iMyanmarHouse.com - Best Property Website for Myanmar
×






Credit: trend Myanmar



#Unicode Version

ကော်ဖီဟာ သင့်ကို အိပ်ရေးပျက်စေနိုင်သလို သင်ဟာ အိပ်ယာထရင်လည်း ကော်ဖီ သောက်ရတာ များပါတယ်။ ဒါပေမယ့်လည်း ကော်ဖီကို အပြစ်မမြင်ပါနဲ့။

အမျိုးသမီး ၁၁၀၀ ခန့်ကို စမ်းသပ် စစ်တမ်းကောက်ယူခဲ့တဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့ကို ကော်ဖီ ၂ ခွက် သို့မဟုတ် ၂ ခွက်ထက် ပိုသောက်သုံးခြင်းဟာ ရင်သား ကင်ဆာရောဂါကို ခံစားနေရတဲ့ အမျိုးသမီး အယောက် ၅၀၀ ရဲ့ အသားပို ပြန်လည် ကြီးထွားမှုနှုန်းကို လျော့နည်း နှေးကွေးစေခဲ့တယ်လို့ သိရပါတယ်။

နေ့စဉ် Tamoxifen လို့ခေါ်တဲ့ ဆေးဝါးတစ်မျိုးနဲ့ ကော်ဖီ ၂ ခွက်ခန့် သောက်သုံးခြင်းဟာ အခြား ဆေဝါးကုသမှုကို ခံယူနေတဲ့ ရင်သားကင်ဆာ ဝေဒနာရှင်တွေထက် ပိုပြီး အသားပိုတွေကို သေးငယ်နေစေ သလို ဟော်မုန်းအချိုးအစားကိုလည်း လျော့ကျစေနိုင်ပါတယ်။

ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်း ၊ Caffeic အက်ဆစ်တို့ဟာ ခန္ဓာကိုယ် ရဲ့ ကင်ဆာရောဂါနဲ့ ချိတ်ဆက်နေမှုကို သက်ရောက်မှု ရှိနေပြီး အထူးသဖြင့် ကင်ဆာဆဲလ်တွေကို သေဆုံးမှု ပိုမိုများပြားလာစေသလို ထိုဆဲလ်တွေ ပြန်လည် ရှင်သန်လာမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။

ထိုလေ့လာမှုကိုတော့ ဆွီဒင်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေမှာ ရှိတဲ့ သုတေသီတွေက လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက စတင် လေ့လာနေခဲ့တာ ဖြစ်ပါတယ်။

Credit: trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top