iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်ၤားတစ္ေယာက္ရဲ့ ႏွလုံးသားထဲကို အစာအိမ္ကေန အေရာက္သြားပါ လုိ ့ဆုိၾကပါတယ္။ ေလ့လာေတြ ့ရွိမွဳတစ္ခုအရ ဒီစကားဟာ မိန္းကေလးေတြကို လည္း ရည္ရြယ္ႏိုင္ပါတယ္။ အမ်ိဳးသမီးေတြဟာ ဘာမွမစားရေသးတဲ့အခ်ိန္ထက္ ဗိုက္ျပည့္ေနတဲ့အခ်ိန္မွာ အခ်စ္ေရးကို ပုိမုိစိတ္၀င္စားမွဳရွိတယ္လုိ ့ဆုိပါတယ္။

အမ်ိဳးသမီးေတြကို အမ်ိဳးအစားမတူတဲ့ ပုံရိပ္ေတြအမ်ားအျပား ၾကည့္ခိုင္းေနစဥ္မွာ ဦးေႏွာက္ကို စကင္ဖတ္ၾကည့္ခဲ့ရာ မိန္းကေလးေတြဟာ အစာ မစားရေသးခင္အခ်ိန္ထက္ စားျပီးအခ်ိန္မွာ ခ်စ္ေရးခ်စ္ရာပိုင္းလွဳံ့ေဆာ္မွုဳကို တုံ ့ျပန္မွဳ သိသိသာသာ ပုိမ်ားေၾကာင္း ေတြ ့ရွိခဲ့ရတယ္လုိ ့ဒရက္ဆဲတကၠသိုလ္နဲ ့ပင္ဆာေဗးနီးယားတကၠသိုလ္ တုိ ့က သုေတသနပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။

“ အစားေလွ်ာ့မစားဖူးတဲ့ မိန္းကေလးေတြေကာ၊ ေလွ်ာ့စားဖူးတဲ့ မိန္းကေလးေတြပါ ခ်စ္ၾကည္ႏူးစရာဓာတ္ပုံေတြကို တုံ ့ျပန္မွဳအပုိင္းမွာ အာရုံခံစားမွဳဆုိင္ရာဦးေႏွာက္ပုိင္းကေန ပုိမိုေကာင္းမြန္တဲ့ ဦးေႏွာက္လွိဳင္း လႊင့္မွဳေတြ ေတြ ့ခဲ့ရပါတယ္။ ဗိုက္ဆာေနခ်ိန္ထက္ အစာစားျပီးခ်ိန္မွာ အဆုိပါတုံ ့ျပန္မွဳက ပုိမုိ ေကာင္းမြန္ပါတယ္” လုိ ့ေလ့လာမွဳကိုဦးေဆာင္ခဲ့သူ Dr.Alice Ely က ေျပာၾကားခဲ့ပါတယ္။

ဗိုက္ဆာေနတဲ့အခ်ိန္မွာ မိန္းကေလးေတြဟာ အခ်စ္ေရးနဲ ့ဆက္စပ္မွဳမရွိတဲ့ ဓာတ္ပုံေတြျဖစ္တဲ့ ဘုိးလင္းေဘာလုံးတုိ ့၊သစ္ပင္တုိ ့ခ်ဳပ္စက္ တုိ ့ကို ဦးေႏွာက္က တုံ ့ျပန္ပုံဟာ ခ်စ္ေရးခ်စ္ရာပုံေတြျဖစ္တဲ့ စုံတြဲလက္ခ်င္းခ်ိတ္ထားတဲ့ပုံ၊ ဖက္ထားတဲ့ ပုံေတြကို တုံ ့ျပန္ပုံနဲ ့တစ္ထေရာတည္း ျဖစ္ပါတယ္။ ေနာက္မွာေတာ့ အဆုိပါ မိန္းကေလးေတြကုိပဲ ေခ်ာကလက္အရသာရွိျပီး၊ ကယ္လုိရီပမာဏ ၅၀၀ ပါ၀င္တဲ့ မစ္ရွိတ္ကို တိုက္ခဲ့ျပီး စမ္းသပ္မွဳ ထပ္မံ လုပ္ခဲ့ပါတယ္။ဒီတစ္ၾကိမ္မွာေတာ့ သူတုိ ့ဟာ ရိုမန္တစ္ပုံေတြကို ဦးေႏွာက္က တုံ ့ျပန္မွဳ ပုိမို ျပင္းထန္တာကို ေတြ ့ရွိခဲ့ရတာျဖစ္ပါတယ္။

ခ်ိဳျမိန္တဲ့အစားအစာေတြဟာ ခ်စ္စိတ္ျဖစ္ေပၚေစတဲ့ ဦးေႏွာက္ဓာတုပစၥည္းတစ္မ်ိဳး ဒိုပါမင္ ပမာဏကို ျမင့္တက္ေစတယ္လုိ ့သိပၸံပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။ သင္ၾကိဳက္ေနတဲ့ေကာင္မေလးကို ရည္းစားစကားေျပာမယ္ ဆုိရင္ သူမ ဗိုက္ျပည့္ ေအာင္ အရင္ေကၽြးျပီးမွ ေျပာတာက ေခတ္မီ အထိေရာက္ဆုံး နည္းတစ္နည္း ျဖစ္ပါလိမ့္မယ္။

 Credit:Daily Mail
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောကျၤားတစ်ယောက်ရဲ့ နှလုံးသားထဲကို အစာအိမ်ကနေ အရောက်သွားပါ လို့ဆိုကြပါတယ်။ လေ့လာတွေ့ရှိမှုတစ်ခုအရ ဒီစကားဟာ မိန်းကလေးတွေကို လည်း ရည်ရွယ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ ဘာမှမစားရသေးတဲ့အချိန်ထက် ဗိုက်ပြည့်နေတဲ့အချိန်မှာ အချစ်ရေးကို ပိုမိုစိတ်ဝင်စားမှုရှိတယ်လို့ဆိုပါတယ်။

အမျိုးသမီးတွေကို အမျိုးအစားမတူတဲ့ ပုံရိပ်တွေအများအပြား ကြည့်ခိုင်းနေစဉ်မှာ ဦးနှောက်ကို စကင်ဖတ်ကြည့်ခဲ့ရာ မိန်းကလေးတွေဟာ အစာ မစားရသေးခင်အချိန်ထက် စားပြီးအချိန်မှာ ချစ်ရေးချစ်ရာပိုင်းလှုံ့ဆော်မှုုကို တုံ့ပြန်မှု သိသိသာသာ ပိုများကြောင်း တွေ့ရှိခဲ့ရတယ်လို့ဒရက်ဆဲတက္ကသိုလ်နဲ့ပင်ဆာဗေးနီးယားတက္ကသိုလ် တို့က သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

“ အစားလျှော့မစားဖူးတဲ့ မိန်းကလေးတွေကော၊ လျှော့စားဖူးတဲ့ မိန်းကလေးတွေပါ ချစ်ကြည်နူးစရာဓာတ်ပုံတွေကို တုံ့ပြန်မှုအပိုင်းမှာ အာရုံခံစားမှုဆိုင်ရာဦးနှောက်ပိုင်းကနေ ပိုမိုကောင်းမွန်တဲ့ ဦးနှောက်လှိုင်း လွှင့်မှုတွေ တွေ့ခဲ့ရပါတယ်။ ဗိုက်ဆာနေချိန်ထက် အစာစားပြီးချိန်မှာ အဆိုပါတုံ့ပြန်မှုက ပိုမို ကောင်းမွန်ပါတယ်” လို့လေ့လာမှုကိုဦးဆောင်ခဲ့သူ Dr.Alice Ely က ပြောကြားခဲ့ပါတယ်။

ဗိုက်ဆာနေတဲ့အချိန်မှာ မိန်းကလေးတွေဟာ အချစ်ရေးနဲ့ဆက်စပ်မှုမရှိတဲ့ ဓာတ်ပုံတွေဖြစ်တဲ့ ဘိုးလင်းဘောလုံးတို့၊သစ်ပင်တို့ချုပ်စက် တို့ကို ဦးနှောက်က တုံ့ပြန်ပုံဟာ ချစ်ရေးချစ်ရာပုံတွေဖြစ်တဲ့ စုံတွဲလက်ချင်းချိတ်ထားတဲ့ပုံ၊ ဖက်ထားတဲ့ ပုံတွေကို တုံ့ပြန်ပုံနဲ့တစ်ထရောတည်း ဖြစ်ပါတယ်။ နောက်မှာတော့ အဆိုပါ မိန်းကလေးတွေကိုပဲ ချောကလက်အရသာရှိပြီး၊ ကယ်လိုရီပမာဏ ၅၀၀ ပါဝင်တဲ့ မစ်ရှိတ်ကို တိုက်ခဲ့ပြီး စမ်းသပ်မှု ထပ်မံ လုပ်ခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ သူတို့ဟာ ရိုမန်တစ်ပုံတွေကို ဦးနှောက်က တုံ့ပြန်မှု ပိုမို ပြင်းထန်တာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ချိုမြိန်တဲ့အစားအစာတွေဟာ ချစ်စိတ်ဖြစ်ပေါ်စေတဲ့ ဦးနှောက်ဓာတုပစ္စည်းတစ်မျိုး ဒိုပါမင် ပမာဏကို မြင့်တက်စေတယ်လို့သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ သင်ကြိုက်နေတဲ့ကောင်မလေးကို ရည်းစားစကားပြောမယ် ဆိုရင် သူမ ဗိုက်ပြည့် အောင် အရင်ကျွေးပြီးမှ ပြောတာက ခေတ်မီ အထိရောက်ဆုံး နည်းတစ်နည်း ဖြစ်ပါလိမ့်မယ်။

 Credit:Daily Mail

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top