iMyanmarHouse.com - Best Property Website for Myanmar
×

အသက္(၅၅)ႏွစ္ေအာက္ အရြယ္မ်ားသည္ ႏွလံုးတုိက္ခုိက္မႈ ျဖစ္ၿပီးသည့္ႏွစ္အတြင္း လိင္ပိုင္းဆိုင္ရာျပႆနာမ်ားႏွင့္ မၾကာခဏ ႀကံဳေတြ႕ရတတ္ေၾကာင္း အေမရိကန္ႏွင့္ စပိန္ႏုိင္ငံရွိ လူနာမ်ားကို ေလ့လာမႈတစ္ခုအရ သိရသည္။

ယခင္က လိင္ပိုင္းဆိုင္ရာျပႆနာမရွိေသာ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားစြာသည္ ႏွလံုးထိခုိက္မႈျဖစ္ပြားၿပီး ႏွစ္အနည္းငယ္အတြင္း လိင္ပိုင္းဆိုင္ရာျပႆနာတစ္ခု (သို႔မဟုတ္) တစ္ခုထက္ ပို၍ႀကံဳေတြ႕ရေသာ္လည္း အမ်ိဳးသမီးမ်ားသည္ ယင္းအေျခအေနမ်ားႏွင့္ ပတ္သက္၍ တိုင္ပင္ေဆြးေႏြးမႈပိုနည္းေၾကာင္း ခ်ီကာဂုိတကၠသုိလ္မွ သုေတသီအဖဲြ႕ေခါင္းေဆာင္ ေဒါက္တာစတာစီတက္ ဆလာလင္ဒူက ေျပာၾကားသည္။

လိင္ပုိင္းဆုိင္ရာျပႆနာမ်ားမရွိေသာ အမ်ိဳးသား ၅၅ ရာခုိင္ႏႈန္းႏွင့္ အမ်ိဳးသမီး ၄၀ ရာခုိင္ႏႈန္းသည္ ႏွလံုးေရာဂါျဖစ္ပြားၿပီး ေနာက္တစ္ႏွစ္အတြင္း သံုးပံုတစ္ပံုခန္႔သည္ ယင္းျပႆနာမ်ား ႀကံဳ ေတြ႕ၾကရၿပီး ယင္းႏွစ္ေနာက္ပုိင္းတြင္ ျပႆနာမ်ားမႀကံဳရေတာ့ဟု သုေတသီမ်ားက ေျပာသည္။

အေမရိကန္ႏုိင္ငံရွိ ေဆး႐ံုေပါင္း ၂၀၃ ခုႏွင့္ စပိန္ႏုိင္ငံရွိ ေဆး႐ံု ၂၄ ခုမွ လူနာေပါင္း ၂,၈၀၀ ေက်ာ္၏ အေျခအေနမ်ားကို ေလ့လာခဲ့ျခင္းျဖစ္သည္ဟု သုေတသီမ်ားကေျပာသည္။

ႏွလံုးထိခိုက္မႈျဖစ္ၿပီးေနာက္ ယခင္က လိင္ပုိင္းဆုိင္ရာျပႆနာ မရွိခဲ့ေသာ အမ်ိဳးသမီး (၄၂ ရာခုိင္ႏႈန္း)သည္ အမ်ိဳးသား (၃၁ ရာခုိင္ႏႈန္း)ထက္ပို၍ လိင္ပုိင္းဆိုင္ရာျပႆနာတစ္ခု (သို႔မဟုတ္) ယင္းထက္ပို၍ ႀကံဳေတြ႕ရေၾကာင္း သုေတသီမ်ားကေျပာသည္။

အမ်ိဳးသမီးမ်ားအတြက္ လိင္ကိစၥကို စိတ္၀င္စားမႈမရွိျခင္းမွာ ႀကံဳေတြ႕ရမႈအမ်ားဆံုးျပႆနာျဖစ္ၿပီး ႏွလံုးေရာဂါသည္ ယင္းအ ေျခအေန ၄၀ ရာခုိင္ႏႈန္း ႀကံဳေတြ႕ရေလ့ရွိသည္။ အမ်ိဳးသားမ်ားအေနျဖင့္ လိင္အဂၤါေထာင္မတ္ႏုိင္မႈအခက္အခဲ ႀကံဳေတြ႕ရသူ ၂၂ ရာခုိင္ႏႈန္းရွိၿပီး လိင္ကိစၥစိတ္၀င္စားမႈမရွိသူ ၁၉ ရာခုိင္ႏႈန္းရွိေၾကာင္း သိရသည္။

Credit : 7 day

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသက်(၅၅)နှစ်အောက် အရွယ်များသည် နှလုံးတိုက်ခိုက်မှု ဖြစ်ပြီးသည့်နှစ်အတွင်း လိင်ပိုင်းဆိုင်ရာပြဿနာများနှင့် မကြာခဏ ကြုံတွေ့ရတတ်ကြောင်း အမေရိကန်နှင့် စပိန်နိုင်ငံရှိ လူနာများကို လေ့လာမှုတစ်ခုအရ သိရသည်။

ယခင်က လိင်ပိုင်းဆိုင်ရာပြဿနာမရှိသော အမျိုးသား၊ အမျိုးသမီးများစွာသည် နှလုံးထိခိုက်မှုဖြစ်ပွားပြီး နှစ်အနည်းငယ်အတွင်း လိင်ပိုင်းဆိုင်ရာပြဿနာတစ်ခု (သို့မဟုတ်) တစ်ခုထက် ပို၍ကြုံတွေ့ရသော်လည်း အမျိုးသမီးများသည် ယင်းအခြေအနေများနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးမှုပိုနည်းကြောင်း ချီကာဂိုတက္ကသိုလ်မှ သုတေသီအဖွဲ့ခေါင်းဆောင် ဒေါက်တာစတာစီတက် ဆလာလင်ဒူက ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာပြဿနာများမရှိသော အမျိုးသား ၅၅ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်းသည် နှလုံးရောဂါဖြစ်ပွားပြီး နောက်တစ်နှစ်အတွင်း သုံးပုံတစ်ပုံခန့်သည် ယင်းပြဿနာများ ကြုံ တွေ့ကြရပြီး ယင်းနှစ်နောက်ပိုင်းတွင် ပြဿနာများမကြုံရတော့ဟု သုတေသီများက ပြောသည်။

အမေရိကန်နိုင်ငံရှိ ဆေးရုံပေါင်း ၂၀၃ ခုနှင့် စပိန်နိုင်ငံရှိ ဆေးရုံ ၂၄ ခုမှ လူနာပေါင်း ၂,၈၀၀ ကျော်၏ အခြေအနေများကို လေ့လာခဲ့ခြင်းဖြစ်သည်ဟု သုတေသီများကပြောသည်။

နှလုံးထိခိုက်မှုဖြစ်ပြီးနောက် ယခင်က လိင်ပိုင်းဆိုင်ရာပြဿနာ မရှိခဲ့သော အမျိုးသမီး (၄၂ ရာခိုင်နှုန်း)သည် အမျိုးသား (၃၁ ရာခိုင်နှုန်း)ထက်ပို၍ လိင်ပိုင်းဆိုင်ရာပြဿနာတစ်ခု (သို့မဟုတ်) ယင်းထက်ပို၍ ကြုံတွေ့ရကြောင်း သုတေသီများကပြောသည်။

အမျိုးသမီးများအတွက် လိင်ကိစ္စကို စိတ်ဝင်စားမှုမရှိခြင်းမှာ ကြုံတွေ့ရမှုအများဆုံးပြဿနာဖြစ်ပြီး နှလုံးရောဂါသည် ယင်းအ ခြေအနေ ၄၀ ရာခိုင်နှုန်း ကြုံတွေ့ရလေ့ရှိသည်။ အမျိုးသားများအနေဖြင့် လိင်အင်္ဂါထောင်မတ်နိုင်မှုအခက်အခဲ ကြုံတွေ့ရသူ ၂၂ ရာခိုင်နှုန်းရှိပြီး လိင်ကိစ္စစိတ်ဝင်စားမှုမရှိသူ ၁၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Credit : 7 day

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top