iMyanmarHouse.com - Best Property Website for Myanmar
×

သူမ်ားေတြေျပာတဲ့ ဓာတ္ပံုစားတယ္၊ ဓာတ္ပံုစားတယ္ဆိုတာဟာ အျပင္မွာထက္ ဓာတ္ပံုထဲမွာ ပိုခ်စ္ဖုိ႔ေကာင္းတာ၊ ပိုၾကည့္ေကာင္းတာမ်ိဳးကို ေျပာခ်င္တာပါ။ တစ္ခါတစ္ေလ ဓာတ္ပံုရိုက္တဲ့အခါ ေတာင့္ေတာင့္တင္းတင္းႀကီး ျဖစ္တတ္တဲ့သူေတြအတြက္ေတာ့ အျပင္မွာ ၾကည့္ေကာင္းေနရင္ေတာင္ ဓာတ္ပံုထဲလည္းေရာက္ေရာ အေနအထားမက် မ်က္ႏွာတည္တည္တင္းတင္းႀကီးေတြ ျဖစ္ေနေရာ။ ဒီေတာ့ ဓာတ္ပံုရုိက္တဲ့အခါ ကိုယ့္ရွိရင္းစြဲထက္ကို ပိုမိုဆြဲေဆာင္အားေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ အခ်က္ေလးေတြ ေျပာျပေပးလိုက္ပါတယ္။

၁။ကိုယ္က ဓာတ္ပံုရိုက္လိုက္တုိင္း မ်က္လံုးမွိတ္သြားတတ္တဲ့သူဆိုရင္ေတာ့ ကိုယ့္ဓာတ္ပံုေတြတိုင္းမွာ မ်က္လံုးေမွးေမွးနဲ႔ အိပ္ငိုက္ေနတဲ့ပံုေတြ မ်ားေနမွာေပါ့။ ဒီ့အတြက္ အႀကံေပးခ်င္တာက ဓာတ္ပံုရိုက္ေတာ့မယ္ဆုိတာနဲ႔ မ်က္လံုးကို မွိတ္ထားလုိက္ၿပီး ရယ္ ဒီ ၁ ၂ ၃ ဆုိတဲ့အခ်ိန္ေရာက္မွသာ မ်က္လံုးကို ဖြင့္လိုက္ပါ။ ဒါဆို အဆင္ေျပသြားပါလိမ့္မယ္။

၂။ေမးႏွစ္ထပ္ျဖစ္ေနတဲ့သူဆိုရင္ေတာ့ လည္ပင္းကို နည္းနည္းမတ္မတ္ ဆန္႔ထားၿပီး မ်က္ႏွာကို ေရွ႕နည္းနည္း ပိုတိုးလိုက္ပါ။ ဓာတ္ပံုမရိုက္ခင္ ေမးေစ့ပိုခၽြန္သေယာင္ျဖစ္ေအာင္ ေအာက္ေလးနည္းနည္းငံု႔ပါ။ ဒါဆို ဓာတ္ပံုထဲမွာ အိုေကသြားပါလိ့မ္မယ္။

၃။ဒါကေတာ့ အမ်ိဳးသမီးေတြအတြက္ အထူးစပယ္ရွယ္ေပါ့။ ကိုယ္လိမ္းမယ့္ မိတ္ကပ္သားနဲ႔ ဓာတ္ပံုရိုက္တဲ့အခါ ထြက္တဲ့ပံုေတြကို မွတ္ထားပါ။ ဘယ္ေလာက္လိမ္းရင္ ဘယ္လိုဓာတ္ပံုထဲမွာ ၾကည့္ေကာင္းတယ္ဆုိတာမ်ိဳး သိထားဖို႔ပါပဲ။

၄။ျဖစ္ႏိုင္ရင္ေတာ့ မ်က္ေတာင္ေကာ့ေဆးသံုးပါ။ မ်က္ေတာင္တုတပ္မယ္ဆုိရင္လည္း ဓာတ္ပံုထဲမွာ လွတာပါပဲ။ ဓာတ္ပံုထဲမွာ ဆြဲေဆာင္မႈရွိေအာင္ လုပ္ဖို႔ဆုိရင္ မ်က္လံုးဟာ အဓိကပါပဲ။

၅။အရင္တုန္းက ရိုက္ခဲ့တဲ့ပံုေတြထဲက ကိုယ္အႀကိဳက္ဆံုး ကိုယ့္ရဲ႕ပံုကို မွတ္ထားပါ။ ဘယ္လိုပို႔စ္မ်ိဳးရိုက္ထားတယ္၊ ကင္မရာအေနအထားက ဘယ္လိုဆိုတာေတြပါ ေသခ်ာမွတ္ထားၿပီး ဓာတ္ပံုရိုက္ခါနီးတိုင္း အဲ့ဒီတုန္းကရိုက္ခဲ့တာေတြကို ျပန္ေတြးပါ။

၆။ႏႈတ္ခမ္းနီဆိုးတာ ဆြဲေဆာင္မႈရွိပါတယ္။ အထူးသျဖင့္ အနီရဲရဲေတြေပါ့။ ဒါေပမယ့္ ႏႈတ္ခမ္းနီနီရဲရဲဆိုးၿပီး ဓာတ္ပံုရို္က္မယ္ဆုိရင္ လွ်ာကိုသြားေနာက္မွာသိမ္းၿပီး အမုိက္စားၿပံဳးပါ။ အူေၾကာင္ေၾကာင္ပံုေတာ့ မျဖစ္ေစနဲ႔ေနာ္။

၇။ျဖစ္ႏိုင္ရင္ ပုခံုးတြန္႔တာမ်ိဳး၊ ကိုယ္မကၽြမ္းက်င္တဲ့ပို႔စ္မ်ိဳးေတြ မလုပ္ပါနဲ႔။ ဒါဟာ အခ်ိဳးေျပေျပနဲ႔လွတဲ့ပံုထြက္လာဖုိ႔ ရာခိုင္ႏႈန္းနည္းလို႔ပါ။

၈။ပါးနီဆိုးတာကလည္း ဓာတ္ပံုထဲမွာ ကိုယ့္ကို က်ိန္းေသၾကည့္ေကာင္းေစဖုိ႔ အေထာက္အပံ့ေပးႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။

၉။အတတ္ႏိုင္ဆံုး ကင္မရာနဲ႔တည့္တည့္အေနအထားကို ေရွာင္ပါ။ ေဘးတေစာင္းေလးဆိုရင္ ၾကည့္ေကာင္းသလို ကင္မရာနဲ႔ အရမ္းႀကီး ေစာင္းငန္းပံုစံမ်ိဳး ျဖစ္မသြားေအာင္လည္း ဂရုစိုက္ဖို႔ လိုပါတယ္။

၁၀။လူေတာ္ေတာ္မ်ားမ်ားက ဓာတ္ပံုရိုက္ၿပီးတာနဲ႔ မလွဘူး၊ ဓာတ္ပံုရိုက္ရင္ မေနတတ္ဘူး၊ အဆင္မေျပဘူးလို႔ ညည္းတြားေလ့ရွိပါတယ္။ ေမာ္ဒယ္ကိတ္ေမာ့စ္ေတာင္ သူမ ဓာတ္ပံုစရိုက္ခါစက မခ်ိဳးမက်တဲ့အေၾကာင္းေျပာဖူးတာပဲ။ ဓာတ္ပံုမ်ားမ်ားရိုက္ပါ။ ေနာက္ဆိုရင္ အိုေကသြားပါလိမ့္မယ္။

၁၁။အရင္တုန္းက ဓာတ္ပံုရိုက္ခါနီးေျပာေျပာေနက် say cheese ဆိုတာကို ေမ့လိုက္ၿပီး ဓာတ္ပံုဆရာနဲ႔ ေနာက္ေနာက္ေျပာင္ေျပာင္ စကားေတြေျပာပါ။ ဒါဆို ဓာတ္ပံုရိုက္ခါနီး သဘာ၀အၿပံဳးေလးနဲ႔ သက္၀င္လွပေနမွာပါ။

Credit  : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သူများတွေပြောတဲ့ ဓာတ်ပုံစားတယ်၊ ဓာတ်ပုံစားတယ်ဆိုတာဟာ အပြင်မှာထက် ဓာတ်ပုံထဲမှာ ပိုချစ်ဖို့ကောင်းတာ၊ ပိုကြည့်ကောင်းတာမျိုးကို ပြောချင်တာပါ။ တစ်ခါတစ်လေ ဓာတ်ပုံရိုက်တဲ့အခါ တောင့်တောင့်တင်းတင်းကြီး ဖြစ်တတ်တဲ့သူတွေအတွက်တော့ အပြင်မှာ ကြည့်ကောင်းနေရင်တောင် ဓာတ်ပုံထဲလည်းရောက်ရော အနေအထားမကျ မျက်နှာတည်တည်တင်းတင်းကြီးတွေ ဖြစ်နေရော။ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲထက်ကို ပိုမိုဆွဲဆောင်အားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။ကိုယ်က ဓာတ်ပုံရိုက်လိုက်တိုင်း မျက်လုံးမှိတ်သွားတတ်တဲ့သူဆိုရင်တော့ ကိုယ့်ဓာတ်ပုံတွေတိုင်းမှာ မျက်လုံးမှေးမှေးနဲ့ အိပ်ငိုက်နေတဲ့ပုံတွေ များနေမှာပေါ့။ ဒီ့အတွက် အကြံပေးချင်တာက ဓာတ်ပုံရိုက်တော့မယ်ဆိုတာနဲ့ မျက်လုံးကို မှိတ်ထားလိုက်ပြီး ရယ် ဒီ ၁ ၂ ၃ ဆိုတဲ့အချိန်ရောက်မှသာ မျက်လုံးကို ဖွင့်လိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။

၂။မေးနှစ်ထပ်ဖြစ်နေတဲ့သူဆိုရင်တော့ လည်ပင်းကို နည်းနည်းမတ်မတ် ဆန့်ထားပြီး မျက်နှာကို ရှေ့နည်းနည်း ပိုတိုးလိုက်ပါ။ ဓာတ်ပုံမရိုက်ခင် မေးစေ့ပိုချွန်သယောင်ဖြစ်အောင် အောက်လေးနည်းနည်းငုံ့ပါ။ ဒါဆို ဓာတ်ပုံထဲမှာ အိုကေသွားပါလိ့မ်မယ်။

၃။ဒါကတော့ အမျိုးသမီးတွေအတွက် အထူးစပယ်ရှယ်ပေါ့။ ကိုယ်လိမ်းမယ့် မိတ်ကပ်သားနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ထွက်တဲ့ပုံတွေကို မှတ်ထားပါ။ ဘယ်လောက်လိမ်းရင် ဘယ်လိုဓာတ်ပုံထဲမှာ ကြည့်ကောင်းတယ်ဆိုတာမျိုး သိထားဖို့ပါပဲ။

၄။ဖြစ်နိုင်ရင်တော့ မျက်တောင်ကော့ဆေးသုံးပါ။ မျက်တောင်တုတပ်မယ်ဆိုရင်လည်း ဓာတ်ပုံထဲမှာ လှတာပါပဲ။ ဓာတ်ပုံထဲမှာ ဆွဲဆောင်မှုရှိအောင် လုပ်ဖို့ဆိုရင် မျက်လုံးဟာ အဓိကပါပဲ။

၅။အရင်တုန်းက ရိုက်ခဲ့တဲ့ပုံတွေထဲက ကိုယ်အကြိုက်ဆုံး ကိုယ့်ရဲ့ပုံကို မှတ်ထားပါ။ ဘယ်လိုပို့စ်မျိုးရိုက်ထားတယ်၊ ကင်မရာအနေအထားက ဘယ်လိုဆိုတာတွေပါ သေချာမှတ်ထားပြီး ဓာတ်ပုံရိုက်ခါနီးတိုင်း အဲ့ဒီတုန်းကရိုက်ခဲ့တာတွေကို ပြန်တွေးပါ။

၆။နှုတ်ခမ်းနီဆိုးတာ ဆွဲဆောင်မှုရှိပါတယ်။ အထူးသဖြင့် အနီရဲရဲတွေပေါ့။ ဒါပေမယ့် နှုတ်ခမ်းနီနီရဲရဲဆိုးပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် လျှာကိုသွားနောက်မှာသိမ်းပြီး အမိုက်စားပြုံးပါ။ အူကြောင်ကြောင်ပုံတော့ မဖြစ်စေနဲ့နော်။

၇။ဖြစ်နိုင်ရင် ပုခုံးတွန့်တာမျိုး၊ ကိုယ်မကျွမ်းကျင်တဲ့ပို့စ်မျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ အချိုးပြေပြေနဲ့လှတဲ့ပုံထွက်လာဖို့ ရာခိုင်နှုန်းနည်းလို့ပါ။

၈။ပါးနီဆိုးတာကလည်း ဓာတ်ပုံထဲမှာ ကိုယ့်ကို ကျိန်းသေကြည့်ကောင်းစေဖို့ အထောက်အပံ့ပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၉။အတတ်နိုင်ဆုံး ကင်မရာနဲ့တည့်တည့်အနေအထားကို ရှောင်ပါ။ ဘေးတစောင်းလေးဆိုရင် ကြည့်ကောင်းသလို ကင်မရာနဲ့ အရမ်းကြီး စောင်းငန်းပုံစံမျိုး ဖြစ်မသွားအောင်လည်း ဂရုစိုက်ဖို့ လိုပါတယ်။

၁၀။လူတော်တော်များများက ဓာတ်ပုံရိုက်ပြီးတာနဲ့ မလှဘူး၊ ဓာတ်ပုံရိုက်ရင် မနေတတ်ဘူး၊ အဆင်မပြေဘူးလို့ ညည်းတွားလေ့ရှိပါတယ်။ မော်ဒယ်ကိတ်မော့စ်တောင် သူမ ဓာတ်ပုံစရိုက်ခါစက မချိုးမကျတဲ့အကြောင်းပြောဖူးတာပဲ။ ဓာတ်ပုံများများရိုက်ပါ။ နောက်ဆိုရင် အိုကေသွားပါလိမ့်မယ်။

၁၁။အရင်တုန်းက ဓာတ်ပုံရိုက်ခါနီးပြောပြောနေကျ say cheese ဆိုတာကို မေ့လိုက်ပြီး ဓာတ်ပုံဆရာနဲ့ နောက်နောက်ပြောင်ပြောင် စကားတွေပြောပါ။ ဒါဆို ဓာတ်ပုံရိုက်ခါနီး သဘာဝအပြုံးလေးနဲ့ သက်ဝင်လှပနေမှာပါ။

Credit  : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top