iMyanmarHouse.com - Best Property Website for Myanmar
×

ျပဳံးရယ္ဖုိ႔အတြက္ အေၾကာင္းျပခ်က္ မလုိပါဘူး။ ျပဳံးရယ္ျခင္းမွာ အလြန္ၾကီးမားတဲ့ က်န္းမာေရးအက်ဳိးေက်းဇူးေတြရိွတာ သိျပီးျပီလား။ ပုလဲလုံးကဲ့သုိ႔ေသာ သင့္သြားေတြကို ေနတုိင္းျပသသင့္တဲ့ အေၾကာင္းအရင္းတခ်ဳိ႕ ရိွပါတယ္။

ငယ္ရြယ္ႏုပ်ဳိေစ

မ်က္ႏွာႏုပ်ဳိေစဖုိ႔ ခဲြစိတ္ကုသမႈနဲ႔ အုိမင္းရင့္ေရာ္မႈကာကြယ္ေပးတဲ့ ခရင္မ္ေတြ စြန္႔လႊတ္ပါ။ ငယ္ရြယ္ႏုပ်ဳိေစဖုိ႔အတြက္ မ်ားမ်ားျပဳံးရယ္ဖုိ႔သာ လိုအပ္ပါတယ္။ သင့္မ်က္ႏွာၾကြက္သားေတြသာမက အရြယ္လည္းတင္ေစပါလိမ့္မယ္လုိ႔ ဂ်ာမန္သုေတသီေတြရဲ႕ ေလ့လာမႈတစ္ခုအရ သိရပါတယ္။

စိတ္ဖိစီးမႈ သက္သာေစ

စိတ္ဖိစီး သုိ႔မဟုတ္ စိုးရိမ္စိတ္မ်ားတဲ့အခါ ျပဳံးရယ္ ၾကည့္ပါ။ အေၾကာင္းက ျပဳံးရယ္ျခင္းက စိတ္ဖိစီးမႈ ေျဖရွင္းျပီး စိုးရိမ္စိတ္ေက်ာ္ျဖတ္ေစတဲ့ ေပ်ာ္ရႊင္မႈေဟာ္မုန္း endorphins ေတြ ထုတ္လုပ္ေပးပါတယ္။

ဦးေႏွာက္မွတ္ဥာဏ္ ပိုေကာင္းေစ

စိတ္ဖိစီးမႈေဟာ္မုန္း cortisol ေၾကာင့္ ပ်က္စီးမႈကို ျပဳံးရယ္ျခင္းျဖင့္ ေလွ်ာ့နည္းေစႏုိင္တာ သိျပီးျပီလား။ ျပဳံးရယ္ျခင္းက စိတ္ဖိစီးမႈ ေလွ်ာ့နည္းေစရုံမက သက္ၾကီးရြယ္အုိေတြမွာ ဦးေႏွာက္မွတ္ဥာဏ္နဲ႔ သင္ယူႏုိင္စြမ္းလည္း ပိုေကာင္းေစေၾကာင္း Loma Linda University က သုေတသီေတြကေန ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုက ေဖာ္ျပခဲ့ပါတယ္။

ဦးေႏွာက္လုပ္ေဆာင္ခ်က္ ပိုေကာင္းေစ

ျပဳံးျခင္းက ဦးေႏွာက္ေစ့ေဆာ္မႈနဲ႔ ဆက္စပ္တဲ့ dopamine ေဟာ္မုန္း ထုတ္လုပ္ေပးတာေၾကာင့္ ဆန္ဖရန္စစ္ကိုျမဳိ႕ ကယ္လ္လီဖုိးနီးယားတကၠသိုလ္က သုေတသီေတြရဲ႕ ေလ့လာမႈက ေဖာ္ျပခဲ့ပါတယ္။ ျပဳံးရယ္တာက စိတ္ေပ်ာ္ရႊင္မႈေဟာ္မုန္း ထုတ္လႊတ္ေပးတာေၾကာင့္ ဆုံးျဖတ္ခ်က္ခ်မွတ္ျခင္း၊ ေလ့လာသင္ယူမႈ သက္ဆုိင္တဲ့ ဦးေႏွာက္လႈပ္ရွားမႈ ျမင့္တင္ေပးပါတယ္။


Credit : trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


ပြုံးရယ်ဖို့အတွက် အကြောင်းပြချက် မလိုပါဘူး။ ပြုံးရယ်ခြင်းမှာ အလွန်ကြီးမားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတာ သိပြီးပြီလား။ ပုလဲလုံးကဲ့သို့သော သင့်သွားတွေကို နေတိုင်းပြသသင့်တဲ့ အကြောင်းအရင်းတချို့ ရှိပါတယ်။

ငယ်ရွယ်နုပျိုစေ

မျက်နှာနုပျိုစေဖို့ ခွဲစိတ်ကုသမှုနဲ့ အိုမင်းရင့်ရော်မှုကာကွယ်ပေးတဲ့ ခရင်မ်တွေ စွန့်လွှတ်ပါ။ ငယ်ရွယ်နုပျိုစေဖို့အတွက် များများပြုံးရယ်ဖို့သာ လိုအပ်ပါတယ်။ သင့်မျက်နှာကြွက်သားတွေသာမက အရွယ်လည်းတင်စေပါလိမ့်မယ်လို့ ဂျာမန်သုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

စိတ်ဖိစီးမှု သက်သာစေ

စိတ်ဖိစီး သို့မဟုတ် စိုးရိမ်စိတ်များတဲ့အခါ ပြုံးရယ် ကြည့်ပါ။ အကြောင်းက ပြုံးရယ်ခြင်းက စိတ်ဖိစီးမှု ဖြေရှင်းပြီး စိုးရိမ်စိတ်ကျော်ဖြတ်စေတဲ့ ပျော်ရွှင်မှုဟော်မုန်း endorphins တွေ ထုတ်လုပ်ပေးပါတယ်။

ဦးနှောက်မှတ်ဉာဏ် ပိုကောင်းစေ

စိတ်ဖိစီးမှုဟော်မုန်း cortisol ကြောင့် ပျက်စီးမှုကို ပြုံးရယ်ခြင်းဖြင့် လျှော့နည်းစေနိုင်တာ သိပြီးပြီလား။ ပြုံးရယ်ခြင်းက စိတ်ဖိစီးမှု လျှော့နည်းစေရုံမက သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းလည်း ပိုကောင်းစေကြောင်း Loma Linda University က သုတေသီတွေကနေ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။

ဦးနှောက်လုပ်ဆောင်ချက် ပိုကောင်းစေ

ပြုံးခြင်းက ဦးနှောက်စေ့ဆော်မှုနဲ့ ဆက်စပ်တဲ့ dopamine ဟော်မုန်း ထုတ်လုပ်ပေးတာကြောင့် ဆန်ဖရန်စစ်ကိုမြို့ ကယ်လ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။ ပြုံးရယ်တာက စိတ်ပျော်ရွှင်မှုဟော်မုန်း ထုတ်လွှတ်ပေးတာကြောင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ လေ့လာသင်ယူမှု သက်ဆိုင်တဲ့ ဦးနှောက်လှုပ်ရှားမှု မြင့်တင်ပေးပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top