iMyanmarHouse.com - Best Property Website for Myanmar
×
၂။ သာမှ ပေါင်းတယ်
၎။ ချစ်ခင် ပြတတ်တယ်
၅။ မနာလိုလိမ့်မယ်
#Unicode Version
၁။ အကြိုက်လိုက်ပြောလိမ့်မယ်
ဟန်ဆောင်ပြီး ပေါင်းတဲ့ သူငယ်ချင်းတွေဟာ မိမိတစ်ခုခု မှားနေရင်လည်း ထောက်ပြမှာ မဟုတ်ဘဲ မိမိအကြိုက်သာ လိုက်ပြောပါလိမ့်မယ်။ ဒါကြောင့် အကြိုက်လိုက်ပြောတဲ့ သူငယ်ချင်းတွေ ရှိရင်တော့ သတိထားပါ။
၂။ သာမှ ပေါင်းတယ်
ဟန်ဆောင်ပြီး ပေါင်းတဲ့ သူတွေဟာ မိမိအဆင်ပြေတယ် ထင်လို့ မိမိကိုယ် ပေါင်းခြင်း ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ မိမိဒုက္ခရောက်ပြီ ဆိုရင် အနားကနေ ချက်ခြင်းပဲ ထွက်ခွာသွားတာကို မျက်ဝါးထင်ထင် မြင်ရပါလိမ့်မယ်။
၃။ နောက်ကျောကို ဓားနဲ့ထိုးတယ်
ဟန်ဆောင်ပေါင်းတဲ့ သူငယ်ချင်းတွေ ဆိုတာ မိမိအောင်မြင်တာကို မနာလို ဖြစ်တဲ့ အပြင် နောက်ကျေကိုလည်း ဓားနဲ့ ထိုးပါလိမ့်မယ်။ ဒါကြောင့် ဟန်ဆောင်ပေါင်းတဲ့ သူတွေ ရှေ့ရောက်ရင် မိမိအတွင်း စကားတွေ မပြောမိပါစေနဲ့။
၄။ ချစ်ခင် ပြတတ်တယ်
ဟန်ဆောင် ပေါင်းတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဟာ သင့်ကို ချစ်ခင်သလို လုပ်ပြပါလိမ့်မယ်။ ဒါပေမယ့် တကယ်ခင်လို့ မဟုတ်ဘဲ အမှုအရာအားဖြင့်လည်း ဟန်ဆောင်တာ ဖြစ်လို့ သတိထားပါလေ။
၅။ မနာလိုလိမ့်မယ်
မိမိကိုယ် သူ့စိတ်ထဲမှာ မနာလို ဝန်တိုတာ အမြဲဖြစ်နေပြီး မိမိရှေ့ရောက်ရင်တော့ အမြဲဟန်ဆောင်ပြုံးပြကာ မိမိရဲ့ အတွင်းရေးတွေကို သိအောင်ကြိုးစားပါလိမ့်မယ်။ သူ့ရဲ့ မနာလိုစိတ် ကြီးထွားလာတဲ့ အခါ မိမိကိုယ် ဒုက္ခရောက်အောင် လုပ်မှာ မလွဲဧကန်ပါ။
Credit:(ပစ်တိုင်းထောင်)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top