iMyanmarHouse.com - Best Property Website for Myanmar
×

အိႏၵိယနကၡတၱေဗဒပညာအရ ဇာတာရွင္ႏွင့္ ရန္က်ေသာ ရန္ၿဂိဳဟ္ေန႕နံသားသမီးကိုေရွာင္ႏုိင္ျခင္း၊ မိတ္ဖက္က်ေသာ မိတ္ၿဂိဳဟ္ေန႔နံ သားသမီးကုိေပါင္းခိုင္းျခင္းျဖစ္သည္။ သာမန္အားျဖင့္မိတ္ျဖစ္ေစ၊ ရန္ျဖစ္ေစမည္သည့္ေန႔နံသားသမီးႏွင့္မဆို ေပါင္းသင္းႏုိင္ ေသာ္လည္း အလုပ္အႀကံအစည္၊ စီးပြားေရး၊ အိမ္ ေထာင္ေရးကိစၥ မ်ားတြင္ သင့္ေသာေန႕နံ၊ အက်ဳိးျပဳႏုိင္ေသာေန႔နံသားသမီး မ်ားႏွင့္ေပါင္းသင္း ရလိမ့္မည္။ ဇာတာရွင္၏ေမြးနံႏွင့္ေပါင္းသင္းမည့္သူ၏ေန႕နံသင္၊ မသင့္ကုိ စိစစ္ရျခင္းျဖစ္သည္။
ျမန္မာျပည္ျဖစ္၊ ျမန္မာ ေဗဒင္ပညာ အယူအဆျဖစ္ေသာ ေအာင္ပ၊ ကုလား၊ ေဆြသား၊ ေနာင္ ရင္း ဟူေသာ မိတ္ဖက္။ အုန္းညိဳ၊ ေခမာ၊ သုတာ၊ ေဝရီ ရန္စီစီ ဟူ ေသာ ရန္ဖက္၊ ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ အိမ္ေထာင္ဖက္ အသက္မရွည္ရာဟူေသာ ကိန္းတို႕ ကုိ ေဖာ္ျပလိုရင္း မဟုတ္ေပ။

တနဂၤေႏြေန႔ဖြား ျဖစ္လွ်င္
တနလၤာ၊ အဂၤါ၊ ၾကာသပေတးေန႕ဖြားမ်ားႏွင့္ မိတ္ဖက္ျဖစ္သျဖင့္ေပါင္းသင္းပါ။ေသာၾကာ၊ စေနေန႕ဖြား မ်ားႏွင့္ ရန္ဖက္ျဖစ္ သျဖင့္ေရွာင္ပါ။ အေျခအေနအရေပါင္းသင္း ဆက္ဆံရပါက ယံုၾကည္စိတ္ခ်စြာ မေပါင္းသင္းအပ္၊ သတိထားေပါင္းပါ။ ဗုဒၶဟူးေန႕ ဖြားမ်ားႏွင့္ မိတ္လည္းမက်၊ ရန္လည္း မမည္။

တနလၤာေန႔ဖြား ျဖစ္လွ်င္
တနဂၤေႏြ၊ ဗုဒၶဟူးေန႕ဖြားမ်ားႏွင့္ မိတ္ဖက္ျဖစ္သျဖင့္ေပါင္းသင္းဆက္ဆံပါ။ ရန္ဖက္ မရွိေခ်။ အဂၤါ၊ ၾကာသပေတး၊ေသာၾကာ၊ စေနေန႕ဖြားမ်ားႏွင့္ မိတ္မက်၊ ရန္မက်ေခ်။

အဂၤါေန႔ဖြား ျဖစ္လွ်င္
တနဂၤေႏြ၊ တနလၤာ၊ ၾကာသပေတးေန႕ဖြားမ်ားႏွင့္ မိတ္ဖက္ျဖစ္သျဖင့္ေပါင္းသင္းဆက္ဆံပါ။ ဗုဒၶဟူးေန႕ဖြားမ်ားႏွင့္ ရန္ဖက္ျဖစ္ သျဖင့္ ေရွာင္ပါ။ ေသာၾကာ၊ စေနေန႕ဖြား မ်ားႏွင့္ မိတ္မဟုတ္၊ ရန္လည္း မဟုတ္ေခ်။

ဗုဒၶဟူးေန႔ဖြား ျဖစ္လွ်င္
တနဂၤေႏြ၊ ေသာၾကာေန႕ ဖြားမ်ားႏွင့္ မိတ္ဖက္ျဖစ္သျဖင့္ ေပါင္းသင္းဆက္ဆံပါ။ တနလၤာေန႕ဖြားမ်ားႏွင့္ ရန္ဖက္ျဖစ္သျဖင့္ ေရွာင္ပါ။ အဂၤါ၊ ၾကာသပေတး၊ စေနေန႕ဖြားမ်ားႏွင့္ မိတ္ဖက္ လည္း မဟုတ္၊ ရန္ဖက္လည္း မဟုတ္ေခ်။

ရာဟုေန႔ဖြား ျဖစ္လွ်င္
ဗုဒၶဟူးေန႕၊ ေန႕လယ္ ၁၂ နာရီေက်ာ္မွ ညေန ၆ နာရီ အတြင္းဖြားျဖစ္လွ်င္ ေသာၾကာ၊ စေနေန႕ဖြားမ်ားႏွင့္ မိတ္ဖက္ျဖစ္ သျဖင့္ ေပါင္းသင္းဆက္ဆံပါ။ တနဂၤေႏြ၊ တနလၤာ၊ အဂၤါေန႕ဖြားမ်ားႏွင့္ ရန္ဖက္ျဖစ္သ ျဖင့္ ေရွာင္ပါ။ ဗုဒၶဟူး၊ ၾကာသပေတး ေန႕ဖြား မ်ားႏွင့္ မိတ္မက်၊ ရန္မက် ေခ်။

ရာဟုေန႔ဖြား ျဖစ္လွ်င္
ဗုဒၶဟူးေန႕ ညေန ၆ နာ ရီေက်ာ္မွ ည ၁၂ နာရီအတြင္းဖြား ျဖစ္လွ်င္ ရာဟုေန႕ဖြားႏွင့္ မိတ္၊ ရန္ အတူတူပင္ ျဖစ္သည္။ စိတ္မက်၊ ရန္မက် ေန႔ဖြားခ်င္းလည္း တူညီသည္။

ၾကာသပေတးေန႔ဖြား ျဖစ္လွ်င္
တနဂၤေႏြ၊ တနလၤာ၊ အဂၤါေန႕ဖြားမ်ားႏွင့္ မိတ္ဖက္ျဖစ္သျဖင့္ေပါင္းသင္းဆက္ပါ။ ဗုဒၶဟူး၊ေသာၾကာေန႕ဖြားမ်ားႏွင့္ ရန္ဖက္ျဖစ္ သျဖင့္ ေရွာင္ပါ။ စေနေန႕ဖြားမ်ားႏွင့္ မိတ္မက်၊ ရန္လည္း မက်ေခ်။

ေသာၾကာေန႔ဖြား ျဖစ္လွ်င္
ဗုဒၶဟူး၊ စေနေန႕ဖြားမ်ားႏွင့္ မိတ္ဖက္ျဖစ္သျဖင့္ေပါင္းသင္းဆက္ဆံပါ။ တနဂၤေႏြ၊ တနလၤာေန႔ဖြားမ်ားႏွင့္ ရန္ဖက္ျဖစ္ သျဖင့္ ေရွာင္ ပါ။ အဂၤါ၊ ၾကာသပေတးေန႕ ဖြားမ်ားႏွင့္ မိတ္မမည္၊ ရန္လည္း မမည္ေခ်။

စေနေန႔ဖြား ျဖစ္လွ်င္
ဗုဒၶဟူး၊ ေသာၾကာေန႕ ဖြားမ်ားႏွင့္ မိတ္ဖက္ျဖစ္သျဖင့္ ေပါင္းသင္းဆက္ဆံပါ။ တနဂၤေႏြ၊ တနလၤာ၊ အဂၤါေန႕ဖြားမ်ားႏွင့္ ရန္ဖက္ျဖစ္ သျဖင့္ေရွာင္ပါ။ ၾကာသပေတးေန႕ဖြားမ်ားႏွင့္မိတ္မဟုတ္၊ ရန္လည္းမဟုတ္ေခ်။ ခ်ဳိ႕ယြင္းခ်က္အားျဖင့္ မိမိႏွင့္ မိတ္ဖက္ က်ေသာေန႔နံ ၿဂိဳဟ္မွာ မိမိ၏ ဖြားဇာတာထဲတြင္ နိစ္ၿဂိဳဟ္၊ ျပၿဂိဳဟ္အျဖစ္ အားမရွိ ေသာ္လည္းေကာင္း၊ အာရီ-ဗ်ာယ၊ မရဏဘာဝသုိ႕ က်ေရာက္ေန
ေသာ္လည္းေကာင္း မိမိႏွင့္ မိတ္ ဖက္ၿဂိဳဟ္ ျဖစ္ေနသျဖင့္ ေပါင္း သင္းဆက္ဆံႏုိင္ေစကာမူ သာမန္ မွ်သာ ေကာင္း လ်က္ အက်ဳိးထူး မေပးႏုိင္ေခ်။ အေနာက္တိုင္း နကၡတၱ ေဗဒပညာတြင္ ေမြးနံကုိ အထူး အေထြ ယူဆေဟာေျပာျခင္း မရွိေပ။

ၿဂိဳဟ္တို႕၏ မိတ္၊ ရန္၊ မိတ္ မက်၊ ရန္မက် အယူအဆလည္း လံုးဝမရွိေပ။ လူခ်င္းတူေသာ္လည္း ေမြးေန႕ခ်င္း မတူေသာ အခါ ေယာက္်ားခ်င္းပင္ ျဖစ္ေစ၊ မိန္းမ ခ်င္းပင္ျဖစ္ေစ၊ ေယာက္်ားႏွင့္ မိန္းမပင္ျဖစ္ေစ ေမြးေန႕ကုိ အေျခခံလ်က္ တစ္ဦးႏွင့္တစ္ဦး မိတ္၊ ရန္ျဖစ္ေပၚလာတတ္ေပရာ အေရွ႕ တုိင္း အိႏၵိယနကၡတၱေဗဒ ပညာျဖင့္ ေမြးေန႕အလုိက္မိတ္၊ ရန္ကုိေရြးခ်ယ္ႏုိင္ၾကေပ သ တည္း။


Credit: ေမာင္ေမာင္ျမင္႔သန္းေမာင္

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိန္ဒိယနက္ခတ္တဗေဒပညာအရ ဇာတာရှင်နှင့် ရန်ကျသော ရန်ဂြိုဟ်နေ့နံသားသမီးကိုရှောင်နိုင်ခြင်း၊ မိတ်ဖက်ကျသော မိတ်ဂြိုဟ်နေ့နံ သားသမီးကိုပေါင်းခိုင်းခြင်းဖြစ်သည်။ သာမန်အားဖြင့်မိတ်ဖြစ်စေ၊ ရန်ဖြစ်စေမည်သည့်နေ့နံသားသမီးနှင့်မဆို ပေါင်းသင်းနိုင် သော်လည်း အလုပ်အကြံအစည်၊ စီးပွားရေး၊ အိမ်ထောင်ရေးကိစ္စ များတွင် သင့်သောနေ့နံ၊ အကျိုးပြုနိုင်သောနေ့နံသားသမီး များနှင့်ပေါင်းသင်း ရလိမ့်မည်။ ဇာတာရှင်၏မွေးနံနှင့်ပေါင်းသင်းမည့်သူ၏နေ့နံသင်၊ မသင့်ကို စိစစ်ရခြင်းဖြစ်သည်။
မြန်မာပြည်ဖြစ်၊ မြန်မာ ဗေဒင်ပညာ အယူအဆဖြစ်သော အောင်ပ၊ ကုလား၊ ဆွေသား၊ နောင် ရင်း ဟူသော မိတ်ဖက်။ အုန်းညို၊ ခေမာ၊ သုတာ၊ ဝေရီ ရန်စီစီ ဟူ သော ရန်ဖက်၊ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အိမ်ထောင်ဖက် အသက်မရှည်ရာဟူသော ကိန်းတို့ ကို ဖော်ပြလိုရင်း မဟုတ်ပေ။

တနင်္ဂနွေနေ့ဖွား ဖြစ်လျှင်
တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနေ့ဖွားများနှင့် မိတ်ဖက်ဖြစ်သဖြင့်ပေါင်းသင်းပါ။သောကြာ၊ စနေနေ့ဖွား များနှင့် ရန်ဖက်ဖြစ် သဖြင့်ရှောင်ပါ။ အခြေအနေအရပေါင်းသင်း ဆက်ဆံရပါက ယုံကြည်စိတ်ချစွာ မပေါင်းသင်းအပ်၊ သတိထားပေါင်းပါ။ ဗုဒ္ဓဟူးနေ့ ဖွားများနှင့် မိတ်လည်းမကျ၊ ရန်လည်း မမည်။

တနင်္လာနေ့ဖွား ဖြစ်လျှင်
တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့ဖွားများနှင့် မိတ်ဖက်ဖြစ်သဖြင့်ပေါင်းသင်းဆက်ဆံပါ။ ရန်ဖက် မရှိချေ။ အင်္ဂါ၊ ကြာသပတေး၊သောကြာ၊ စနေနေ့ဖွားများနှင့် မိတ်မကျ၊ ရန်မကျချေ။

အင်္ဂါနေ့ဖွား ဖြစ်လျှင်
တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးနေ့ဖွားများနှင့် မိတ်ဖက်ဖြစ်သဖြင့်ပေါင်းသင်းဆက်ဆံပါ။ ဗုဒ္ဓဟူးနေ့ဖွားများနှင့် ရန်ဖက်ဖြစ် သဖြင့် ရှောင်ပါ။ သောကြာ၊ စနေနေ့ဖွား များနှင့် မိတ်မဟုတ်၊ ရန်လည်း မဟုတ်ချေ။

ဗုဒ္ဓဟူးနေ့ဖွား ဖြစ်လျှင်
တနင်္ဂနွေ၊ သောကြာနေ့ ဖွားများနှင့် မိတ်ဖက်ဖြစ်သဖြင့် ပေါင်းသင်းဆက်ဆံပါ။ တနင်္လာနေ့ဖွားများနှင့် ရန်ဖက်ဖြစ်သဖြင့် ရှောင်ပါ။ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ဖွားများနှင့် မိတ်ဖက် လည်း မဟုတ်၊ ရန်ဖက်လည်း မဟုတ်ချေ။

ရာဟုနေ့ဖွား ဖြစ်လျှင်
ဗုဒ္ဓဟူးနေ့၊ နေ့လယ် ၁၂ နာရီကျော်မှ ညနေ ၆ နာရီ အတွင်းဖွားဖြစ်လျှင် သောကြာ၊ စနေနေ့ဖွားများနှင့် မိတ်ဖက်ဖြစ် သဖြင့် ပေါင်းသင်းဆက်ဆံပါ။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့ဖွားများနှင့် ရန်ဖက်ဖြစ်သ ဖြင့် ရှောင်ပါ။ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့ဖွား များနှင့် မိတ်မကျ၊ ရန်မကျ ချေ။

ရာဟုနေ့ဖွား ဖြစ်လျှင်
ဗုဒ္ဓဟူးနေ့ ညနေ ၆ နာ ရီကျော်မှ ည ၁၂ နာရီအတွင်းဖွား ဖြစ်လျှင် ရာဟုနေ့ဖွားနှင့် မိတ်၊ ရန် အတူတူပင် ဖြစ်သည်။ စိတ်မကျ၊ ရန်မကျ နေ့ဖွားချင်းလည်း တူညီသည်။

ကြာသပတေးနေ့ဖွား ဖြစ်လျှင်
တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့ဖွားများနှင့် မိတ်ဖက်ဖြစ်သဖြင့်ပေါင်းသင်းဆက်ပါ။ ဗုဒ္ဓဟူး၊သောကြာနေ့ဖွားများနှင့် ရန်ဖက်ဖြစ် သဖြင့် ရှောင်ပါ။ စနေနေ့ဖွားများနှင့် မိတ်မကျ၊ ရန်လည်း မကျချေ။

သောကြာနေ့ဖွား ဖြစ်လျှင်
ဗုဒ္ဓဟူး၊ စနေနေ့ဖွားများနှင့် မိတ်ဖက်ဖြစ်သဖြင့်ပေါင်းသင်းဆက်ဆံပါ။ တနင်္ဂနွေ၊ တနင်္လာနေ့ဖွားများနှင့် ရန်ဖက်ဖြစ် သဖြင့် ရှောင် ပါ။ အင်္ဂါ၊ ကြာသပတေးနေ့ ဖွားများနှင့် မိတ်မမည်၊ ရန်လည်း မမည်ချေ။

စနေနေ့ဖွား ဖြစ်လျှင်
ဗုဒ္ဓဟူး၊ သောကြာနေ့ ဖွားများနှင့် မိတ်ဖက်ဖြစ်သဖြင့် ပေါင်းသင်းဆက်ဆံပါ။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့ဖွားများနှင့် ရန်ဖက်ဖြစ် သဖြင့်ရှောင်ပါ။ ကြာသပတေးနေ့ဖွားများနှင့်မိတ်မဟုတ်၊ ရန်လည်းမဟုတ်ချေ။ ချို့ယွင်းချက်အားဖြင့် မိမိနှင့် မိတ်ဖက် ကျသောနေ့နံ ဂြိုဟ်မှာ မိမိ၏ ဖွားဇာတာထဲတွင် နိစ်ဂြိုဟ်၊ ပြဂြိုဟ်အဖြစ် အားမရှိ သော်လည်းကောင်း၊ အာရီ-ဗျာယ၊ မရဏဘာဝသို့ ကျရောက်နေ
သော်လည်းကောင်း မိမိနှင့် မိတ် ဖက်ဂြိုဟ် ဖြစ်နေသဖြင့် ပေါင်း သင်းဆက်ဆံနိုင်စေကာမူ သာမန် မျှသာ ကောင်း လျက် အကျိုးထူး မပေးနိုင်ချေ။ အနောက်တိုင်း နက္ခတ္တ ဗေဒပညာတွင် မွေးနံကို အထူး အထွေ ယူဆဟောပြောခြင်း မရှိပေ။

ဂြိုဟ်တို့၏ မိတ်၊ ရန်၊ မိတ် မကျ၊ ရန်မကျ အယူအဆလည်း လုံးဝမရှိပေ။ လူချင်းတူသော်လည်း မွေးနေ့ချင်း မတူသော အခါ ယောက်ျားချင်းပင် ဖြစ်စေ၊ မိန်းမ ချင်းပင်ဖြစ်စေ၊ ယောက်ျားနှင့် မိန်းမပင်ဖြစ်စေ မွေးနေ့ကို အခြေခံလျက် တစ်ဦးနှင့်တစ်ဦး မိတ်၊ ရန်ဖြစ်ပေါ်လာတတ်ပေရာ အရှေ့ တိုင်း အိန္ဒိယနက္ခတ္တဗေဒ ပညာဖြင့် မွေးနေ့အလိုက်မိတ်၊ ရန်ကိုရွေးချယ်နိုင်ကြပေ သ တည်း။


Credit: မောင်မောင်မြင့်သန်းမောင်



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top