iMyanmarHouse.com - Best Property Website for Myanmar
×

 ဒူးရင္းသီးလို ဒညင္းသီးလို တခ်ဳိ႕အသီးအႏွံေတြကို အနံ႔ေတာင္ မခံႏုိင္ေအာင္ မၾကိဳက္တဲ့လူေတြ အမ်ားၾကီးရွိတတ္ေပမဲ့ သရက္သီးကိုေတာ့ မၾကိဳက္ဘူးလုိ႔ဆိုတဲ့သူ ရွားမယ္ထင္ပါတယ္။ အဖိုးနည္းဝန္ပါျပီး အသီးေတြထဲမွာေတာင္ အေကာင္းဆုံးလုိ႔သတ္မွတ္ရတဲ့ သရက္သီးရဲ႕ အရသာကို လူတုိင္းသိသလုိ သရက္သီးရဲ႕ အက်ဳိးေက်းဇူးေတြကိုလည္း အားလုံးသိေအာင္ ေျပာျပခ်င္ပါတယ္။

သရက္သီးစားတဲ့သူေတြက အေကာင္းဆုံး ဓာတ္စာစားသုံးသူေတြျဖစ္ပါတယ္။
အာဟာရႏွင့္ အစားအေသာက္ဆုိင္ရာ သိပၸံဂ်ာနယ္ရဲ႕ သုေတသနျပဳခ်က္အရ အာဟာရျဖည့္စြက္စာ စားသုံးသူေတြနဲ႔ သရက္သီးစားတဲ့သူေပါင္း ၂၉၀၀၀ ကို ႏႈိင္းယွဥ္ၾကည့္တဲ့အခါမွာ သရက္သီးစားတဲ့သူေတြရဲ႕ အာဟာရဓာတ္ စုပ္ယူမႈႏႈန္း ပိုေကာင္းတာကုိေတြ႔ရွိရပါတယ္။ ပိုတက္ဆီယမ္ဓာတ္၊ အမွ်င္ဓာတ္ေတြ အမ်ားအျပားပါဝင္တာေၾကာင့္ ျပည့္ဝဆီလို လူ႔ခႏၶာကိုယ္ကုိ ဒုကၡေပးမဲ့ အဆီဓာတ္ေတြ၊ ေသြးတုိးေရာဂါနဲ႔ ေနာက္ဆက္တြဲေရာဂါေတြကုိ ျဖစ္ေစတဲ့ ဆုိဒီယမ္ဓာတ္ေတြကို ေလ်ာ့က်ေစျပီး က်န္းမာေရးကို သိသာစြာ အက်ဳိးျပဳပါတယ္။

Oklahoma ျပည္နယ္တကၠသုိလ္ရဲ႕ သုေတသနအရ သရက္သီးက အရုိးေတြ သန္မာေစဖုိ႔ကိုလည္း အေထာက္အကူျပဳေၾကာင္းေတြ႔ရွိရပါတယ္။
အဆီဓာတ္ စားသုံးမႈမ်ားတဲ့သူေတြ၊ အရုိးပြသူေတြအတြက္ အရုိးအဆစ္ေတြ အားျပည့္သန္မာလာေစဖုိ႔ အေကာင္းဆုံးအစားအစာထဲမွာ သရက္သီးက ထိပ္ဆုံးက ပါဝင္တယ္လို႔ ေဖာ္ျပထားပါတယ္။

သရက္သီးတစ္လုံးမွာ ဗီတာမင္နဲ႔ သတၱဳဓာတ္ ၂၀ ေက်ာ္ပါဝင္တာေၾကာင့္ အေကာင္းဆုံး အာဟာရတစ္ခုပါ။
သရက္သီးတစ္လုံးစာကတင္ ကၽြန္မတို႔ေန႔စဥ္လုိအပ္တဲ့ ဗီတင္မင္စီ ပမာဏကို ရာႏႈန္းျပည့္ျဖည့္စြက္နုိင္ျပီး ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္၊ သြား၊သြားဖုံးနဲ႔ အသားအေရလွပမႈ အားလုံးကုိ တုိးတက္ေကာင္းမြန္ေစႏုိ္င္ပါတယ္။ သတင္းေကာင္းတစ္ခုကေတာ့ သရက္သီးက ခ်ဳိတဲ့အရသာကိုေပးေပမဲ့ သရက္သီးတစ္လုံးမွာ ကယ္လိုရီ ၁၀၀ေလာက္သာပါပါတယ္တဲ့။

သရက္သီးကို အခ်ိဳပြဲအတြက္သာမကဘဲ ဟင္းခ်က္ရာ ေဆးေဖာ္စပ္ရာမွာလည္း သုံးႏုိင္ပါတယ္။
ဟင္းထဲထည့္ခ်က္တဲ့ အခါမွာ ထူးကဲတဲ့ အေရာင္အနံ႔အရသာကိုေပးႏုိင္သလို က်န္းမာေရးအတြက္ အက်ဳိးျပဳ ဗီတာမင္မ်ဳိးစုံနဲ႔ သတၱဳဓာတ္မ်ဳိးစုံပါတဲ့အတြက္ သရက္သီးက စြယ္စုံသုံးအသီးအနွံတစ္မ်ဳိးျဖစ္ပါတယ္။

Credit:Trend Myammar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ဒူးရင်းသီးလို ဒညင်းသီးလို တချို့အသီးအနှံတွေကို အနံ့တောင် မခံနိုင်အောင် မကြိုက်တဲ့လူတွေ အများကြီးရှိတတ်ပေမဲ့ သရက်သီးကိုတော့ မကြိုက်ဘူးလို့ဆိုတဲ့သူ ရှားမယ်ထင်ပါတယ်။ အဖိုးနည်းဝန်ပါပြီး အသီးတွေထဲမှာတောင် အကောင်းဆုံးလို့သတ်မှတ်ရတဲ့ သရက်သီးရဲ့ အရသာကို လူတိုင်းသိသလို သရက်သီးရဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးသိအောင် ပြောပြချင်ပါတယ်။

သရက်သီးစားတဲ့သူတွေက အကောင်းဆုံး ဓာတ်စာစားသုံးသူတွေဖြစ်ပါတယ်။
အာဟာရနှင့် အစားအသောက်ဆိုင်ရာ သိပ္ပံဂျာနယ်ရဲ့ သုတေသနပြုချက်အရ အာဟာရဖြည့်စွက်စာ စားသုံးသူတွေနဲ့ သရက်သီးစားတဲ့သူပေါင်း ၂၉၀၀၀ ကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ သရက်သီးစားတဲ့သူတွေရဲ့ အာဟာရဓာတ် စုပ်ယူမှုနှုန်း ပိုကောင်းတာကိုတွေ့ရှိရပါတယ်။ ပိုတက်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်တွေ အများအပြားပါဝင်တာကြောင့် ပြည့်ဝဆီလို လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးမဲ့ အဆီဓာတ်တွေ၊ သွေးတိုးရောဂါနဲ့ နောက်ဆက်တွဲရောဂါတွေကို ဖြစ်စေတဲ့ ဆိုဒီယမ်ဓာတ်တွေကို လျော့ကျစေပြီး ကျန်းမာရေးကို သိသာစွာ အကျိုးပြုပါတယ်။

Oklahoma ပြည်နယ်တက္ကသိုလ်ရဲ့ သုတေသနအရ သရက်သီးက အရိုးတွေ သန်မာစေဖို့ကိုလည်း အထောက်အကူပြုကြောင်းတွေ့ရှိရပါတယ်။
အဆီဓာတ် စားသုံးမှုများတဲ့သူတွေ၊ အရိုးပွသူတွေအတွက် အရိုးအဆစ်တွေ အားပြည့်သန်မာလာစေဖို့ အကောင်းဆုံးအစားအစာထဲမှာ သရက်သီးက ထိပ်ဆုံးက ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

သရက်သီးတစ်လုံးမှာ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၀ ကျော်ပါဝင်တာကြောင့် အကောင်းဆုံး အာဟာရတစ်ခုပါ။
သရက်သီးတစ်လုံးစာကတင် ကျွန်မတို့နေ့စဉ်လိုအပ်တဲ့ ဗီတင်မင်စီ ပမာဏကို ရာနှုန်းပြည့်ဖြည့်စွက်နိုင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်၊ သွား၊သွားဖုံးနဲ့ အသားအရေလှပမှု အားလုံးကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ သရက်သီးက ချိုတဲ့အရသာကိုပေးပေမဲ့ သရက်သီးတစ်လုံးမှာ ကယ်လိုရီ ၁၀၀လောက်သာပါပါတယ်တဲ့။

သရက်သီးကို အချိုပွဲအတွက်သာမကဘဲ ဟင်းချက်ရာ ဆေးဖော်စပ်ရာမှာလည်း သုံးနိုင်ပါတယ်။
ဟင်းထဲထည့်ချက်တဲ့ အခါမှာ ထူးကဲတဲ့ အရောင်အနံ့အရသာကိုပေးနိုင်သလို ကျန်းမာရေးအတွက် အကျိုးပြု ဗီတာမင်မျိုးစုံနဲ့ သတ္တုဓာတ်မျိုးစုံပါတဲ့အတွက် သရက်သီးက စွယ်စုံသုံးအသီးအနှံတစ်မျိုးဖြစ်ပါတယ်။


Credit:Trend Myammar




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top