iMyanmarHouse.com - Best Property Website for Myanmar
×

အလွကုန္ပစၥည္းေတြဟာ သက္တမ္းအလိုက္ သံုးစြဲရတဲ့အရာေတြပါ။ ဘူးေပၚမွာေရးထားတဲ့ သက္တမ္းကုန္ဆံုးရက္ဆုိတာ အဖံုးမဖြင့္္ရေသးတဲ့အေနအထားကိုသာ ဆုိလုိပါတယ္။ အဖံုးဖြင့္ၿပီး စတင္အသံုးျပဳလုိက္တာနဲ႔တစ္ၿပိဳင္နက္တည္း ပစၥည္းအမ်ိဳးအစားအလိုက္ သက္တမ္းကုန္ဆံုးခ်ိန္ေတြ ႐ွိပါတယ္။ အရမ္းႀကိဳက္လြန္းလို႔ဆုိၿပီး အခ်ိန္ၾကာၾကာဆက္သံုးေနတာမ်ိဳး မလုပ္သင့္ပါဘူး။ ပစၥည္းအမ်ိဳးအစားေပၚမူတည္လို႔ သက္တမ္းအလိုက္ပဲသံုးၿပီး သက္တမ္းကုန္သြားရင္ အသစ္တစ္ဘူးနဲ႔ လဲလွယ္တာအေကာင္းဆံုးပါပဲ။

၂လ မွ ၃လ

မ်က္ေတာင္ေကာ့ေဆး၊ မ်က္ႏွာေပါင္းတင္ကပ္ခြာတုိ႔ကို အဖံုးဖြင့္ၿပီးရင္ ၂လအတြင္း ကုန္ေအာင္သံုးလိုက္တာေကာင္းပါတယ္။ ဒါေတြက ေလထုနဲ႔ထိေတြ႔ရင္ အာနိသင္ျပယ္တာျမန္လို႔ပါ။

၆လ မွ ၁ႏွစ္

အိုင္းလိုင္နာအရည္၊ မိတ္ကပ္ရည္၊ ကြန္ဆီလာ၊ ဝက္ျခံေပ်ာက္ေဆးခရင္မ္၊ ဝက္ျခံေပ်ာက္မ်က္ႏွာသစ္ေဆး၊ eye cream၊ serum နဲ႔ မ်က္ႏွာသစ္ေဆးတို႔ဟာ စၿပီးအသံုးျပဳခ်ိန္ကေန တစ္ႏွစ္အတြင္းပဲ သံုးသင့္ပါတယ္။

၁ႏွစ္ မွ ၁ႏွစ္ခြဲ

Lip gloss ၊ ခရင္မ္အမ်ိဳးအစားအိုင္း႐ွဲဒိုး၊ ေနေရာင္ဒဏ္ခံလူးေဆး၊ ဆပ္ျပာေတာင့္၊ ေရခ်ိဳးဆပ္ျပာဂ်ယ္လ္တို႔ကိုေတာ့ ၁ ႏွစ္ခြဲထက္ေက်ာ္လာရင္ ဆက္မသံုးဘဲ ဘူးသစ္ဖြင့္လိုက္ပါ။

၂ ႏွစ္

အခ်ိန္အားျဖင့္ ၂ႏွစ္ေလာက္သံုးႏိုင္တာေတြက ႏႈတ္ခမ္းနဲ႔မ်က္လံုးပံုေဖာ္ခဲတံ၊ ႏႈတ္ခမ္းနီေတာင့္၊ လက္သည္းနီ၊ အိုင္း႐ွဲဒိုးအမႈန္႔၊ ပါးနီအမႈန္႔၊ ေပါင္ဒါအမ်ိဳးအစားေဖာင္ေဒး႐ွင္းတုိ႔ပဲ ျဖစ္ပါတယ္။

၃ ႏွစ္

အလွကုန္ပစၥည္းေတြမွာ အဖံုးဖြင့္ၿပီးလို႔ ၾကာၾကာအသံုးခံႏိုင္ေအာင္ အာနိသင္႐ွိတာေတြကေတာ့ ေရေမႊး၊ ေခါင္းေလွ်ာ္ရည္နဲ႔ေပ်ာ့ေဆး၊ ဆံပင္ဖ်န္းစပေရးနဲ႔ Pump ပါတဲ့ body lotion တို႔ပဲ ျဖစ္ပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလှကုန်ပစ္စည်းတွေဟာ သက်တမ်းအလိုက် သုံးစွဲရတဲ့အရာတွေပါ။ ဘူးပေါ်မှာရေးထားတဲ့ သက်တမ်းကုန်ဆုံးရက်ဆိုတာ အဖုံးမဖွင့််ရသေးတဲ့အနေအထားကိုသာ ဆိုလိုပါတယ်။ အဖုံးဖွင့်ပြီး စတင်အသုံးပြုလိုက်တာနဲ့တစ်ပြိုင်နက်တည်း ပစ္စည်းအမျိုးအစားအလိုက် သက်တမ်းကုန်ဆုံးချိန်တွေ ရှိပါတယ်။ အရမ်းကြိုက်လွန်းလို့ဆိုပြီး အချိန်ကြာကြာဆက်သုံးနေတာမျိုး မလုပ်သင့်ပါဘူး။ ပစ္စည်းအမျိုးအစားပေါ်မူတည်လို့ သက်တမ်းအလိုက်ပဲသုံးပြီး သက်တမ်းကုန်သွားရင် အသစ်တစ်ဘူးနဲ့ လဲလှယ်တာအကောင်းဆုံးပါပဲ။

၂လ မှ ၃လ

မျက်တောင်ကော့ဆေး၊ မျက်နှာပေါင်းတင်ကပ်ခွာတို့ကို အဖုံးဖွင့်ပြီးရင် ၂လအတွင်း ကုန်အောင်သုံးလိုက်တာကောင်းပါတယ်။ ဒါတွေက လေထုနဲ့ထိတွေ့ရင် အာနိသင်ပြယ်တာမြန်လို့ပါ။

၆လ မှ ၁နှစ်

အိုင်းလိုင်နာအရည်၊ မိတ်ကပ်ရည်၊ ကွန်ဆီလာ၊ ဝက်ခြံပျောက်ဆေးခရင်မ်၊ ဝက်ခြံပျောက်မျက်နှာသစ်ဆေး၊ eye cream၊ serum နဲ့ မျက်နှာသစ်ဆေးတို့ဟာ စပြီးအသုံးပြုချိန်ကနေ တစ်နှစ်အတွင်းပဲ သုံးသင့်ပါတယ်။

၁နှစ် မှ ၁နှစ်ခွဲ

Lip gloss ၊ ခရင်မ်အမျိုးအစားအိုင်းရှဲဒိုး၊ နေရောင်ဒဏ်ခံလူးဆေး၊ ဆပ်ပြာတောင့်၊ ရေချိုးဆပ်ပြာဂျယ်လ်တို့ကိုတော့ ၁ နှစ်ခွဲထက်ကျော်လာရင် ဆက်မသုံးဘဲ ဘူးသစ်ဖွင့်လိုက်ပါ။

၂ နှစ်

အချိန်အားဖြင့် ၂နှစ်လောက်သုံးနိုင်တာတွေက နှုတ်ခမ်းနဲ့မျက်လုံးပုံဖော်ခဲတံ၊ နှုတ်ခမ်းနီတောင့်၊ လက်သည်းနီ၊ အိုင်းရှဲဒိုးအမှုန့်၊ ပါးနီအမှုန့်၊ ပေါင်ဒါအမျိုးအစားဖောင်ဒေးရှင်းတို့ပဲ ဖြစ်ပါတယ်။

၃ နှစ်

အလှကုန်ပစ္စည်းတွေမှာ အဖုံးဖွင့်ပြီးလို့ ကြာကြာအသုံးခံနိုင်အောင် အာနိသင်ရှိတာတွေကတော့ ရေမွှေး၊ ခေါင်းလျှော်ရည်နဲ့ပျော့ဆေး၊ ဆံပင်ဖျန်းစပရေးနဲ့ Pump ပါတဲ့ body lotion တို့ပဲ ဖြစ်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top