ားဆံုးနားေထာင္ျဖစ္ေနလဲ။

အခုလက္ရွိမွာ X box နားေထာင္ျဖစ္တယ္။ G Fatt နားေထာင္ျဖစ္တယ္။

-အခုလိုမိုးရာသီမွာ Shooting မရွိတဲ့ရက္ေတြကုိ ဘယ္လိုကုန္ဆံုးျဖစ္လဲ။

အိမ္မွာ၀ိုင္းေလးစာအုပ္ဖတ္ျဖစ္တယ္။ သီခ်င္းေရးဖို႕တြက္ ၾကာလာေတာ့ ကုန္ၾကမ္းေတြရွားလာတဲ့အခါ စာအုပ္ေတြဖတ္ျဖစ္တယ္။ အမ်ားဆံုးဖတ္ျဖစ္တာက ရသစာေတြမ်ားတယ္။ ေနာက္ပုညခင္ဖတ္တယ္။ ႏိုင္းႏုိင္းစေနဖတ္တယ္။ ကံေကာင္းျခင္းကတံခါးလာေခါက္တဲ့အခါ ဆိုတဲ့စာအုပ္ေတြဖတ္ျဖစ္တယ္။ ေနာက္လကၤာေက်ာ္စြာဖတ္ျဖစ္တယ္။

-လက္ရွိအခ်စ္ေရးကေရာ ဘယ္လိုမ်ိဳးရွိလဲ။

တည္တည္ျငိမ္ျငိမ္ပါပဲ။ ေအးေအးေဆးေဆးပါပဲ။ ညီမသီခ်င္းေရးတဲ့အခါမွာ တစ္ခါတစ္ေလ ခ်စ္တဲ့စိတ္ရွိတဲ့အခါ စိတ္အေႏွာင့္အယွက္ျဖစ္တာမ်ိဳးေတြ ရွိတယ္။ အႏုပညာအလုပ္လုပ္ေနတဲ့အတြက္ အဲ့ဒါေတြက စိတ္အေႏွာင့္အယွက္ျဖစ္ေစတယ္။ ေနာက္ၿပီး အိမ္ကလဲ ညီမကို ေအးေအးခ်မ္းခ်မ္းေနေစခ်င္တဲ့အတြက္ အရင္ကတည္းကလဲ မိဘစကားကို မလြန္ဆန္ဖူးဘူးဆိုေတာ့ အခုေလာေလာဆယ္ေတာ့ ေအးေအးေဆးေဆးပါပဲ။

-ခရီးေတြဘာေတြေရာ သြားဖို႕ရွိဦးမလား။

ခရီးကေတာ့ နယ္ရိႈးရွိတယ္။ Garnier နဲ႕က နယ္ရိႈးေတြသြားဖို႕ရွိတယ္။ ညီမတို႕ေတြမေကြးသြားၿပီးၿပီ။ ဒီလထဲမွာေတာ့ ၁၄ ရက္ေန႕ေလာက္ ေက်ာက္ဆည္၊ ျပင္ဦးလြင္နဲ႕လားရိႈးဖက္ကုိ သြားဖို႕ရွိတယ္လုိ႕ေျပာျပေပးခဲ့ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သြဂုတ်လ ၁၃ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ အဆိုတော်ဝိုင်းလေးရဲ့ Selfie DVD အခွေဟာဆိုရင် ရောင်းအားအနေနဲ့ပရိသတ်အားပေးတဲ့ အခွေတစ်ခွေထဲမှာ ပါဝင်နေတယ်လို့သိရပါတယ်။ လက်ရှိမှာဝိုင်းလေးက Selfie DVD အခွေရောင်းအားရဲ့ အခြေအနေကို စောင့်ကြည့်နေသလို ဒုတိယအခွေကိုလဲ ပြင်ဆင်နေပြီလို့သိရပါတယ်။ ဒုတိယအခွေမှာတော့ Selfie ထဲမှာမပါတဲ့ မြူးဆစ်အမျိုးအစားတွေကို ထည့်သွားမှာဖြစ်သလို အခွေကွာလတီကိုလဲ ကောင်းသထက်ကောင်းအောင် ဖန်တီးကြိုးစားသွားမယ်လို့လဲပြောလာပါတယ်။ ဒါ့အပြင်ဝိုင်းလေးက ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းတဲ့အကြောင်းကိုပြောပြလာသလိုရှေ့ရက်တွေလဲ MMCG နဲ့ပူးပေါင်းပြီးရေဘေးအတွက်သွားရောက်ကူညီလှူဒါန်းဖြစ်တယ်လို့သိရတာကြောင့် သူမရှိရာသို့သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အရှေ့မှာရေဘေးနဲ့ပတ်သက်ပြီး သွားလှူဖြစ်တဲ့အကြောင်းလေးကိုအရင်ပြောပြပေးပါဦး။

ရေဘေးက ညီမတို့သွားလှူဖြစ်တာ သုံးကြိမ်ရှိပါပြီ။ နောက်ဆုံးသွားခဲ့တာကတော့ သာပေါင်းပေါ့။ နောက်ထပ်လဲ သွားဦးလှူဦးမှာပါ။ ဝိုင်းလေးတို့Miss တွေကြီးပဲ ဖွဲ့ထားတဲ့ MMCG နဲ့လုပ်တာဆိုတော့ အဖွဲ့နဲ့လုပ်ရတာဖြစ်တဲ့အတွက် အားတဲ့အချိန်တွေကိုညှိပြီး အားလုံးလိုက်ဖြစ်အောင်စုပြီးလုပ်ရတာပေါ့။

-ငလျင်ဒဏ်ကြောင့် ပုဂံဘုရားတွေပျက်စီးတဲ့နေရာမှာရော ပါဝင်ကူညီပေးဖို့တွေရှိဦးမလား။

ပုဂံဘုရားနဲ့ပတ်သက်ပြီး အလှူငွေကတော့ ထည့်ကြတယ်။ ပြီးတော့ လှူတာ၊ တန်းတာထက် ငလျင်လှုပ်ပြီးတဲ့အချိန်မှာ ထားထက်ထက်တို့နန်းခင်တို့နောက် မဂုဏ်ရည်အေးကျော်တို့ကတော့ ပုဂံကိုသွားပြီး ကူညီပေးတာမျိုးရှိတယ်။ ညီမကတော့ အဲ့ဒီအချိန်ကနယ်မှာ ပွဲလက်ခံထားတဲ့အတွက် မလိုက်သွားဖြစ်လိုက်ဘူး။

-ပုဂံဘုရားတွေပျက်စီးသွားတဲ့အပေါ် မြန်မာလူမျိုးတစ်ယောက်အနေနဲ့စိတ်ခံစားမှုလေးကိုလဲသိချင်ပါတယ်။

အရမ်းဝမ်းနည်းပါတယ်။ ညီမက မြန်မာနိုင်ငံမှာပုဂံနဲ့ပြင်ဦးလွင် အကြိုက်ဆုံးပဲ။ ညီမကပုဂံကို အရမ်းသဘောကျတယ်။ နှစ်တိုင်းလဲသွားဖူးဖြစ်တယ်။ ပုဂံဘုရားရောက်တိုင်း ဘုရားအကြောင်းကို ဘယ်လောက်ပဲ နားလည်ထားနားလည်ထား သူတို့ရှင်းပြတာကို ဘယ်နှကြိမ်ဖြစ်ဖြစ်နားထောင်တယ်။ နောက်ဘုရားတွေ သွားလေ့လာရတာကို ညီမအရမ်းတန်ဖိုးထားတယ်။ အခုဆို ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ဘုရားအချို့နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။

-လက်ရှိဂီတလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

ဝိုင်းလေးအခုဒုတိယအခွေ လုပ်နေပါတယ်။ နယ်ရှိုးတွေလဲသွားဖို့ရှိနေတယ်။ ဒုတိယအခွေအတွက်ကတော့ သီချင်းတွေရေးနေတယ်။ တီးနေတယ်။ နောက်ကိုယ်တိုင်လဲသီချင်းလေးတွေရေးဖြစ်နေတယ်။

-Selfie အခွေရဲ့ပရိသတ်အားပေးမှုအခြေအနေကရော ဘယ်လိုရှိလဲ။

ဟုတ်။ အခွေကထွက်ထားတာ တစ်လမပြည့်သေးဘူး။ နှစ်ပတ်လောက်ပဲရှိသေးတယ်။ အော်ဒါတွေကတော့ City Mart တွေမှာတက်နေတယ်။ ညီမတို့အခွေတွေထပ်လုပ်ထားတယ်။ City Mart ရောက်တိုင်းလဲ အမြဲ Check ကြည့်တယ်ပေါ့။ တစ်ခွေနှစ်ခွေလောက်ပဲကျန်တော့တယ်ဆို ညီမထပ်လုပ်ထားတယ်။ နောက်ပြီး နေပြည်တော်မှာတော့ Best Seller နံပတ် ၅ လို့တော့ကြားတယ်။ တစ်လမပြည့်သေးတဲ့အတွက် စောင့်ကြည့်ရဦးမှာပေါ့။

-ဒုတိယအခွေမှာရော Selfie နဲ့မတူတဲ့ ဘယ်လိုပုံစံမျိုးတွေထည့်ဖို့စဉ်းစားထားလဲ။

ပထမအခွေမှာတုန်းက Pop နဲ့ အသည်းကွဲသီချင်းတွေများတယ်။ ဒုတိယအခွေမှာတော့ ညီမ R&B ပါမယ်။ pop အချိုတွေထက် တခြားပုံစံလေးတွေထည့်ဖို့များမယ်။

-တစ်ကိုယ်တော်အခွေပုံစံ သီချင်းအများကြီးပဲထည့်မှာလား။ ဒါမှမဟုတ် အခုသူများတွေလုပ်နေသလို Mini သဘောမျိုးပဲလုပ်ဖြစ်မလား။

ထုတ်ရင် လေးပုဒ်၊ ငါးပုဒ်၊ ခြောက်ပုဒ်လောက်နဲ့တော့ထုတ်ဘူး။ အပြည့်ပဲထုတ်ဖြစ်မှာပါ။ Selfie တုန်းက ၁၆ ပုဒ်တောင်ထည့်ခဲ့တာဆိုတော့ နောက်တစ်ခွေမှာတော့ အဲ့ဒီလောက်ကြီးမများပေမဲ့ ၁၁ ပုဒ်၊ ၁၂ ပုဒ်လောက်တော့ဖြစ်မယ်။ အရင်ခွေထက်လဲ ကွာလတီကောင်းအောင် ညီမကြိုးစားမယ်။

-အနုပညာလောကထဲမှာဆို ခင်ဝင့်ဝါနဲ့ဆို အမြဲတွဲဖြစ်တာမျိုးတွေ့ရတယ်နော်။

ခင်တာကတော့ အနုပညာလောကထဲက လူတိုင်းနဲ့ခင်ပါတယ်။ ဒါပေမဲ့ အပြင်သွားရင်တော့ အမေနဲ့ပဲသွားတယ်။ သူငယ်ချင်းတွေနဲ့တော့ အရမ်းကြီး တွဲသွားတွဲလာမလုပ်ဖြစ်ဘူး။ ဒါပေမဲ့ခင်ဝင့်ဝါတို့နဲ့ကျတော့ ကျောင်းကလဲ တစ်ကျောင်းထဲဆိုတော့ ဒီအလုပ်လုပ်မှ မဟုတ်ဘူး။ ၅တန်းထဲက သူငယ်ချင်းတွေဆိုတော့ ပြောစရာရှိရင် သူတို့နဲ့တော့ ပိုပြီးရင်းရင်းနှီးနှီးပြောဖြစ်တာပေါ့။

-အပြင်တွေဘာတွေရော အမြဲသွားဖြစ်လား။

သူကလဲ သူ့ကားရိုက်တွေရှိတော့ သူအားတဲ့အချိန်၊ ညီမလဲအားတဲ့အချိန်ဆိုရင်တော့ တွေ့ဖြစ်ပါတယ်။

-လက်ရှိမှာရော ဘယ်သူ့သီချင်းတွေကိုအများဆုံးနားထောင်ဖြစ်နေလဲ။

အခုလက်ရှိမှာ X box နားထောင်ဖြစ်တယ်။ G Fatt နားထောင်ဖြစ်တယ်။

-အခုလိုမိုးရာသီမှာ Shooting မရှိတဲ့ရက်တွေကို ဘယ်လိုကုန်ဆုံးဖြစ်လဲ။

အိမ်မှာဝိုင်းလေးစာအုပ်ဖတ်ဖြစ်တယ်။ သီချင်းရေးဖို့တွက် ကြာလာတော့ ကုန်ကြမ်းတွေရှားလာတဲ့အခါ စာအုပ်တွေဖတ်ဖြစ်တယ်။ အများဆုံးဖတ်ဖြစ်တာက ရသစာတွေများတယ်။ နောက်ပုညခင်ဖတ်တယ်။ နိုင်းနိုင်းစနေဖတ်တယ်။ ကံကောင်းခြင်းကတံခါးလာခေါက်တဲ့အခါ ဆိုတဲ့စာအုပ်တွေဖတ်ဖြစ်တယ်။ နောက်လင်္ကာကျော်စွာဖတ်ဖြစ်တယ်။

-လက်ရှိအချစ်ရေးကရော ဘယ်လိုမျိုးရှိလဲ။

တည်တည်ငြိမ်ငြိမ်ပါပဲ။ အေးအေးဆေးဆေးပါပဲ။ ညီမသီချင်းရေးတဲ့အခါမှာ တစ်ခါတစ်လေ ချစ်တဲ့စိတ်ရှိတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေ ရှိတယ်။ အနုပညာအလုပ်လုပ်နေတဲ့အတွက် အဲ့ဒါတွေက စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ နောက်ပြီး အိမ်ကလဲ ညီမကို အေးအေးချမ်းချမ်းနေစေချင်တဲ့အတွက် အရင်ကတည်းကလဲ မိဘစကားကို မလွန်ဆန်ဖူးဘူးဆိုတော့ အခုလောလောဆယ်တော့ အေးအေးဆေးဆေးပါပဲ။

-ခရီးတွေဘာတွေရော သွားဖို့ရှိဦးမလား။

ခရီးကတော့ နယ်ရှိုးရှိတယ်။ Garnier နဲ့က နယ်ရှိုးတွေသွားဖို့ရှိတယ်။ ညီမတို့တွေမကွေးသွားပြီးပြီ။ ဒီလထဲမှာတော့ ၁၄ ရက်နေ့လောက် ကျောက်ဆည်၊ ပြင်ဦးလွင်နဲ့လားရှိုးဖက်ကို သွားဖို့ရှိတယ်လို့ပြောပြပေးခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top