iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္းမွာ ကိုယ္လက္မခံႏိုင္တဲ့ အျပဳအမူေတြ၊ ဘဝပံုစံေတြ အနည္းနဲ႔ အမ်ားဆုိသလို ရွိေနတတ္ပါတယ္။ ဒါေပမဲ့ ကိုယ္တကယ္ခ်စ္ျမတ္ႏိုးသူ မွန္ရင္ ဒီလို စိတ္ပ်က္စရာအခ်က္ေတြကို သင္လက္ခံႏုိင္ဖို႔ ႀကိဳးစားမွာပါ။

၁။ သူ႔ရဲ႕စိတ္ပ်က္စရာ မိသားစု
သင့္ခ်စ္သူမွာ အာဏာအျမဲေပးတဲ့ မိခင္ ဒါမွမဟုတ္ ဖခင္ ရွိခ်င္ရွိမယ္။ အျမဲတမ္း မူးၿပီး ျပႆနာရွာတတ္တဲ့ အစ္ကိုတစ္ေယာက္ ရွိခ်င္ရွိမယ္။ အဲဒီလိုလူေတြကို ေအာ္ဟစ္ေမာင္းထုတ္ပစ္လိုက္ခ်င္ေပမဲ့ သင္တကယ္ခ်စ္မိၿပီဆုိရင္ အဆင္ေျပေအာင္ေနတတ္ဖို႔ နည္းလမ္းရွာမွာပါ။

၂။ သူ႔ရဲ႕ဆုိးရြားတဲ့ အိပ္စက္ပံု
သူဟာ အိပ္ရင္ ေဟာက္တတ္တဲ့သူ ဒါမွမဟုတ္ ေယာင္တတ္တဲ့သူ ဒါမွမဟုတ္္ တီဗီြဖြင့္ထားမွ အိပ္တတ္သူ ဒါမွမဟုတ္ အိပ္ရာတစ္ခုလံုး တစ္ေယာက္တည္းေမာင္ပိုင္စီးလိုသူ စတဲ့ အက်င့္ဆုိးတစ္ခုခု ပိုင္ဆိုင္ထားသူ ျဖစ္ေနႏုိင္ပါတယ္။ ပထမမွာေတာ့ တစ္ဘဝလံုး

ဘယ္ေတာ့မွ ေကာင္းေကာင္းအိပ္ရေတာ့မွာမဟုတ္ဘူးလို႔ သင္ထင္ေနမွာ မွန္ေပမဲ့ ေနာက္ပိုင္းမွာ သူေဘးမွာအိပ္ရမွ ကိုယ့္အိမ္မွာေနရသလို သင္ခံစားရပါလိမ့္မယ္။

၃။ သူ႔ရဲ႕ေရခ်ဳိးသန္႔စင္မႈပံုစံ
သူ သန္႔စင္ခန္းသံုးၿပီးရင္ နံေစာ္က်န္ခဲ့တာမ်ဳိးကို သင္စိတ္ပ်က္ေကာင္း ပ်က္မိမွာပါ။ ဒါေပမဲ့ သူကေတာ့ သင္ေေရခ်ိးခ်ိန္ ၾကာတာ၊ အလွအၾကာႀကီး ျပင္တာကို မၿငိဳမျငင္ရွိေနတဲ့အတြက္ သူ႔ရဲ႕ဒီအက်င့္ဆိုးကို သင္စိတ္ထဲမွာ မထားေတာ့ပါဘူး။

၄။ ေငြေၾကးသံုးစြဲမႈနဲ႔ ပတ္သက္ၿပီး အေတြးအျမင္မတူျခင္း
သင္က ပိုက္ဆံစုခ်င္ခ်ိန္မွာ သူက ေငြသံုးခ်င္တယ္။ ေငြေၾကးဟာ ဆက္ဆံေရးတုိင္းမွာ အဓိကျပႆနာႀကီးတစ္ရပ္ ျဖစ္ေနတတ္ပါတယ္။ ႏွစ္ေယာက္စလံုး ပိုက္ဆံအသံုးၾကမ္းသူေတြ ျဖစ္ေနသည့္တုိင္ သူသံုးခ်င္တဲ့ ေနရာမွာ သင္မသံုးခ်င္ပါဘူး။ ဒါေပမဲ့ သူလည္းေက်နပ္မယ့္ နည္းလမ္းေကာင္းကို သင္ရွာေဖြေတြ႕ရွိပါလိမ့္မယ္။

၅။ ရန္ျဖစ္ျခင္း
အရင္ရည္းစားေတြနဲ႔တုန္းက ရန္တစ္ခါျဖစ္တုိင္း ပိုပိုစိတ္ပ်က္လာခဲ့ေပမဲ့ သူနဲ႔က်ေတာ့ သင္အဲဒီလို မခံစားရပါဘူး။ သူမွားခ်င္မွားမယ္၊ သင္မွားခ်င္မွားမယ္ ဘယ္လို ျပႆနာပဲျဖစ္ျဖစ္ ရန္တစ္ခါျဖစ္ၿပီးတုိင္း တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈပိုရလာပါတယ္။

၆။ သူ႔ရဲ႕ဝတ္စားပံု
သင္နဲ႔ မေတြ႕ခင္က သူဘယ္လုိမ်ား ေနထိုင္ခဲ့ပါလိမ့္လို႔ ေတြးေနမိလိမ့္မယ္။ သူ႔ကို စူပါမားကတ္ေတြ ေခၚသြားၿပီး သူနဲ႔ လုိက္ဖက္ၾကည့္ေကာင္းမယ့္ အဝတ္္အစားေတြကို ဝယ္ေပးဖို႔ ႀကိဳးစားမယ္။ ဒါေပမဲ့ သူကေတာ့ အျမဲဝတ္ေနက် တီရွပ္အစုတ္ကိုပဲ ဝတ္ေနတုန္းပဲ။ ဒါေပမဲ့ သင္နဲ႔အတူ ေလွ်ာက္လည္ခ်င္ရင္ေတာ့ သင္ဆင္ေပးတဲ့ အဝတ္အစားေတြကို သင္စိတ္ေက်နပ္ေအာင္ ဝတ္လာလိမ့္မယ္။ ဒီလုိနဲ႔ပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈယူရပါတယ္။ ဒါမွသာ ေရရွည္ခုိင္ျမဲတဲ့အခ်စ္ ျဖစ္မွာေလ။

၇။ သူ႔ရဲ႕သူငယ္ခ်င္းေတြ
ေယာက္်ားေလးတုိင္းမွာ သူတုိ႔ရည္းစား ဘယ္လိုမွ ၾကည့္မရတဲ့ သူငယ္ခ်င္းတစ္ေယာက္ေတာ့ အျမဲရွိိပါတယ္။ ဒါေပမဲ့ သင္ တကယ္ခ်စ္မိၿပီဆုိရင္ သူသံေယာဇဥ္ရွိတဲ့ သူငယ္ခ်င္းကိုလည္း လက္ခံရပါေတာ့တယ္။

၈။ ေနမေကာင္းတဲ့အခါ ကေလးလိုျဖစ္သြားျခင္း
သူ႔ကို အဖ်ားတုိင္းေပးရတယ္၊ စြပ္ျပဳတ္ကိုယ္တုိင္တိုက္ရတယ္။ ကိုယ္နည္းနည္းပူတာနဲ႔ပဲ ေသေတာ့မယ့္လူမမာလုိ လုပ္ေနတတ္တဲ့သူ႔ကို စိတ္ရွည္ရွည္နဲ႔ သင့္မွာ ျပဳစုရျပန္ပါတယ္။

၉။ သူ႔ရဲ႕အားနည္းခ်က္ေတြ
လူတုိင္းမွာ အားနည္းခ်က္ေတြ၊ ျပစ္ခ်က္ေတြ ကိုယ္စီရွိတတ္ၾကပါတယ္။ သင္သာ သူ႔ကို တကယ္ခ်စ္တယ္ဆိုရင္ သူ႔ရဲ႕ျပစ္ခ်က္ေတြကိုပါ ခ်စ္တတ္သြားၿပီး သူ႔ရဲ႕ အားနည္းခ်က္ေတြအတြက္ သနားဂ႐ုဏာ ပိုမိပါလိမ့္မယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတိုင်းမှာ ကိုယ်လက်မခံနိုင်တဲ့ အပြုအမူတွေ၊ ဘဝပုံစံတွေ အနည်းနဲ့ အများဆိုသလို ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်တကယ်ချစ်မြတ်နိုးသူ မှန်ရင် ဒီလို စိတ်ပျက်စရာအချက်တွေကို သင်လက်ခံနိုင်ဖို့ ကြိုးစားမှာပါ။

၁။ သူ့ရဲ့စိတ်ပျက်စရာ မိသားစု
သင့်ချစ်သူမှာ အာဏာအမြဲပေးတဲ့ မိခင် ဒါမှမဟုတ် ဖခင် ရှိချင်ရှိမယ်။ အမြဲတမ်း မူးပြီး ပြဿနာရှာတတ်တဲ့ အစ်ကိုတစ်ယောက် ရှိချင်ရှိမယ်။ အဲဒီလိုလူတွေကို အော်ဟစ်မောင်းထုတ်ပစ်လိုက်ချင်ပေမဲ့ သင်တကယ်ချစ်မိပြီဆိုရင် အဆင်ပြေအောင်နေတတ်ဖို့ နည်းလမ်းရှာမှာပါ။

၂။ သူ့ရဲ့ဆိုးရွားတဲ့ အိပ်စက်ပုံ
သူဟာ အိပ်ရင် ဟောက်တတ်တဲ့သူ ဒါမှမဟုတ် ယောင်တတ်တဲ့သူ ဒါမှမဟုတ် တီဗွီဖွင့်ထားမှ အိပ်တတ်သူ ဒါမှမဟုတ် အိပ်ရာတစ်ခုလုံး တစ်ယောက်တည်းမောင်ပိုင်စီးလိုသူ စတဲ့ အကျင့်ဆိုးတစ်ခုခု ပိုင်ဆိုင်ထားသူ ဖြစ်နေနိုင်ပါတယ်။ ပထမမှာတော့ တစ်ဘဝလုံး

ဘယ်တော့မှ ကောင်းကောင်းအိပ်ရတော့မှာမဟုတ်ဘူးလို့ သင်ထင်နေမှာ မှန်ပေမဲ့ နောက်ပိုင်းမှာ သူဘေးမှာအိပ်ရမှ ကိုယ့်အိမ်မှာနေရသလို သင်ခံစားရပါလိမ့်မယ်။

၃။ သူ့ရဲ့ရေချိုးသန့်စင်မှုပုံစံ
သူ သန့်စင်ခန်းသုံးပြီးရင် နံစော်ကျန်ခဲ့တာမျိုးကို သင်စိတ်ပျက်ကောင်း ပျက်မိမှာပါ။ ဒါပေမဲ့ သူကတော့ သင်ေရေချိးချိန် ကြာတာ၊ အလှအကြာကြီး ပြင်တာကို မငြိုမငြင်ရှိနေတဲ့အတွက် သူ့ရဲ့ဒီအကျင့်ဆိုးကို သင်စိတ်ထဲမှာ မထားတော့ပါဘူး။

၄။ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး အတွေးအမြင်မတူခြင်း
သင်က ပိုက်ဆံစုချင်ချိန်မှာ သူက ငွေသုံးချင်တယ်။ ငွေကြေးဟာ ဆက်ဆံရေးတိုင်းမှာ အဓိကပြဿနာကြီးတစ်ရပ် ဖြစ်နေတတ်ပါတယ်။ နှစ်ယောက်စလုံး ပိုက်ဆံအသုံးကြမ်းသူတွေ ဖြစ်နေသည့်တိုင် သူသုံးချင်တဲ့ နေရာမှာ သင်မသုံးချင်ပါဘူး။ ဒါပေမဲ့ သူလည်းကျေနပ်မယ့် နည်းလမ်းကောင်းကို သင်ရှာဖွေတွေ့ရှိပါလိမ့်မယ်။

၅။ ရန်ဖြစ်ခြင်း
အရင်ရည်းစားတွေနဲ့တုန်းက ရန်တစ်ခါဖြစ်တိုင်း ပိုပိုစိတ်ပျက်လာခဲ့ပေမဲ့ သူနဲ့ကျတော့ သင်အဲဒီလို မခံစားရပါဘူး။ သူမှားချင်မှားမယ်၊ သင်မှားချင်မှားမယ် ဘယ်လို ပြဿနာပဲဖြစ်ဖြစ် ရန်တစ်ခါဖြစ်ပြီးတိုင်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပိုရလာပါတယ်။

၆။ သူ့ရဲ့ဝတ်စားပုံ
သင်နဲ့ မတွေ့ခင်က သူဘယ်လိုများ နေထိုင်ခဲ့ပါလိမ့်လို့ တွေးနေမိလိမ့်မယ်။ သူ့ကို စူပါမားကတ်တွေ ခေါ်သွားပြီး သူနဲ့ လိုက်ဖက်ကြည့်ကောင်းမယ့် အဝတ်အစားတွေကို ဝယ်ပေးဖို့ ကြိုးစားမယ်။ ဒါပေမဲ့ သူကတော့ အမြဲဝတ်နေကျ တီရှပ်အစုတ်ကိုပဲ ဝတ်နေတုန်းပဲ။ ဒါပေမဲ့ သင်နဲ့အတူ လျှောက်လည်ချင်ရင်တော့ သင်ဆင်ပေးတဲ့ အဝတ်အစားတွေကို သင်စိတ်ကျေနပ်အောင် ဝတ်လာလိမ့်မယ်။ ဒီလိုနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုယူရပါတယ်။ ဒါမှသာ ရေရှည်ခိုင်မြဲတဲ့အချစ် ဖြစ်မှာလေ။

၇။ သူ့ရဲ့သူငယ်ချင်းတွေ
ယောက်ျားလေးတိုင်းမှာ သူတို့ရည်းစား ဘယ်လိုမှ ကြည့်မရတဲ့ သူငယ်ချင်းတစ်ယောက်တော့ အမြဲရှိပါတယ်။ ဒါပေမဲ့ သင် တကယ်ချစ်မိပြီဆိုရင် သူသံယောဇဉ်ရှိတဲ့ သူငယ်ချင်းကိုလည်း လက်ခံရပါတော့တယ်။

၈။ နေမကောင်းတဲ့အခါ ကလေးလိုဖြစ်သွားခြင်း
သူ့ကို အဖျားတိုင်းပေးရတယ်၊ စွပ်ပြုတ်ကိုယ်တိုင်တိုက်ရတယ်။ ကိုယ်နည်းနည်းပူတာနဲ့ပဲ သေတော့မယ့်လူမမာလို လုပ်နေတတ်တဲ့သူ့ကို စိတ်ရှည်ရှည်နဲ့ သင့်မှာ ပြုစုရပြန်ပါတယ်။

၉။ သူ့ရဲ့အားနည်းချက်တွေ
လူတိုင်းမှာ အားနည်းချက်တွေ၊ ပြစ်ချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်။ သင်သာ သူ့ကို တကယ်ချစ်တယ်ဆိုရင် သူ့ရဲ့ပြစ်ချက်တွေကိုပါ ချစ်တတ်သွားပြီး သူ့ရဲ့ အားနည်းချက်တွေအတွက် သနားဂရုဏာ ပိုမိပါလိမ့်မယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top