iMyanmarHouse.com - Best Property Website for Myanmar
×

ေအာင္ရဲလင္းလို႕ဆိုလုိက္တာနဲ႕ အေျပာင္းအလဲမ်ိဳးစံုနဲ႕ေတြ႕ေနရၿပီး ဖက္ရွင္က်တဲ့ လူတစ္ေယာက္ကို ေျပးျမင္မိၾကမွာပါ။ ၂၀၁၅ ခုႏွစ္နဲ႕ ၂၀၁၆ ခုႏွစ္မ်ားဟာသူ႕ရဲ႕ဖက္ရွင္နဲ႕ေျပာင္းလဲမႈကို ပရိသတ္အမ်ား လက္ခံခဲ့ၾကတဲ့ႏွစ္ေတြလို႕ဆိုရင္လဲ မမွားပါဘူး။ ဖက္ရွင္နဲ႕ပတ္သက္ၿပီး ပိုက္ဆံမႏွေျမာေၾကာင္း ဖြင့္ဟလာတဲ့ ေအာင္ရဲလင္းက စၿပီးေျပာင္းလဲခါစနဲ႕ယွဥ္ရင္ အခုေနာက္ပိုင္း ပရိသတ္မ်က္လံုးထဲမွာ ပိုအသားက်လာတယ္လို႕ခံစားရေၾကာင္းကိုလဲ ေျပာျပလာပါေသးတယ္။ ဒါ့အျပင္ ဖက္ရွင္နဲ႕လုိက္ဖက္ေအာင္ ထုိးေလ့ရွိတဲ့ သူ႕ခႏၵာကိုယ္ေပၚက တက္တူးမ်ားနဲ႕ပတ္သက္ၿပီး ျပည့္စံုစြာေျပာျပလာသလုိ လက္ရွိမွာရို္က္ကူးျဖစ္ေနတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးအေၾကာင္းကိုပါျပည့္စံုစြာေျပာျပလာတဲ့ ေအာင္ရဲလင္းနဲ႕ေတြ႕ဆံုခုိက္

-အခုရုိက္ေနတဲ့ ကားၾကီးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

အခုရုိက္ေနတဲ့ကားက အခ်ိဳဆံုးအခ်စ္၊ အျပင္းဆံုးအဆိပ္တဲ့။ ဒါရုိက္တာက ကိုေဇာ္၊ မင္းသမီးက မအူ၀ဲရယ္၊ ပက္ထရစ္ရွာရယ္ပါ။ ဒီကားထဲမွာ ကၽြန္ေတာ္က ကားပြဲစားလဲလုပ္တယ္။ အလုပ္စံုလုပ္တယ္။ မအူ၀ဲက ကၽြန္ေတာ္ရဲ႕မမၾကီးေပါ့။

-ဒါၿပီးရင္ဘာေတြလက္ခံထားတာရွိဦးမလဲ။

ေလာေလာဆယ္ဘာမွေတာ့မရွိေသးဘူး။ ဒါေပမဲ့ ဦးခင္ေစာမ်ိဳးနဲ႕ရုိက္ဖို႕ရွိတယ္။ အဲ့ဒါကေတာ့ မရုိက္ခင္နည္းနည္းျပင္ဆင္စရာရွိတာေလးေတြျပင္ဆင္ရဦးမယ္။ အဲ့ဒါလဲကားၾကီးပါပဲ။

-ကားၾကီးေတြပဲရုိက္ျဖစ္ေနတာလား။ ဗီဒီယိုအေနနဲ႕ကေရာ။

ဗီဒီယိုလဲရုိက္ျဖစ္ပါတယ္။ ဟိုေန႕ကမွ စႏိုး၀ႈိက္ကရုိက္တဲ့ဗီဒီယိုကားေလးၿပီးသြားတာပါ။

-ဒါနဲ႕အေရွ႕မွာ အစ္ကုိ႕ပရိသတ္တစ္ေယာက္ေမြးေန႕အတြက္ birthday wish သြားလုပ္ေပးတဲ့ ဗီဒီယိုေလးက လူမႈကြန္ယက္ေပၚမွာ အေတာ္ေလး ပ်ံ႕ႏွံ႕သြားေသးတယ္ေနာ္။

အဓိကကေတာ့ ကၽြန္ေတာ့္သူငယ္ခ်င္းရဲ႕ေကာင္မေလးျဖစ္ေနလို႕ပါ။ ေကာင္မေလးကလဲ ကၽြန္ေတာ့ကို အားေပးပါတယ္။ အဲ့ဒီေကာင္မေလးနဲ႕ကၽြန္ေတာ္ကလဲ အရင္က Gym ေဆာ့ရင္းနဲ႕Summit မွာခင္တယ္။ ဒါေပမဲ့မေတြ႕တာလဲၾကာၿပီဆုိေတာ့ ကၽြန္ေတာ့္အေနနဲ႕အမွတ္တရေလးျဖစ္ေအာင္ လုပ္ေပးျဖစ္တာပါ။ ဒါေပမဲ့ေဖ့စ္ဘြတ္ေပၚတင္မယ္မွန္းလဲ မသိပါဘူး။ ဒါေပမဲ့တင္လိုက္တဲ့အခါမွာေတာ့ ၾကိဳက္တဲ့သူေတြလဲၾကိဳက္ၾကတာပဲ။ မၾကိဳက္တဲ့သူေတြလဲမၾကိဳက္ၾကဘူးေပါ့ေလ။ ဒါေပမဲ့ကၽြန္ေတာ့္အေနနဲ႕ကေတာ့ ေစတနာနဲ႕လုပ္ေပးလိုက္တာျဖစ္တဲ့အတြက္ အမွတ္တရျဖစ္ပါတယ္။

-တက္တူးနဲ႕ပတ္သက္ၿပီးေတာ့လဲ ေနာက္ထပ္အသစ္ထိုးဖုိ႕ရွိမရွိကုိသိခ်င္ပါေသးတယ္။

ကၽြန္ေတာ္ကေတာ့ ဘ၀နဲ႕ပတ္သက္တာေတြပဲထိုးမွာျဖစ္တဲ့အတြက္ေၾကာင့္ စိတ္ကူးထဲမွာေပၚလာရင္ေပၚလာသလိုထုိးမွာျဖစ္တဲ့အတြက္ ဘာထိုးမလဲဆိုတာကို ေသခ်ာမစဥ္းစားရေသးဘူး။ ဒါေပမဲ့ထိုးတာေတာ့ထိုးသြားမယ္။

-အစ္ကို႕တက္တူးေလးေတြကို အစ္ကို႕ကိုအားေပးေနတဲ့ ပရိသတ္ေတြ လိုက္ထိုးတာမ်ိဳးလဲရွိတယ္ဆိုေတာ့ အဲ့ဒီအေပၚ အစ္ကို႕ရဲ႕ Feeling ေလးကိုလဲသိခ်င္ပါတယ္။

ဘာပဲျဖစ္ျဖစ္၀မ္းသာတာေပါ့ဗ်ာ။ ဒါေပမဲ့ တစ္ခုေတာ့ရွိတာေပါ့။ မိန္းကေလးေတြအေနနဲ႕တက္တူးအရမ္းမ်ားသြားရင္လဲ မလိုက္တဲ့အတြက္ ကုိယ္ထိုးထားတဲ့အတိုင္း ကုိယ့္တက္တူးေလးေတြနဲ႕ဆင္တူလုိက္ထိုးထားတာကို ၀မ္းသာပါတယ္။  ကၽြန္ေတာ္ကိုယ္တုိင္လဲ ဘ၀နဲ႕ပတ္သက္တဲ့ဟာေလးေတြပဲ ကၽြန္ေတာ္ထိုးထားတာပါ။ ဒါေပမဲ့ တခ်ိဳ႕ဟာေတြၾကိဳက္တယ္ဆိုရင္လဲ ကုိယ့္ဘ၀နဲ႕ပတ္သက္တဲ့ဟာေတြပဲ လိုက္ထိုးေစခ်င္တယ္။ ကိုယ္နဲ႕မပတ္သက္ပဲ လိုက္ထိုးတဲ့အခါက်ေတာ့ သူတို႕အတြက္နစ္နာမွာစိုးလို႕ပါ။

-အစ္ကိုထိုးထားတဲ့ တက္တူးေတြနဲ႕အစ္ကုိ႕ေဘာ္ဒီနဲ႕ကလိုက္ဖက္ေနတာကိုေတြ႕ရတယ္ေပါ့။ တက္တူးတစ္ခုထိုးရင္ဘယ္လိုမ်ိဳးစဥ္းစားၿပီးထိုးျဖစ္လဲ။

တက္တူးဆရာေတြနဲ႕လဲတိုင္ပင္ျဖစ္တယ္။ ကိုယ့္အိုင္ဒီယာလဲကိုယ္ေျပာျပတယ္။ အမ်ားၾကီးပါပဲ။ တက္တူးကေတာ့ ဖ်က္လို႕မရတဲ့အရာျဖစ္တဲ့အတြက္ထိုးခါနီးဆုိ အမ်ားၾကီးစဥ္းစားရတယ္။ ေနာက္ကိုယ္ထိုးမဲ့ပံုနဲ႕ကုိယ့္ခႏၵာကိုယ္နဲ႕ကလိုက္မလိုက္ကၾကည့္ရေသးတယ္ေလ။ လုိက္ဖက္မွလဲ ထိုးလို႕ရတာေလ။ ပံုျဖစ္ၿပီးရင္ဆိုၿပီးထိုးရင္လဲ အဆင္မေျပျပန္ဘူး။ တက္တူးနဲ႕ဖက္ရွင္နဲ႕ကထိုးတဲ့ဟာက ကုိယ့္ဘ၀နဲ႕လဲသက္ဆုိင္သလို ဖက္ရွင္လဲက်ေနရမယ္ေပါ့။ ကိုယ္၀တ္မဲ့အ၀တ္အစားနဲ႕လဲလိုက္ဖက္တာမ်ိဳးျဖစ္ေနရမယ္။ အဲ့ဒါေၾကာင့္အဲ့ဒီလိုေလးစဥ္းစားၿပီးထုိးတာျဖစ္တဲ့အတြက္ ခဏခဏထုိးေနတာထက္စာရင္ အၾကာၾကီးေနမွတစ္ပံုထုိးတာေကာင္းပါတယ္။

-ဒီ ၂၀၁၅ ၊ ၂၀၁၆ ၀န္းက်င္းမွာဆုိရင္ အစ္ကုိ႕ဖက္ရွင္နဲ႕ပတ္သက္ၿပီး ပရိသတ္ရဲ႕အားေပးလက္ခံမႈကို အျပည့္အ၀ရခဲ့တယ္။ အရင္ကဆို အန္တီကစီစဥ္ေပးေနၾကဆိုေတာ့ အခုေရာ အန္တီပဲစီစဥ္ေပးတာပါ။ အစ္ကို႕ဟာအစ္ကိုစီစဥ္တာလား။ Stylist ေတြဘာေတြေရာရွိလား။

Stylist ေတာ့မရွိဘူးဗ်။ အရင္ကေတာ့အေမပဲတစ္ေယာက္တည္းစီစဥ္တာေပါ့။ အခုေနာက္ပိုင္းက်ေတာ့ ကၽြန္ေတာ္လဲစီစဥ္ျဖစ္တယ္။ ကၽြန္ေတာ္ကေတာ့ ဖက္ရွင္နဲ႕ပတ္သက္ရင္အျမဲေလ့လာတယ္။ ဖက္ရွင္ကို အျမဲလုိလိုသတိထားၿပီးၾကည့္ျဖစ္တယ္။ ဘယ္အရာပဲေတြ႕ေတြ႕ေလ့လာတယ္။ ေနာက္ေယာက်ား္ေလးျဖစ္တဲ့အတြက္ ေယာက်ာ္းဆန္တဲ့ ဖက္ရွင္ကိုပုိၿပီးေလ့လာျဖစ္တယ္။ ေနာက္ကၽြန္ေတာ္ႏုိင္ငံျခားအျမဲသြားတယ္။ ႏုိင္ငံျခားမွာလဲ အ၀တ္အစားဆုိၾကိဳက္ရင္၀ယ္တာပဲ။ ႏွေျမာတာေတြဘာေတြ သိပ္မရွိဘူး။ ဖက္ရွင္ကိုလုိက္တဲ့ သူေတြကေတာ့ အနည္းနဲ႕အမ်ားပုိက္ဆံကုန္ၾကတာပဲေလ။ အဲ့ဒီအတြက္ေတာ့ကၽြန္ေတာ္မနွေျမာပါဘူး။ ပံုစံလဲလံုး၀ေျပာင္းသြားတယ္။ ကိုယ္ကုိတုိင္ေလ့လာထားတဲ့ဟာေတြျဖစ္တဲ့အတြက္ယံုၾကည္မႈလဲပိုရွိတာေပါ့ေလ။ ဓာတ္ပံုေတြဘာေတြရုိက္တဲ့အခါမ်ိဳးမွာလဲ ေယာက်ာ္းဆန္တယ္။ ေယာက်ား္ပိုပီသလာတယ္။ ပိုၿပီးမိုက္လာတယ္။ အရင္ကထက္စာရင္ေတာ့ ကြဲသြားတယ္ေပါ့။

-အျမဲတမ္းေျပာင္းလဲမႈေတြျဖစ္ေနေအာင္ေရာ ဘယ္လိုမ်ိဳးေလးအားစိုက္ရတဲ့အပိုင္းေတြရွိမလဲ။

ကၽြန္ေတာ္ကိုယ္တိုင္ကိုက တီထြင္ဖန္တီးရတာကိုၾကိဳက္တယ္။ ၿပီးေတာ့ရုပ္ေျပာင္းရုပ္လႊဲကိုၾကိဳက္တယ္။ ရုပ္ကတသမတ္တည္း ရွိေနတာကိုမၾကိဳက္ဘူး။ ကၽြန္ေတာ္ကိုယ္တုိင္ကအဲ့ဒီလိုမ်ိဳးကိုၾကိဳက္တယ္။ ကိုယ့္ကိုကုိယ္မွန္ထဲၾကည့္မိတဲ့အခါ ရိုးေနၿပီဆိုရင္ ဒါေသခ်ာတယ္။ ကုိယ့္ဟာကိုယ္ေတာင္ရိုးမွေတာ့ ပရိသတ္လဲရိုးၿပီေပါ့။ မွန္ထဲၾကည့္လိုက္တဲ့အခ်ိန္မွာကိုယ့္ကိုကိုယ္ မရိုးေနဖို႕လိုတယ္။ ေျပာင္းလဲတဲ့အပိုင္းနဲ႕ပတ္သက္ၿပီးစေျပာင္းလဲကာစတုန္းကေတာ့ ေ၀ဖန္မႈေတြအရမ္းခံရတယ္။ ဒါေပမဲ့ေျပာင္းခါစမွာ အံမ၀င္တာမ်ိဳးကျဖစ္တတ္ပါတယ္။ ဒါေပမဲ့ေျပာင္းၿပီးေနာက္ပိုင္းမွာေတာ့ အံ၀င္လာတယ္။ ကိုယ္နဲ႕ဘယ္ဟာလိုက္လဲဆိုတာကိုပိုသိလာတယ္။

-ေဖ့စ္ဘြတ္လူမႈကြန္ယက္မွာက ေကာင္းတာေတြလဲရွိသလုိ ဆိုးတာေတြလဲရွိေတာ့ ဒီျမန္မာႏုိင္ငံကလူေတြသံုးတဲ့ ေဖ့စ္ဘြတ္လူမႈကြန္ယက္အေပၚ အစ္ကို႕အျမင္ေလးကုိလဲသိခ်င္ပါတယ္။

ကၽြန္ေတာ္ကေတာ့ ဘယ္လုိမွမျမင္တတ္ပါဘူး။ ဘာလို႕လဲဆုိေတာ့ လူတိုင္းလူတိုင္းမွာၾကိဳက္တယ္။ မၾကိဳက္ဘူးဆိုတာ ေျပာပိုင္ခြင့္ရွိၾကတာပဲေလ။ ၿပီးေတာ့ ကၽြန္ေတာ္တို႕အေနနဲ႕ခံယူထားတာကေတာ့ ကၽြန္ေတာ္လုပ္တဲ့အႏုပညာကို လူဆယ္ေယာက္မွာ ဆယ္ေယာက္စလံုးကလက္ခံႏုိင္တယ္ဆိုတာမျဖစ္ႏုိင္ဘူး။ လူဆယ္ေယာက္မွာ ေလးေယာက္ေလာက္ပဲၾကိဳက္ခ်င္ၾကိဳက္မယ္။ ငါးေယာက္ေလာက္ပဲၾကိဳက္ခ်င္ၾကိဳက္မယ္။ အဲ့ဒီထက္ပိုမ်ားလာရင္ ခုနစ္ေယာက္ၾကိဳက္ခ်င္ၾကိဳက္မယ္။ အဲ့ဒီထက္ပုိမ်ားလာရင္ရွစ္ေယာက္ၾကိဳက္ခ်င္ၾကိဳက္မယ္။ အဲ့ဒီလိုမ်ိဳးခံယူထားတဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္လုပ္ခ်င္တဲ့အရာကိုပဲဦးတည္ၿပီးလုပ္သြားတာေပါ့။ ေျပာင္းလဲသြားတာနဲ႕အမွ် ဒီဟာေျပာင္းလိုက္တဲ့အခ်ိန္မွာ ၾကိဳက္တဲ့သူလဲၾကိဳက္မယ္။ မၾကိဳက္တဲ့သူလဲမၾကိဳက္ဘူး။ အရင္ၾကိဳက္ေနတဲ့သူေတြလဲမၾကိဳက္တာမ်ိဳးရွိႏုိင္တယ္။ အရင္ကမၾကိဳက္ေသးတဲ့သူေတြလဲၾကိဳက္ရင္ၾကိဳက္သြားႏုိင္တယ္။ ဒီေဖ့စ္ဘြတ္နဲ႕ပတ္သက္ၿပီးေတာ့ ေျပာစရာမဘာမွမရွိပါဘူး။ အဓိကက ကၽြန္ေတာ္ခံယူထားတာေလးတစ္ခုပါပဲ။ ကၽြန္ေတာ္တုိ႕အႏုပညာအလုပ္ဆိုတာ ေ၀ဖန္တာလဲကၽြန္ေတာ္တို႕ခံရမွာပဲ။ ခ်ီးက်ဴးတာလဲခံရမွာပဲ။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ္တို႕လုပ္ေနတဲ့အလုပ္ကိုက အႏုပညာအလုပ္ျဖစ္ေနတာကိုး။ ဒီအလုပ္ဆိုတာ လူတိုင္းမၾကိဳက္ႏုိင္ဘူးေလ။

Credit : Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အောင်ရဲလင်းလို့ဆိုလိုက်တာနဲ့ အပြောင်းအလဲမျိုးစုံနဲ့တွေ့နေရပြီး ဖက်ရှင်ကျတဲ့ လူတစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်များဟာသူ့ရဲ့ဖက်ရှင်နဲ့ပြောင်းလဲမှုကို ပရိသတ်အများ လက်ခံခဲ့ကြတဲ့နှစ်တွေလို့ဆိုရင်လဲ မမှားပါဘူး။ ဖက်ရှင်နဲ့ပတ်သက်ပြီး ပိုက်ဆံမနှမြောကြောင်း ဖွင့်ဟလာတဲ့ အောင်ရဲလင်းက စပြီးပြောင်းလဲခါစနဲ့ယှဉ်ရင် အခုနောက်ပိုင်း ပရိသတ်မျက်လုံးထဲမှာ ပိုအသားကျလာတယ်လို့ခံစားရကြောင်းကိုလဲ ပြောပြလာပါသေးတယ်။ ဒါ့အပြင် ဖက်ရှင်နဲ့လိုက်ဖက်အောင် ထိုးလေ့ရှိတဲ့ သူ့ခန္ဒာကိုယ်ပေါ်က တက်တူးများနဲ့ပတ်သက်ပြီး ပြည့်စုံစွာပြောပြလာသလို လက်ရှိမှာရိုက်ကူးဖြစ်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကိုပါပြည့်စုံစွာပြောပြလာတဲ့ အောင်ရဲလင်းနဲ့တွေ့ဆုံခိုက်

-အခုရိုက်နေတဲ့ ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားက အချိုဆုံးအချစ်၊ အပြင်းဆုံးအဆိပ်တဲ့။ ဒါရိုက်တာက ကိုဇော်၊ မင်းသမီးက မအူဝဲရယ်၊ ပက်ထရစ်ရှာရယ်ပါ။ ဒီကားထဲမှာ ကျွန်တော်က ကားပွဲစားလဲလုပ်တယ်။ အလုပ်စုံလုပ်တယ်။ မအူဝဲက ကျွန်တော်ရဲ့မမကြီးပေါ့။

-ဒါပြီးရင်ဘာတွေလက်ခံထားတာရှိဦးမလဲ။

လောလောဆယ်ဘာမှတော့မရှိသေးဘူး။ ဒါပေမဲ့ ဦးခင်စောမျိုးနဲ့ရိုက်ဖို့ရှိတယ်။ အဲ့ဒါကတော့ မရိုက်ခင်နည်းနည်းပြင်ဆင်စရာရှိတာလေးတွေပြင်ဆင်ရဦးမယ်။ အဲ့ဒါလဲကားကြီးပါပဲ။

-ကားကြီးတွေပဲရိုက်ဖြစ်နေတာလား။ ဗီဒီယိုအနေနဲ့ကရော။

ဗီဒီယိုလဲရိုက်ဖြစ်ပါတယ်။ ဟိုနေ့ကမှ စနိုးဝှိုက်ကရိုက်တဲ့ဗီဒီယိုကားလေးပြီးသွားတာပါ။

-ဒါနဲ့အရှေ့မှာ အစ်ကို့ပရိသတ်တစ်ယောက်မွေးနေ့အတွက် birthday wish သွားလုပ်ပေးတဲ့ ဗီဒီယိုလေးက လူမှုကွန်ယက်ပေါ်မှာ အတော်လေး ပျံ့နှံ့သွားသေးတယ်နော်။

အဓိကကတော့ ကျွန်တော့်သူငယ်ချင်းရဲ့ကောင်မလေးဖြစ်နေလို့ပါ။ ကောင်မလေးကလဲ ကျွန်တော့ကို အားပေးပါတယ်။ အဲ့ဒီကောင်မလေးနဲ့ကျွန်တော်ကလဲ အရင်က Gym ဆော့ရင်းနဲ့Summit မှာခင်တယ်။ ဒါပေမဲ့မတွေ့တာလဲကြာပြီဆိုတော့ ကျွန်တော့်အနေနဲ့အမှတ်တရလေးဖြစ်အောင် လုပ်ပေးဖြစ်တာပါ။ ဒါပေမဲ့ဖေ့စ်ဘွတ်ပေါ်တင်မယ်မှန်းလဲ မသိပါဘူး။ ဒါပေမဲ့တင်လိုက်တဲ့အခါမှာတော့ ကြိုက်တဲ့သူတွေလဲကြိုက်ကြတာပဲ။ မကြိုက်တဲ့သူတွေလဲမကြိုက်ကြဘူးပေါ့လေ။ ဒါပေမဲ့ကျွန်တော့်အနေနဲ့ကတော့ စေတနာနဲ့လုပ်ပေးလိုက်တာဖြစ်တဲ့အတွက် အမှတ်တရဖြစ်ပါတယ်။

-တက်တူးနဲ့ပတ်သက်ပြီးတော့လဲ နောက်ထပ်အသစ်ထိုးဖို့ရှိမရှိကိုသိချင်ပါသေးတယ်။

ကျွန်တော်ကတော့ ဘဝနဲ့ပတ်သက်တာတွေပဲထိုးမှာဖြစ်တဲ့အတွက်ကြောင့် စိတ်ကူးထဲမှာပေါ်လာရင်ပေါ်လာသလိုထိုးမှာဖြစ်တဲ့အတွက် ဘာထိုးမလဲဆိုတာကို သေချာမစဉ်းစားရသေးဘူး။ ဒါပေမဲ့ထိုးတာတော့ထိုးသွားမယ်။

-အစ်ကို့တက်တူးလေးတွေကို အစ်ကို့ကိုအားပေးနေတဲ့ ပရိသတ်တွေ လိုက်ထိုးတာမျိုးလဲရှိတယ်ဆိုတော့ အဲ့ဒီအပေါ် အစ်ကို့ရဲ့ Feeling လေးကိုလဲသိချင်ပါတယ်။

ဘာပဲဖြစ်ဖြစ်ဝမ်းသာတာပေါ့ဗျာ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့။ မိန်းကလေးတွေအနေနဲ့တက်တူးအရမ်းများသွားရင်လဲ မလိုက်တဲ့အတွက် ကိုယ်ထိုးထားတဲ့အတိုင်း ကိုယ့်တက်တူးလေးတွေနဲ့ဆင်တူလိုက်ထိုးထားတာကို ဝမ်းသာပါတယ်။  ကျွန်တော်ကိုယ်တိုင်လဲ ဘဝနဲ့ပတ်သက်တဲ့ဟာလေးတွေပဲ ကျွန်တော်ထိုးထားတာပါ။ ဒါပေမဲ့ တချို့ဟာတွေကြိုက်တယ်ဆိုရင်လဲ ကိုယ့်ဘဝနဲ့ပတ်သက်တဲ့ဟာတွေပဲ လိုက်ထိုးစေချင်တယ်။ ကိုယ်နဲ့မပတ်သက်ပဲ လိုက်ထိုးတဲ့အခါကျတော့ သူတို့အတွက်နစ်နာမှာစိုးလို့ပါ။

-အစ်ကိုထိုးထားတဲ့ တက်တူးတွေနဲ့အစ်ကို့ဘော်ဒီနဲ့ကလိုက်ဖက်နေတာကိုတွေ့ရတယ်ပေါ့။ တက်တူးတစ်ခုထိုးရင်ဘယ်လိုမျိုးစဉ်းစားပြီးထိုးဖြစ်လဲ။

တက်တူးဆရာတွေနဲ့လဲတိုင်ပင်ဖြစ်တယ်။ ကိုယ့်အိုင်ဒီယာလဲကိုယ်ပြောပြတယ်။ အများကြီးပါပဲ။ တက်တူးကတော့ ဖျက်လို့မရတဲ့အရာဖြစ်တဲ့အတွက်ထိုးခါနီးဆို အများကြီးစဉ်းစားရတယ်။ နောက်ကိုယ်ထိုးမဲ့ပုံနဲ့ကိုယ့်ခန္ဒာကိုယ်နဲ့ကလိုက်မလိုက်ကကြည့်ရသေးတယ်လေ။ လိုက်ဖက်မှလဲ ထိုးလို့ရတာလေ။ ပုံဖြစ်ပြီးရင်ဆိုပြီးထိုးရင်လဲ အဆင်မပြေပြန်ဘူး။ တက်တူးနဲ့ဖက်ရှင်နဲ့ကထိုးတဲ့ဟာက ကိုယ့်ဘဝနဲ့လဲသက်ဆိုင်သလို ဖက်ရှင်လဲကျနေရမယ်ပေါ့။ ကိုယ်ဝတ်မဲ့အဝတ်အစားနဲ့လဲလိုက်ဖက်တာမျိုးဖြစ်နေရမယ်။ အဲ့ဒါကြောင့်အဲ့ဒီလိုလေးစဉ်းစားပြီးထိုးတာဖြစ်တဲ့အတွက် ခဏခဏထိုးနေတာထက်စာရင် အကြာကြီးနေမှတစ်ပုံထိုးတာကောင်းပါတယ်။

-ဒီ ၂၀၁၅ ၊ ၂၀၁၆ ဝန်းကျင်းမှာဆိုရင် အစ်ကို့ဖက်ရှင်နဲ့ပတ်သက်ပြီး ပရိသတ်ရဲ့အားပေးလက်ခံမှုကို အပြည့်အဝရခဲ့တယ်။ အရင်ကဆို အန်တီကစီစဉ်ပေးနေကြဆိုတော့ အခုရော အန်တီပဲစီစဉ်ပေးတာပါ။ အစ်ကို့ဟာအစ်ကိုစီစဉ်တာလား။ Stylist တွေဘာတွေရောရှိလား။

Stylist တော့မရှိဘူးဗျ။ အရင်ကတော့အမေပဲတစ်ယောက်တည်းစီစဉ်တာပေါ့။ အခုနောက်ပိုင်းကျတော့ ကျွန်တော်လဲစီစဉ်ဖြစ်တယ်။ ကျွန်တော်ကတော့ ဖက်ရှင်နဲ့ပတ်သက်ရင်အမြဲလေ့လာတယ်။ ဖက်ရှင်ကို အမြဲလိုလိုသတိထားပြီးကြည့်ဖြစ်တယ်။ ဘယ်အရာပဲတွေ့တွေ့လေ့လာတယ်။ နောက်ယောကျာ်းလေးဖြစ်တဲ့အတွက် ယောကျာ်းဆန်တဲ့ ဖက်ရှင်ကိုပိုပြီးလေ့လာဖြစ်တယ်။ နောက်ကျွန်တော်နိုင်ငံခြားအမြဲသွားတယ်။ နိုင်ငံခြားမှာလဲ အဝတ်အစားဆိုကြိုက်ရင်ဝယ်တာပဲ။ နှမြောတာတွေဘာတွေ သိပ်မရှိဘူး။ ဖက်ရှင်ကိုလိုက်တဲ့ သူတွေကတော့ အနည်းနဲ့အများပိုက်ဆံကုန်ကြတာပဲလေ။ အဲ့ဒီအတွက်တော့ကျွန်တော်မနှမြောပါဘူး။ ပုံစံလဲလုံးဝပြောင်းသွားတယ်။ ကိုယ်ကိုတိုင်လေ့လာထားတဲ့ဟာတွေဖြစ်တဲ့အတွက်ယုံကြည်မှုလဲပိုရှိတာပေါ့လေ။ ဓာတ်ပုံတွေဘာတွေရိုက်တဲ့အခါမျိုးမှာလဲ ယောကျာ်းဆန်တယ်။ ယောကျာ်းပိုပီသလာတယ်။ ပိုပြီးမိုက်လာတယ်။ အရင်ကထက်စာရင်တော့ ကွဲသွားတယ်ပေါ့။

-အမြဲတမ်းပြောင်းလဲမှုတွေဖြစ်နေအောင်ရော ဘယ်လိုမျိုးလေးအားစိုက်ရတဲ့အပိုင်းတွေရှိမလဲ။

ကျွန်တော်ကိုယ်တိုင်ကိုက တီထွင်ဖန်တီးရတာကိုကြိုက်တယ်။ ပြီးတော့ရုပ်ပြောင်းရုပ်လွှဲကိုကြိုက်တယ်။ ရုပ်ကတသမတ်တည်း ရှိနေတာကိုမကြိုက်ဘူး။ ကျွန်တော်ကိုယ်တိုင်ကအဲ့ဒီလိုမျိုးကိုကြိုက်တယ်။ ကိုယ့်ကိုကိုယ်မှန်ထဲကြည့်မိတဲ့အခါ ရိုးနေပြီဆိုရင် ဒါသေချာတယ်။ ကိုယ့်ဟာကိုယ်တောင်ရိုးမှတော့ ပရိသတ်လဲရိုးပြီပေါ့။ မှန်ထဲကြည့်လိုက်တဲ့အချိန်မှာကိုယ့်ကိုကိုယ် မရိုးနေဖို့လိုတယ်။ ပြောင်းလဲတဲ့အပိုင်းနဲ့ပတ်သက်ပြီးစပြောင်းလဲကာစတုန်းကတော့ ဝေဖန်မှုတွေအရမ်းခံရတယ်။ ဒါပေမဲ့ပြောင်းခါစမှာ အံမဝင်တာမျိုးကဖြစ်တတ်ပါတယ်။ ဒါပေမဲ့ပြောင်းပြီးနောက်ပိုင်းမှာတော့ အံဝင်လာတယ်။ ကိုယ်နဲ့ဘယ်ဟာလိုက်လဲဆိုတာကိုပိုသိလာတယ်။

-ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာက ကောင်းတာတွေလဲရှိသလို ဆိုးတာတွေလဲရှိတော့ ဒီမြန်မာနိုင်ငံကလူတွေသုံးတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ယက်အပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

ကျွန်တော်ကတော့ ဘယ်လိုမှမမြင်တတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းလူတိုင်းမှာကြိုက်တယ်။ မကြိုက်ဘူးဆိုတာ ပြောပိုင်ခွင့်ရှိကြတာပဲလေ။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ခံယူထားတာကတော့ ကျွန်တော်လုပ်တဲ့အနုပညာကို လူဆယ်ယောက်မှာ ဆယ်ယောက်စလုံးကလက်ခံနိုင်တယ်ဆိုတာမဖြစ်နိုင်ဘူး။ လူဆယ်ယောက်မှာ လေးယောက်လောက်ပဲကြိုက်ချင်ကြိုက်မယ်။ ငါးယောက်လောက်ပဲကြိုက်ချင်ကြိုက်မယ်။ အဲ့ဒီထက်ပိုများလာရင် ခုနစ်ယောက်ကြိုက်ချင်ကြိုက်မယ်။ အဲ့ဒီထက်ပိုများလာရင်ရှစ်ယောက်ကြိုက်ချင်ကြိုက်မယ်။ အဲ့ဒီလိုမျိုးခံယူထားတဲ့အတွက်ကြောင့် ကျွန်တော်လုပ်ချင်တဲ့အရာကိုပဲဦးတည်ပြီးလုပ်သွားတာပေါ့။ ပြောင်းလဲသွားတာနဲ့အမျှ ဒီဟာပြောင်းလိုက်တဲ့အချိန်မှာ ကြိုက်တဲ့သူလဲကြိုက်မယ်။ မကြိုက်တဲ့သူလဲမကြိုက်ဘူး။ အရင်ကြိုက်နေတဲ့သူတွေလဲမကြိုက်တာမျိုးရှိနိုင်တယ်။ အရင်ကမကြိုက်သေးတဲ့သူတွေလဲကြိုက်ရင်ကြိုက်သွားနိုင်တယ်။ ဒီဖေ့စ်ဘွတ်နဲ့ပတ်သက်ပြီးတော့ ပြောစရာမဘာမှမရှိပါဘူး။ အဓိကက ကျွန်တော်ခံယူထားတာလေးတစ်ခုပါပဲ။ ကျွန်တော်တို့အနုပညာအလုပ်ဆိုတာ ဝေဖန်တာလဲကျွန်တော်တို့ခံရမှာပဲ။ ချီးကျူးတာလဲခံရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လုပ်နေတဲ့အလုပ်ကိုက အနုပညာအလုပ်ဖြစ်နေတာကိုး။ ဒီအလုပ်ဆိုတာ လူတိုင်းမကြိုက်နိုင်ဘူးလေ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top