iMyanmarHouse.com - Best Property Website for Myanmar
×

ခါးနာတာဟာ အေတာ္အခံရခက္ပါတယ္။ ကၽြန္ေတာ္ကုိယ္တုိင္လည္း ခါးနာဖူးပါတယ္။ ကာလရွည္ နာခဲ့တဲ့ ခါးပါ။ အရွင္းေပ်ာက္သြားတယ္ရယ္လုိ႔ မရွိခဲ့ပါဘူး။ အခုေတာ့ အြန္လုိင္းေပၚမွာ ေဆးနည္းေလးေတြ ေတြ႔လုိ႔ ျပန္လည္ မွ်ေ၀လုိက္ပါတယ္။

(၁) ခ်င္း(ဂ်င္း)

ဂ်င္းက ပူပါတယ္။ ဒဏ္ေၾကာင့္ျဖစ္တဲ့ ခါးနာေရာဂါကုိ ႏုိင္နင္းပါတယ္။ ဂ်င္းအနည္းငယ္ကုိ ေထာင္းၿပီး နာေနတဲ့ ေနရာကုိမိနစ္ (၂၀) ေလာက္ လိမ္းေပးပါ။ တစ္ေန႔ကုိ ေလးႀကိမ္ေလာက္ လုပ္ေပးရင္ ခါးနာေရာဂါ ေပ်ာက္ကင္းပါတယ္။

(၂) ၾကက္သြန္ျဖဴ

ခါးနာေရာဂါရွိသူအတြက္ ၾကက္သြန္ျဖဴ တစ္လုံးေလာက္ မနက္ခင္ ဘာမွ မစားခင္ စားေပးျခင္းကလည္း ခါးနာေရာဂါကုိေပ်ာက္ကင္းသက္သာေစတယ္လုိ႔ ဆုိပါတယ္။

(၃) ေရခဲ

ေရခဲကုိ နာေနတဲ့ ခါးဒဏ္ရာေပၚ ကပ္ေပးပါ။ တစ္ရက္ကုိ ေလးႀကိမ္ေလာက္ လုပ္ေပးရင္ ခါးနာေပ်ာက္ပါတယ္။

(၄) ေရေႏြးအိတ္

နာေနတဲ့ ခါးေပၚကုိ ေရေႏြးအိတ္ကုိ အ၀တ္နဲ႕ပတ္ၿပီး ၾကပ္တုိက္သလုိ လုပ္ေပးျခင္းျဖင့္လည္း ခါးနာကုိ သက္သာေပ်ာက္ကင္းေစပါတယ္။

(၅) ႏြားႏုိ႔

ကယ္လ္စီယံၾကြယ္၀တဲ့ ႏြားႏုိ႔ကုိ တစ္ရက္မွာ ႏွစ္ခြက္မွ သုံးခြက္အထိ ေသာက္ေပးျခင္းျဖင့္ ခါးမနာေအာင္ ႀကိဳတင္ကာကြယ္ေပးႏုိင္ပါတယ္။

(၆) ပင္စိမ္းရြက္

ပင္စိမ္းရြက္ကုိ သန္႔စင္ေအာင္ ေဆးၿပီး ေရနဲ႔ 1:1 ေရာၿပီး ျပဳတ္ပါ။ တစ္၀က္ေလာက္ အထိ ျပဳတ္ၿပီး ဆားအနည္းငယ္ ခပ္ၿပီး အေအးခံကာ ေသာက္ေပးပါက ခါးနာေရာဂါနဲ႕ အျခားကုိယ္တြင္းေရာဂါေတြကို ေပ်ာက္ကင္းေစပါတယ္။

Credit  : Lwin Pyin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ခါးနာတာဟာ အတော်အခံရခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခါးနာဖူးပါတယ်။ ကာလရှည် နာခဲ့တဲ့ ခါးပါ။ အရှင်းပျောက်သွားတယ်ရယ်လို့ မရှိခဲ့ပါဘူး။ အခုတော့ အွန်လိုင်းပေါ်မှာ ဆေးနည်းလေးတွေ တွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်။

(၁) ချင်း(ဂျင်း)

ဂျင်းက ပူပါတယ်။ ဒဏ်ကြောင့်ဖြစ်တဲ့ ခါးနာရောဂါကို နိုင်နင်းပါတယ်။ ဂျင်းအနည်းငယ်ကို ထောင်းပြီး နာနေတဲ့ နေရာကိုမိနစ် (၂၀) လောက် လိမ်းပေးပါ။ တစ်နေ့ကို လေးကြိမ်လောက် လုပ်ပေးရင် ခါးနာရောဂါ ပျောက်ကင်းပါတယ်။

(၂) ကြက်သွန်ဖြူ

ခါးနာရောဂါရှိသူအတွက် ကြက်သွန်ဖြူ တစ်လုံးလောက် မနက်ခင် ဘာမှ မစားခင် စားပေးခြင်းကလည်း ခါးနာရောဂါကိုပျောက်ကင်းသက်သာစေတယ်လို့ ဆိုပါတယ်။

(၃) ရေခဲ

ရေခဲကို နာနေတဲ့ ခါးဒဏ်ရာပေါ် ကပ်ပေးပါ။ တစ်ရက်ကို လေးကြိမ်လောက် လုပ်ပေးရင် ခါးနာပျောက်ပါတယ်။

(၄) ရေနွေးအိတ်

နာနေတဲ့ ခါးပေါ်ကို ရေနွေးအိတ်ကို အဝတ်နဲ့ပတ်ပြီး ကြပ်တိုက်သလို လုပ်ပေးခြင်းဖြင့်လည်း ခါးနာကို သက်သာပျောက်ကင်းစေပါတယ်။

(၅) နွားနို့

ကယ်လ်စီယံကြွယ်ဝတဲ့ နွားနို့ကို တစ်ရက်မှာ နှစ်ခွက်မှ သုံးခွက်အထိ သောက်ပေးခြင်းဖြင့် ခါးမနာအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၆) ပင်စိမ်းရွက်

ပင်စိမ်းရွက်ကို သန့်စင်အောင် ဆေးပြီး ရေနဲ့ 1:1 ရောပြီး ပြုတ်ပါ။ တစ်ဝက်လောက် အထိ ပြုတ်ပြီး ဆားအနည်းငယ် ခပ်ပြီး အအေးခံကာ သောက်ပေးပါက ခါးနာရောဂါနဲ့ အခြားကိုယ်တွင်းရောဂါတွေကို ပျောက်ကင်းစေပါတယ်။

Credit  : Lwin Pyin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top