iMyanmarHouse.com - Best Property Website for Myanmar
×
၁။ အဆိပ်အတောက်ပြေစေ
၂။ အစာခြေအားကောင်း
၃။ ဝမ်းမှန်
Credit : Duwun
Unicode Version
ရေနွေးသောက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီးရှိပါတယ်။ လည်ချောင်းနာ၊ အသံဝင်နေချိန်တွေမှာဆိုရင် ရေနွေးလေးသောက်ပေးတဲ့အခါ လည်ချောင်းနာတာ သက်သာလာပါတယ်။ ဒါတင်မက အခြားကောင်းကျိုးတွေလည်း ရှိပါသေးတယ်။
၁။ အဆိပ်အတောက်ပြေစေ
ခန္ဓာကိုယ်ထဲမှာ စုဝေးနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရေနွေးတစ်ဖန်ခွက်ကို ပျားရည်နဲ့ သံပရာသီးလေးရောပြီး မနက်တိုင်းသောက်ပေးမယ်ဆိုရင် ကိုယ်တွင်းကအဆိပ်တွေ ပြေသွားပါလိမ့်မယ်။
၂။ အစာခြေအားကောင်း
အစာစားပြီးပြီးချင်း ရေအေးအေးသောက်တာထက် ရေနွေးသောက်တာ ပိုပြီးအစာကြေပါတယ်။ ကိုယ်တွင်းက အစာခြေစနစ်ဟာ ရေနွေးကြောင့် ပိုမိုလုပ်ဆောင်အားကောင်းလာမှာပါ။
၃။ ဝမ်းမှန်
ရေနွေးကြောင့် အူရဲ့သွေးလည်ပတ်မှုကောင်းလာပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာတွေလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
၄။ နှာခေါင်းပိတ်တာသက်သာစေ
နှာစေး၊ နှာပိတ်တဲ့အခါ ရေနွေးလေးပဲသောက်ပါ။ လည်ချောင်းရော နှာခေါင်းထဲမှာပါ ရှင်းရှင်းလင်းလင်းဖြစ်သွားမှာဖြစ်လို့ နှာခေါင်းပိတ်တာ သက်သာစေပါလိမ့်မယ်။
Credit : Duwun
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top