iMyanmarHouse.com - Best Property Website for Myanmar
×

ဟင္းသီးဟင္းရြက္ေတြနဲ႔ သစ္သီး၀လံေတြမွာ အာဟာရ ဓာတ္ေတြအမ်ားႀကီးပါတာေၾကာင့္ ေန႔စဥ္စားေသာက္ရာမွာလည္း မျဖစ္မေနထည့္သြင္းစားေသာက္ ေလ့ရွိပါတယ္။ တစ္ခုသတိထားရမွာက အသီးအႏွံေတြမွာ ကပ္ပါေနတဲ့ ပိုးသတ္ေဆးေတြက လူကို ဒုကၡေပးႏိုင္တာေၾကာင့္ လက္လြတ္စပယ္မစားဘဲ ေသခ်ာေဆးေၾကာသန္႔စင္ၿပီးမွစားဖို႔ လိုအပ္ပါတယ္။

ဘယ္အသီးအႏွံပဲျဖစ္ျဖစ္ ပိုး သတ္ေဆးရန္က လြတ္ေအာင္လို႔ ဆိုရင္ ဇလံုခပ္ႀကီးႀကီးတစ္ခုကိုယူ ၿပီး ေရအျပည့္နီးပါးထည့္၊ ရွလ ကာရည္အနည္းငယ္ကိုေရာထည့္လိုက္ပါ။ မိနစ္ ၂၀ ေလာက္စိမ္ ထားၿပီးရင္ေတာ့ ေရနဲ႔ ေဆးခ်တာ မ်ဳိးလုပ္ေပးႏိုင္ပါတယ္။ ဒါမွမ ဟုတ္ ဟင္းသီးဟင္းရြက္နဲ႔ အသီး အႏွံေတြ ေဆးေၾကာတဲ့ ေဆးရည္ သံုးလို႔လည္း ရပါတယ္။

အခုႏွစ္အတြက္ ပိုးသတ္ ေဆးအမ်ားဆံုးနဲ႔ အသန္႔ရွင္းဆံုး သီးႏွံစာရင္းလည္းထြက္ရွိလာၿပီး စေတာ္ဘယ္ရီ၊ ပန္းသီး၊ မက္မြန္ သီး၊ တ႐ုတ္နံနံႀကီး၊ စပ်စ္သီး၊ ခ်ယ္ရီသီး၊ ေဒါက္ခြရြက္၊ ခရမ္း ခ်ဥ္သီး၊ ခ်ယ္ရီခရမ္းခ်ဥ္သီး၊ သခြားသီး၊ ပန္းင႐ုတ္ပြ၊ နက္တာ ရင္းမက္မြန္သီးတို႔ဟာ ပိုးသတ္ ေဆးအမ်ားဆံုးပါတဲ့ ၁၂ မ်ဳိး ျဖစ္ ပါတယ္။ အသန္႔ရွင္းဆံုးစာရင္း ၀င္တာေတြကေတာ့ ေထာပတ္ သီး၊ ေျပာင္းဖူး၊ နာနတ္သီး၊ ေဂၚ ဖီထုပ္၊ ၾကက္သြန္နီ၊ ပဲပန္း၊ ကၫြတ္၊ သရက္သီး၊ သေဘၤာ သီး၊ ကီ၀ီသီး၊ ခရမ္းသီး၊ ဂရိတ္ ဖ႐ု၊ သခြားမသီး၊ သခြားေမႊး၊ ပန္းေဂၚဖီတို႔ ျဖစ္တယ္လို႔ သိရပါ တယ္။

ဘယ္သီးႏွံမဆို ပိုးသတ္ေဆး နဲ႔ မလြတ္ႏုိင္တာမို႔ ျဖစ္ႏုိင္ရင္ေတာ့ေအာ္ဂဲနစ္အသီးအႏွံေတြကိုသာ ေရြးခ်ယ္စားေသာက္မယ္ဆိုရင္ ေတာ့ အေကာင္းဆံုးပါပဲ။

Credit : 7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေမှာ အာဟာရ ဓာတ်တွေအများကြီးပါတာကြောင့် နေ့စဉ်စားသောက်ရာမှာလည်း မဖြစ်မနေထည့်သွင်းစားသောက် လေ့ရှိပါတယ်။ တစ်ခုသတိထားရမှာက အသီးအနှံတွေမှာ ကပ်ပါနေတဲ့ ပိုးသတ်ဆေးတွေက လူကို ဒုက္ခပေးနိုင်တာကြောင့် လက်လွတ်စပယ်မစားဘဲ သေချာဆေးကြောသန့်စင်ပြီးမှစားဖို့ လိုအပ်ပါတယ်။

ဘယ်အသီးအနှံပဲဖြစ်ဖြစ် ပိုး သတ်ဆေးရန်က လွတ်အောင်လို့ ဆိုရင် ဇလုံခပ်ကြီးကြီးတစ်ခုကိုယူ ပြီး ရေအပြည့်နီးပါးထည့်၊ ရှလ ကာရည်အနည်းငယ်ကိုရောထည့်လိုက်ပါ။ မိနစ် ၂၀ လောက်စိမ် ထားပြီးရင်တော့ ရေနဲ့ ဆေးချတာ မျိုးလုပ်ပေးနိုင်ပါတယ်။ ဒါမှမ ဟုတ် ဟင်းသီးဟင်းရွက်နဲ့ အသီး အနှံတွေ ဆေးကြောတဲ့ ဆေးရည် သုံးလို့လည်း ရပါတယ်။

အခုနှစ်အတွက် ပိုးသတ် ဆေးအများဆုံးနဲ့ အသန့်ရှင်းဆုံး သီးနှံစာရင်းလည်းထွက်ရှိလာပြီး စတော်ဘယ်ရီ၊ ပန်းသီး၊ မက်မွန် သီး၊ တရုတ်နံနံကြီး၊ စပျစ်သီး၊ ချယ်ရီသီး၊ ဒေါက်ခွရွက်၊ ခရမ်း ချဉ်သီး၊ ချယ်ရီခရမ်းချဉ်သီး၊ သခွားသီး၊ ပန်းငရုတ်ပွ၊ နက်တာ ရင်းမက်မွန်သီးတို့ဟာ ပိုးသတ် ဆေးအများဆုံးပါတဲ့ ၁၂ မျိုး ဖြစ် ပါတယ်။ အသန့်ရှင်းဆုံးစာရင်း ဝင်တာတွေကတော့ ထောပတ် သီး၊ ပြောင်းဖူး၊ နာနတ်သီး၊ ဂေါ် ဖီထုပ်၊ ကြက်သွန်နီ၊ ပဲပန်း၊ ကညွတ်၊ သရက်သီး၊ သငေ်္ဘာ သီး၊ ကီဝီသီး၊ ခရမ်းသီး၊ ဂရိတ် ဖရု၊ သခွားမသီး၊ သခွားမွှေး၊ ပန်းဂေါ်ဖီတို့ ဖြစ်တယ်လို့ သိရပါ တယ်။

ဘယ်သီးနှံမဆို ပိုးသတ်ဆေး နဲ့ မလွတ်နိုင်တာမို့ ဖြစ်နိုင်ရင်တော့အော်ဂဲနစ်အသီးအနှံတွေကိုသာ ရွေးချယ်စားသောက်မယ်ဆိုရင် တော့ အကောင်းဆုံးပါပဲ။


Credit : 7Day Daily



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top