iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးမွာ သင့္ခ်စ္သူက သင့္ကို မလိုအပ္ေတာ့ဘူးလို႔ သင္ခံစားမိတဲ့အခါ ေရြးခ်ယ္စရာက နည္းပါးလြန္းပါတယ္။ ဒီအတုိင္းဆက္ေနၿပီး အဲဒီဆုိးရြားလြန္းတဲ့ခစားခ်က္ႀကီးကို ႀကိတ္မွိတ္ခံမလား ဒါမွမဟုတ္ ထြက္သြားၿပီး ဘယ္ေတာ့မွ ေနာက္ျပန္လွည့္မၾကည့္ဘဲေနမလား။ ေရြးခ်ယ္မႈက သင့္အေပၚမွာပဲ မူတည္ပါတယ္။

သူ႔ကို ထားခဲ့လုိက္ပါလုိ႔ ေျပာဖုိ႔ကလြယ္ေပမဲ့ သင့္အတြက္ လုပ္ဖုိ႔ခက္တယ္ဆုိတာ သိပါတယ္။ ဒါေပမဲ့ သင္သိထားဖုိ႔ လုိတာက လူတစ္ေယာက္ သင့္ကို သေဘာက်လာေအာင္၊ သင္နဲ႔ အတူေနခ်င္ေအာင္ သင္လုပ္ယူလို႔ မရဘူးဆုိတာပါပဲ။ ဒါဆုိ သင္လုပ္ႏုိင္တာ ဘာရွိလဲ။ သင့္ကိုယ္သင္ပဲ ေျပာင္းလဲႏုိင္ပါတယ္။ သင့္ကိုယ္သင္ ခ်စ္ဖုိ႔ သင့္ကိုယ္သင္ တန္ဖိုးထားဖုိ႔လိုပါတယ္။
ကိုယ့္ကို မလိုအပ္ေတာ့ဘူးလုိ႔ ခံစားရတဲ့အခါ လူက စိတ္ဓာတ္ေတြက်လာမယ္။ လူတစ္ေယာက္ကို သင္ ေျပာင္းလဲလုိ႔ မရဘူးဆုိတာကို အရင္ဆံုး ေခါင္းထဲမွာ ေတြးထားဖုိ႔ လုိပါတယ္။ သူ႔ကို ေျပာင္းလဲလုိ႔မရေပမဲ့ သင့္ဘဝကိုသင္ ႀကိဳက္သလို (သူ႔ရဲ႕ဂ႐ုစိုက္မႈကို ရဖုိ႔ကလြဲရင္) ထုဆစ္ႏုိင္ပါတယ္။

ကိုယ့္ကို မလုိခ်င္ေတာ့တဲ့သူနဲ႔ ေဝးရာကို ထြက္သြားရတာ လြယ္ကူတဲ့ ကိစၥမဟုတ္ပါဘူး။ စိတ္ညစ္မယ္၊ စိုးရိမ္စိတ္ေတြေပၚမယ္။ ဒါဟာ ျဖစ္ေနက်ပါပဲ။ အခ်ိန္က ကုစားသြားမွာပါ။
ေနာက္ဆံုးအေနနဲ႔ သင္သိဖို႔လိုတာက သင့္ဘဝထဲ ဝင္လာသူေတြက သင့္ကို လိုအပ္ရမယ္၊ ခ်စ္ခင္ရမယ္။ တစ္ခါတေလမွာ ကိုယ္ေမွ်ာ္မွန္းသလို မျဖစ္ေပမဲ့ ဘာမွ စိတ္ဓာတ္က်စရာ မရွိပါဘူး။ ကိုယ့္ကိုကိုယ္ခ်စ္ပါ။ ေတာက္ပတဲ့အနာဂတ္က သင့္ကို ေစာင့္ႀကိဳေနမွာပါ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

အချစ်ရေးမှာ သင့်ချစ်သူက သင့်ကို မလိုအပ်တော့ဘူးလို့ သင်ခံစားမိတဲ့အခါ ရွေးချယ်စရာက နည်းပါးလွန်းပါတယ်။ ဒီအတိုင်းဆက်နေပြီး အဲဒီဆိုးရွားလွန်းတဲ့ခစားချက်ကြီးကို ကြိတ်မှိတ်ခံမလား ဒါမှမဟုတ် ထွက်သွားပြီး ဘယ်တော့မှ နောက်ပြန်လှည့်မကြည့်ဘဲနေမလား။ ရွေးချယ်မှုက သင့်အပေါ်မှာပဲ မူတည်ပါတယ်။

သူ့ကို ထားခဲ့လိုက်ပါလို့ ပြောဖို့ကလွယ်ပေမဲ့ သင့်အတွက် လုပ်ဖို့ခက်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ သင်သိထားဖို့ လိုတာက လူတစ်ယောက် သင့်ကို သဘောကျလာအောင်၊ သင်နဲ့ အတူနေချင်အောင် သင်လုပ်ယူလို့ မရဘူးဆိုတာပါပဲ။ ဒါဆို သင်လုပ်နိုင်တာ ဘာရှိလဲ။ သင့်ကိုယ်သင်ပဲ ပြောင်းလဲနိုင်ပါတယ်။ သင့်ကိုယ်သင် ချစ်ဖို့ သင့်ကိုယ်သင် တန်ဖိုးထားဖို့လိုပါတယ်။
ကိုယ့်ကို မလိုအပ်တော့ဘူးလို့ ခံစားရတဲ့အခါ လူက စိတ်ဓာတ်တွေကျလာမယ်။ လူတစ်ယောက်ကို သင် ပြောင်းလဲလို့ မရဘူးဆိုတာကို အရင်ဆုံး ခေါင်းထဲမှာ တွေးထားဖို့ လိုပါတယ်။ သူ့ကို ပြောင်းလဲလို့မရပေမဲ့ သင့်ဘဝကိုသင် ကြိုက်သလို (သူ့ရဲ့ဂရုစိုက်မှုကို ရဖို့ကလွဲရင်) ထုဆစ်နိုင်ပါတယ်။

ကိုယ့်ကို မလိုချင်တော့တဲ့သူနဲ့ ဝေးရာကို ထွက်သွားရတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ စိတ်ညစ်မယ်၊ စိုးရိမ်စိတ်တွေပေါ်မယ်။ ဒါဟာ ဖြစ်နေကျပါပဲ။ အချိန်က ကုစားသွားမှာပါ။
နောက်ဆုံးအနေနဲ့ သင်သိဖို့လိုတာက သင့်ဘဝထဲ ဝင်လာသူတွေက သင့်ကို လိုအပ်ရမယ်၊ ချစ်ခင်ရမယ်။ တစ်ခါတလေမှာ ကိုယ်မျှော်မှန်းသလို မဖြစ်ပေမဲ့ ဘာမှ စိတ်ဓာတ်ကျစရာ မရှိပါဘူး။ ကိုယ့်ကိုကိုယ်ချစ်ပါ။ တောက်ပတဲ့အနာဂတ်က သင့်ကို စောင့်ကြိုနေမှာပါ။


Credit : Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top