iMyanmarHouse.com - Best Property Website for Myanmar
×

တေယာက္နဲ႕တေယာက္ခ်စ္ၾကလို႕ လက္ထပ္ခဲ့ၾကတာပါ။လက္ထပ္ၿပီးေတာ့မွ မခ်စ္ၾကေတာ့တာဟာ ဘာေၾကာင့္လဲ။

ကိုယ့္ရဲ႕ခ်စ္သူနဲ႕ တသက္လံုး ခ်စ္ခ်စ္ခင္ခင္ ေနထိုင္သြားႏုိင္ရန္အတြက္ ဒီအေၾကာင္းေလးကို တင္ၿပပါရေစ။

Gerald Rogers ဟာ ၁၆ႏွစ္ၾကာ ေပါင္းသင္းလာေသာ သူ႕၏ အမ်ိဳးသမီးႏွင့္ ကြာရွင္းခဲ့ရသူပါ။ အဲဒီအတြက္ ပူေဆြးေသာကေရာက္ခဲ့ရပါတယ္။
သူ႕ရဲ႕ရင္ထဲက ခံစားခ်က္ေတြ ေနာင္တေတြကို အၿခားေသာသူေတြလည္း မၾကံဳေတြ႕ေစရန္ ရည္ရြယ္ၿပီး အိမ္ေထာင္ေရးအတြက္ အၾကံေပးစာေလးကို ေရးခဲ့ပါတယ္။
သူ႕ေရးသားခဲ့တဲ့စာေလးေတြက Facebook မွာ ၁လအတြင္း စာဖတ္ပရိသတ္ ၁သိန္း၄ေသာင္းေက်ာ္ Share လုပ္ခဲ့တယ္လို႕သိရပါတယ္။

၀၁. ခ်စ္တယ္ဆိုတဲ့အေၾကာင္း သြားလာဖို႕ မေမ့နဲ႕

အမ်ိဳးသမီးက ကိုယ့္ရဲ႕အနားမွာရွိတယ္ဆိုတာကိုေမ့မေနပါနဲ႕။ သမီးရည္းစားဘဝတုန္းကလို သြားသြားလာလာရွိဖို႕လဲ အေရးၾကီးပါတယ္။
လက္ထပ္တုန္းကေတာ့ သူ႕ကို တသက္လံုးေစာင့္ေရွာက္ပါမယ္လို႕ ကတိေပးထားတာကို မေမ့ပါနဲ႕။

၀၂.သူ႕အတြက္ ေနရာေလးခ်န္ထားပါ

သူ႕ကိုေစာင့္ေရွာက္ရမဲ့တာဝန္တခုတဲ့ေတာ့မဟုတ္ပါ။သူ႕အတြက္စိတ္ထဲမွာလည္း တေနရာေပးထားလိုက္ပါ။
အလုပ္ေတြ လူမႈေရးကိစၥေတြနဲ႕ ဘယ္ေလာက္ပဲရွဳပ္ေထြးေနပေစ
 သူ႕ေနရာေလးကိုေတာ့ ဘယ္သူ႔မွမဝင္မခံပါေစနဲ႕။

၀၃.ခ်စ္ၿပီးရင္းခ်စ္ပါ

လူဆိုတာ အခ်ိန္ႏွင့္အမွ်ေၿပာင္းလဲေနပါတယ္။လက္မထပ္ခင္အခ်ိန္တုန္းကနဲ႕ လက္ထပ္ၿပီးသြားတဲ့အခ်ိန္မွာ ကိုယ္ရဲ႕အေၿခေအေနက တူေနမယ္လို႕မထင္ပါ။
ဒါေၾကာင့္လည္းသမီးရည္းစားဘဝတုန္းကလုိသူ႕အတြက္ဆိုရင္ဘာမဆိုလုပ္ေပးမယ္ဆိုတဲ့ အခ်စ္ေတြကိုမေမ့ပဲ ပစၥပန္မွာလည္း တူညီေသာအခ်စ္ေတြကိုေပးႏုိင္ဖို႕ၾကိဳးစားပါ။

၀၄.သူရဲ႕ေကာင္းေသာအခ်က္ကေလးေတြကိုမေမ့ပါနဲ႕

သူ႕ရဲ႕ေကာင္းခ်က္ကေလးေတြကို ဂရုတစိုက္ၾကည့္ထားသင့္ပါတယ္။လူဆိုတာ လူတေယာက္ရဲ႕မေကာင္းတဲ့အခ်က္ကို အရင္ၿမင္တတ္ပါတယ္။
သူ႕ရဲ႕မေကာင္းတဲ့အခ်က္ေတြကိုပဲ စဥ္းစားေနရင္ေတာ့ ေရရွည္မွာမေကာင္းပါ။

၀၅.သူ႕ရဲ႕အက်င့္စရုိက္ကိုေၿပာင္းလဲဖို႕မၾကိဳးစားပါနဲ႕

ကိုယ္လိုခ်င္တဲ့ပံုစံမ်ိဳးကို ပံုသြင္းတာမ်ိဳးမလုပ္သင့္ပါ။လူဆိိုတာ အားလံုးၿပီးၿပည့္စံုေနတယ္ဆိုတာ မရွိတဲ့အတြက္သူရဲ႕အက်င့္စရုိက္ကိုေၿပာင္းလဲဖို႕လုပ္တယ္ဆိုတာဟာ သင့္အလုပ္မဟုတ္ပါ။
သူကိုရွိတဲ့အတိုင္းပဲခ်စ္တယ္ဆိုတာလည္း မဂၤလာတပါးပါ။

၀၆. ကိုယ့္ရဲ႕တာဝန္ကိုသိပါ

အိမ္ေထာင္ေရးဘဝကို သာယာေအာင္လုပ္ဖို႕အတြက္ သူ႕မွာပဲ အားလံုးတာဝန္ရွိတာမဟုတ္ပါ။ ကိုယ့္မွာလည္းတာဝန္ရွိတယ္ဆိုတာကို မေမ့ပါနဲ႕။

၀၇.သူ႕ကို အၿပစ္သိပ္မတင္ပါနဲ႕

ဘယ္ေလာက္ပဲေဒါသထြက္ထြက္ သူ႔ကို အၿပစ္သိပ္မတင္သင့္ပါ။ေဒါသထြက္ေနတယ္ဆိုတာ အေၾကာင္းေၾကာင္းေၾကာင့္ၿဖစ္ပင္မဲ့ ေဒါသေၾကာင့္မမွားကို မၿပဳလုပ္သင့္ပါ။

၀၈.သူ႕ရဲ႕စိတ္ကို နားလည္ေပးပါ

သူကစိတ္ဆိုးေနတာကို ေခ်ာ့ဖို႕သင့္ရင္ေခ်ာ့ရမွာပါ။သူ႕မွာၿဖစ္ေနတဲ့ ၿပႆ      နာကို နားေထာင္ၿပီး ႏွစ္သိမ့္ဖို႕လည္းလိုပါလိမ့္မယ္။သူစိတ္ဆိုးေနတာက အလုပ္ရွဳပ္တယ္ဆိုၿပီး ေရွာင္မထြက္သြားသင့္ပါ။

၀၉.ေပ်ာ္တတ္ဖို႕လိုပါတယ္

ကိုယ္ကိုတိုင္လည္း ၿပံဳးၿပံဳးေပ်ာ္ေပ်ာ္ေနတတ္ဖို႔လိုပါတယ္။ဒါမွသာလွ်င္ တစ္ေယာက္ႏွင့္တစ္ေယာက္ ၿပံဳးသင့္လွ်င္ၿပံဳး ေပ်ာ္သင့္လွ်င္ေပ်ာ္မွသာလွ်င္ အိမ္ေဆာင္ေရးအဆင္ေၿပမွာပါ။

၁၀.သူ႕ရဲ႕လိုအပ္ခ်က္ကို ၿဖည့္စီးေပးပါ

သူ႕မွာေတာ့ ေမာင္ကခ်စ္မွခ်စ္ပါ့ေတာ့မလားလို႕ေတြးရင္လည္း ေတြးေနတတ္ပါတယ္။ သူ႕မွာဘာလိုအပ္ေနလည္း ဘယ္လိုလုပ္ရမလဲမသိရင္ တိုက္ရုိက္ေမးသင့္ပါတယ္။

၁၁. သူအတြက္ အခ်ိန္ေပးပါ

လက္ထပ္ၿပီးတဲ့အခ်ိန္ကေန အလုပ္ကမ်ား လူမူေရးကမ်ားနဲ႕ သူ႕အတြက္အခ်ိန္ကို မေပးႏုိင္တာရွိပါတယ္။ သူနဲ႕ရွိေနခ်ိန္မွာ သူ႕အတြက္ အခ်ိန္ကို အားလံုးေပးႏုိင္ရင္ေကာင္းပါတယ္။

၁၂.သူ႕ကမိ္န္းကေလးၿဖစ္တယ္ဆိုတာကို မေမ့ပါနဲ႕

ဘယ္အခ်ိန္မွာပဲၿဖစ္ၿဖစ္ ဘာေတြေၿပာင္းလဲေၿပာင္းလဲ သူကိုမိန္းကေလးတေယာက္လို ဆက္ဆံသင့္ပါတယ္။သူ႕အတြက္လည္းကိုယ္ဟာဆဲြေဆာင္မူရွိတဲ့ယာက်ၤားေကာင္းတေယာက္ၿဖစ္တယ္ဆိုတာကို ၿပဖို႕လုိပါတယ္။

၁၃. အမွားကို လက္ခံပါ

ကိုယ့္မွာလည္း အမွားရွိသလို သူ႕မွာလဲ အမွားရွိပါတယ္။ သူ႕ရဲ႕အမွားကိုမဲၿပီး အၿပစ္တင္တာကို မလုပ္ပါနဲ႕။

၁၄.သူအတြက္ ေအးေအးေဆးေဆးေနႏုိင္တဲ့ေနရာေလးရွိပါေစ

သူ႕မွာ ေန႕စဥ္ႏွင့္အမွ် အိမ္ကိစၥနဲ႕ပဲအလုပ္ရွုပ္ေနတတ္ပါတယ္။ ကေလးရွိတဲ့သူဆိုရင္ေတာ့ ပိုဆိုးေရာေပါ့။ကိုယ္တေယာက္တည္းမဟုတ္ပဲ သူ႕အတြက္လည္း စိတ္ေၿပလက္ေပ်ာက္ေနႏုိင္မဲ့ေနရာေလးကို ထားေပးသင့္ပါတယ္။

၁၅.ကိုယ္ရဲ႕အားနည္းခ်က္ကို ေၿပာဖို႔လည္းဝန္မေလးပါနဲ႕

ေယာက်ၤားဆိုေတာ့ ကိုယ္ရဲ႕အားနည္းခ်က္ကို ထုတ္ေၿပာဖို႕ဝင္ေလးတတ္ပါတယ္။အခ်ိဳ႕ၿပႆနာဆိုတာ ကိုယ္တေယာက္တည္း မေၿဖရွင္းႏုိင္တဲ့အခါရွိပါတယ္။အဲဒီအခ်ိန္မွာ ကိုယ့္ရဲ႕လက္တဲြေဖာ္ကို ပြင့္ပြင့္လင္းလင္းတိုင္ပင္သင့္ပါတယ္။

၁၆. သူအေပၚမွာ ဟန္မေဆာင္ပါနဲ႕

တေယာက္အေပၚတေယာက္ ပြင့္ပြင့္လင္းလင္းရွိဖို႕လိုပါတယ္။ ဟန္ေဆာင္တာေတြ လိမ္ညာတာေတြရွိလာရင္ေတာ့ မေကာင္းပါ။

၁၇.ႏွစ္ေယာက္အတူတူ ဘဝကို တိုးတတ္ေအာင္ၾကိဳးစားပါ

ဘဝရည္မွန္းခ်က္ၿဖစ္ပါေစ၊ ဝါသနာပါတဲ့အရာပဲၿဖစ္ပါေစ ႏွစ္ေယာက္အတူတူတိုင္ပင္ၿပီး လုပ္သင့္ပါတယ္။ဒါမွသာလွ်င္ တစ္ေယာက္ႏွင့္တစ္ေယာက္ နားလည္မူရွိလာႏုိင္သလုိ အိမ္ေထာင္ေရးလည္း သာယာလာပါလိမ့္မယ္။

၁၈.ပိုက္ဆံအတြက္ နားမပူပါနဲ႕

ပိုက္ဆံဆိုတာဟာ ဂိမ္းတခုနဲ႕တူပါတယ္။လင္မယားႏွစ္ေယာက္ အတူတူဘဝဂိမ္းကိုေအာင္ၿမင္ေအာင္ ၾကိဳးစားရမွာပါ။မေသမခ်င္း ပိုက္ဆံဆိုတာကို ရွာေဖြႏုိင္ပါတယ္။
ပိုက္ဆံမရွိလို႕ဆိုၿပီး ေၿပာေနမဲ့အစား သူနဲေကာင္းေအာင္ ဘယ္လိုလုပ္မလဲ ဆိုတာကို တိုင္ပင္သင့္ပါတယ္။

၁၉.ခြင့္လြတ္တတ္ဖို႕လုိပါတယ္

အတိတ္မွာၿဖစ္ခဲ့တဲ့ကိစၥကို အစဲြထားၿပီး ထပ္ခါတလဲလဲ ၿပန္ေၿပာတာမ်ိဳးမလုပ္သင့္ပါ။ခြင့္လႊတ္သင့္တာကို ခြင့္လြတ္ၿပီး ေရွ႕ဆက္ေလွ်ာက္ဖို႕သာ အေရးၾကီးပါတယ္။

၂၀. အခ်စ္ကိုေရြးပါ

ဘဝမွာ ဆံုးၿဖတ္ရခက္တဲ့အခ်ိန္ေတြဟာ အမ်ားၾကီးပါ။ အဲဒီအခ်ိန္မွာ အခ်စ္ရွိေသာေနရာကို ေရြးရင္ေတာ့ မမွားဘူးလို႕ထင္ပါတယ္။

ဒီစာေလးဟာ အိမ္ေထာင္သည္ေတြအတြက္ပဲမဆိုလိုပါ။မၾကာခင္လက္ထပ္မဲ့သူေတြနဲ႔လည္း သက္ဆိုင္ပါတယ္။ေယာက်ၤားေလးဘက္ကေရးထားပင္မဲ့ ေၿပာင္းၿပန္စဥ္းစားရင္လဲ
မိန္းကေလးေတြအေနနဲ႕လည္း ဖတ္လို႕ရပါတယ္။

Credit : Chelmo tip

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

တယောက်နဲ့တယောက်ချစ်ကြလို့ လက်ထပ်ခဲ့ကြတာပါ။လက်ထပ်ပြီးတော့မှ မချစ်ကြတော့တာဟာ ဘာကြောင့်လဲ။

ကိုယ့်ရဲ့ချစ်သူနဲ့ တသက်လုံး ချစ်ချစ်ခင်ခင် နေထိုင်သွားနိုင်ရန်အတွက် ဒီအကြောင်းလေးကို တင်ပြပါရစေ။

Gerald Rogers ဟာ ၁၆နှစ်ကြာ ပေါင်းသင်းလာသော သူ့၏ အမျိုးသမီးနှင့် ကွာရှင်းခဲ့ရသူပါ။ အဲဒီအတွက် ပူဆွေးသောကရောက်ခဲ့ရပါတယ်။
သူ့ရဲ့ရင်ထဲက ခံစားချက်တွေ နောင်တတွေကို အခြားသောသူတွေလည်း မကြုံတွေ့စေရန် ရည်ရွယ်ပြီး အိမ်ထောင်ရေးအတွက် အကြံပေးစာလေးကို ရေးခဲ့ပါတယ်။
သူ့ရေးသားခဲ့တဲ့စာလေးတွေက Facebook မှာ ၁လအတွင်း စာဖတ်ပရိသတ် ၁သိန်း၄သောင်းကျော် Share လုပ်ခဲ့တယ်လို့သိရပါတယ်။

၀၁. ချစ်တယ်ဆိုတဲ့အကြောင်း သွားလာဖို့ မမေ့နဲ့

အမျိုးသမီးက ကိုယ့်ရဲ့အနားမှာရှိတယ်ဆိုတာကိုမေ့မနေပါနဲ့။ သမီးရည်းစားဘဝတုန်းကလို သွားသွားလာလာရှိဖို့လဲ အရေးကြီးပါတယ်။
လက်ထပ်တုန်းကတော့ သူ့ကို တသက်လုံးစောင့်ရှောက်ပါမယ်လို့ ကတိပေးထားတာကို မမေ့ပါနဲ့။

၀၂.သူ့အတွက် နေရာလေးချန်ထားပါ

သူ့ကိုစောင့်ရှောက်ရမဲ့တာဝန်တခုတဲ့တော့မဟုတ်ပါ။သူ့အတွက်စိတ်ထဲမှာလည်း တနေရာပေးထားလိုက်ပါ။
အလုပ်တွေ လူမှုရေးကိစ္စတွေနဲ့ ဘယ်လောက်ပဲရှုပ်ထွေးနေပစေ
 သူ့နေရာလေးကိုတော့ ဘယ်သူ့မှမဝင်မခံပါစေနဲ့။

၀၃.ချစ်ပြီးရင်းချစ်ပါ

လူဆိုတာ အချိန်နှင့်အမျှပြောင်းလဲနေပါတယ်။လက်မထပ်ခင်အချိန်တုန်းကနဲ့ လက်ထပ်ပြီးသွားတဲ့အချိန်မှာ ကိုယ်ရဲ့အခြေအေနေက တူနေမယ်လို့မထင်ပါ။
ဒါကြောင့်လည်းသမီးရည်းစားဘဝတုန်းကလိုသူ့အတွက်ဆိုရင်ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့ အချစ်တွေကိုမမေ့ပဲ ပစ္စပန်မှာလည်း တူညီသောအချစ်တွေကိုပေးနိုင်ဖို့ကြိုးစားပါ။

၀၄.သူရဲ့ကောင်းသောအချက်ကလေးတွေကိုမမေ့ပါနဲ့

သူ့ရဲ့ကောင်းချက်ကလေးတွေကို ဂရုတစိုက်ကြည့်ထားသင့်ပါတယ်။လူဆိုတာ လူတယောက်ရဲ့မကောင်းတဲ့အချက်ကို အရင်မြင်တတ်ပါတယ်။
သူ့ရဲ့မကောင်းတဲ့အချက်တွေကိုပဲ စဉ်းစားနေရင်တော့ ရေရှည်မှာမကောင်းပါ။

၀၅.သူ့ရဲ့အကျင့်စရိုက်ကိုပြောင်းလဲဖို့မကြိုးစားပါနဲ့

ကိုယ်လိုချင်တဲ့ပုံစံမျိုးကို ပုံသွင်းတာမျိုးမလုပ်သင့်ပါ။လူဆိုတာ အားလုံးပြီးပြည့်စုံနေတယ်ဆိုတာ မရှိတဲ့အတွက်သူရဲ့အကျင့်စရိုက်ကိုပြောင်းလဲဖို့လုပ်တယ်ဆိုတာဟာ သင့်အလုပ်မဟုတ်ပါ။
သူကိုရှိတဲ့အတိုင်းပဲချစ်တယ်ဆိုတာလည်း မင်္ဂလာတပါးပါ။

၀၆. ကိုယ့်ရဲ့တာဝန်ကိုသိပါ

အိမ်ထောင်ရေးဘဝကို သာယာအောင်လုပ်ဖို့အတွက် သူ့မှာပဲ အားလုံးတာဝန်ရှိတာမဟုတ်ပါ။ ကိုယ့်မှာလည်းတာဝန်ရှိတယ်ဆိုတာကို မမေ့ပါနဲ့။

၀၇.သူ့ကို အပြစ်သိပ်မတင်ပါနဲ့

ဘယ်လောက်ပဲဒေါသထွက်ထွက် သူ့ကို အပြစ်သိပ်မတင်သင့်ပါ။ဒေါသထွက်နေတယ်ဆိုတာ အကြောင်းကြောင်းကြောင့်ဖြစ်ပင်မဲ့ ဒေါသကြောင့်မမှားကို မပြုလုပ်သင့်ပါ။

၀၈.သူ့ရဲ့စိတ်ကို နားလည်ပေးပါ

သူကစိတ်ဆိုးနေတာကို ချော့ဖို့သင့်ရင်ချော့ရမှာပါ။သူ့မှာဖြစ်နေတဲ့ ပြဿ      နာကို နားထောင်ပြီး နှစ်သိမ့်ဖို့လည်းလိုပါလိမ့်မယ်။သူစိတ်ဆိုးနေတာက အလုပ်ရှုပ်တယ်ဆိုပြီး ရှောင်မထွက်သွားသင့်ပါ။

၀၉.ပျော်တတ်ဖို့လိုပါတယ်

ကိုယ်ကိုတိုင်လည်း ပြုံးပြုံးပျော်ပျော်နေတတ်ဖို့လိုပါတယ်။ဒါမှသာလျှင် တစ်ယောက်နှင့်တစ်ယောက် ပြုံးသင့်လျှင်ပြုံး ပျော်သင့်လျှင်ပျော်မှသာလျှင် အိမ်ဆောင်ရေးအဆင်ပြေမှာပါ။

၁၀.သူ့ရဲ့လိုအပ်ချက်ကို ဖြည့်စီးပေးပါ

သူ့မှာတော့ မောင်ကချစ်မှချစ်ပါ့တော့မလားလို့တွေးရင်လည်း တွေးနေတတ်ပါတယ်။ သူ့မှာဘာလိုအပ်နေလည်း ဘယ်လိုလုပ်ရမလဲမသိရင် တိုက်ရိုက်မေးသင့်ပါတယ်။

၁၁. သူအတွက် အချိန်ပေးပါ

လက်ထပ်ပြီးတဲ့အချိန်ကနေ အလုပ်ကများ လူမူရေးကများနဲ့ သူ့အတွက်အချိန်ကို မပေးနိုင်တာရှိပါတယ်။ သူနဲ့ရှိနေချိန်မှာ သူ့အတွက် အချိန်ကို အားလုံးပေးနိုင်ရင်ကောင်းပါတယ်။

၁၂.သူ့ကမိန်းကလေးဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့

ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘာတွေပြောင်းလဲပြောင်းလဲ သူကိုမိန်းကလေးတယောက်လို ဆက်ဆံသင့်ပါတယ်။သူ့အတွက်လည်းကိုယ်ဟာဆွဲဆောင်မူရှိတဲ့ယာကျၤားကောင်းတယောက်ဖြစ်တယ်ဆိုတာကို ပြဖို့လိုပါတယ်။

၁၃. အမှားကို လက်ခံပါ

ကိုယ့်မှာလည်း အမှားရှိသလို သူ့မှာလဲ အမှားရှိပါတယ်။ သူ့ရဲ့အမှားကိုမဲပြီး အပြစ်တင်တာကို မလုပ်ပါနဲ့။

၁၄.သူအတွက် အေးအေးဆေးဆေးနေနိုင်တဲ့နေရာလေးရှိပါစေ

သူ့မှာ နေ့စဉ်နှင့်အမျှ အိမ်ကိစ္စနဲ့ပဲအလုပ်ရှုပ်နေတတ်ပါတယ်။ ကလေးရှိတဲ့သူဆိုရင်တော့ ပိုဆိုးရောပေါ့။ကိုယ်တယောက်တည်းမဟုတ်ပဲ သူ့အတွက်လည်း စိတ်ပြေလက်ပျောက်နေနိုင်မဲ့နေရာလေးကို ထားပေးသင့်ပါတယ်။

၁၅.ကိုယ်ရဲ့အားနည်းချက်ကို ပြောဖို့လည်းဝန်မလေးပါနဲ့

ယောကျၤားဆိုတော့ ကိုယ်ရဲ့အားနည်းချက်ကို ထုတ်ပြောဖို့ဝင်လေးတတ်ပါတယ်။အချို့ပြဿနာဆိုတာ ကိုယ်တယောက်တည်း မဖြေရှင်းနိုင်တဲ့အခါရှိပါတယ်။အဲဒီအချိန်မှာ ကိုယ့်ရဲ့လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်ပါတယ်။

၁၆. သူအပေါ်မှာ ဟန်မဆောင်ပါနဲ့

တယောက်အပေါ်တယောက် ပွင့်ပွင့်လင်းလင်းရှိဖို့လိုပါတယ်။ ဟန်ဆောင်တာတွေ လိမ်ညာတာတွေရှိလာရင်တော့ မကောင်းပါ။

၁၇.နှစ်ယောက်အတူတူ ဘဝကို တိုးတတ်အောင်ကြိုးစားပါ

ဘဝရည်မှန်းချက်ဖြစ်ပါစေ၊ ဝါသနာပါတဲ့အရာပဲဖြစ်ပါစေ နှစ်ယောက်အတူတူတိုင်ပင်ပြီး လုပ်သင့်ပါတယ်။ဒါမှသာလျှင် တစ်ယောက်နှင့်တစ်ယောက် နားလည်မူရှိလာနိုင်သလို အိမ်ထောင်ရေးလည်း သာယာလာပါလိမ့်မယ်။

၁၈.ပိုက်ဆံအတွက် နားမပူပါနဲ့

ပိုက်ဆံဆိုတာဟာ ဂိမ်းတခုနဲ့တူပါတယ်။လင်မယားနှစ်ယောက် အတူတူဘဝဂိမ်းကိုအောင်မြင်အောင် ကြိုးစားရမှာပါ။မသေမချင်း ပိုက်ဆံဆိုတာကို ရှာဖွေနိုင်ပါတယ်။
ပိုက်ဆံမရှိလို့ဆိုပြီး ပြောနေမဲ့အစား သူနဲကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို တိုင်ပင်သင့်ပါတယ်။

၁၉.ခွင့်လွတ်တတ်ဖို့လိုပါတယ်

အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို အစွဲထားပြီး ထပ်ခါတလဲလဲ ပြန်ပြောတာမျိုးမလုပ်သင့်ပါ။ခွင့်လွှတ်သင့်တာကို ခွင့်လွတ်ပြီး ရှေ့ဆက်လျှောက်ဖို့သာ အရေးကြီးပါတယ်။

၂၀. အချစ်ကိုရွေးပါ

ဘဝမှာ ဆုံးဖြတ်ရခက်တဲ့အချိန်တွေဟာ အများကြီးပါ။ အဲဒီအချိန်မှာ အချစ်ရှိသောနေရာကို ရွေးရင်တော့ မမှားဘူးလို့ထင်ပါတယ်။

ဒီစာလေးဟာ အိမ်ထောင်သည်တွေအတွက်ပဲမဆိုလိုပါ။မကြာခင်လက်ထပ်မဲ့သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ယောကျၤားလေးဘက်ကရေးထားပင်မဲ့ ပြောင်းပြန်စဉ်းစားရင်လဲ
မိန်းကလေးတွေအနေနဲ့လည်း ဖတ်လို့ရပါတယ်။

Credit : Chelmo tip

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top