iMyanmarHouse.com - Best Property Website for Myanmar
×




Credit: Duwun



Unicode Version

သရက်သီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး အစာကြေရင်ချောင်စေနိုင်ကြောင်း ယခင်ကတည်းက သိရှိကြပြီးဖြစ်ပါတယ်။ လေ့လာမှုအသစ်တစ်ရပ်အရ သရက်သီးစားခြင်းဟာ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အမျိုးအစား ၂ ဆီးချိုကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရှိရပါတယ်။

ခန္ဓာကိုယ်တွင်းက ကောင်းတဲ့ဘက်တီးရီးယားများဟာ အဆီတွေကြောင့် လျော့ကျသွားရတတ်ပါတယ်။ ယင်းဘက်တီးရီးယားကောင်းတွေဟာ အမျိုးအစား၂ ဆီးချိုရောဂါမဖြစ်အောင် ဟန့်တားပေးနိုင်စွမ်းရှိကြပါတယ်။ သရက်သီးကို မှီဝဲခြင်းက ဘက်တီးရီးယားကောင်းတွေလျော့ကျမှုကို တားဆီးပေးတာကြောင့် အမျိုးအစား၂ ဆီးချို မဖြစ်အောင် ကာကွယ်ရာလည်းရောက်ပါတယ်။

ဒီလေ့လာမှုကို အိုကလာဟိုးမားပြည်နယ်တက္ကသိုလ်ရဲ့ သုတေသီတွေက ကြွက်ကောင်ရေ ၆၀ နဲ့ စမ်းသပ်ခဲ့ကြတာပါ။

Credit: Duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top